contact@pandaingmap.com

(+95) 9 764-231-193

MBA ကျောင်းသူ တစ်ဦး၏ အတွေ့အကြုံများ

MBA ကတော့ Master of Business Administration လို့ခေါ်တဲ့ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ပါ။ ကျွန်မ လက်ရှိ ကျောင်းတက်နေဆဲ ဖြစ်လို့ ကျွန်မသင်ပြီးသလောက် ဘာသာရပ်တွေ ထဲက အချို့နဲ့ ဆိုင်တဲ့ knowledge တွေကို ပြန်လည်မျှဝေပါရစေ။

Image Credit : http://www.nobeluniversity.edu/mba 

ကျွန်မက MBA ကျောင်းသူတစ်ယောက်ပါ။ ကျွန်မက MBA ကျောင်းသူတစ်ယောက်ပါ။ MBA ကတော့ Master of Business Administration လို့ခေါ်တဲ့ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ပါ။ ကျွန်မ လက်ရှိ ကျောင်းတက်နေဆဲ ဖြစ်လို့ ကျွန်မသင်ပြီးသလောက် ဘာသာရပ်တွေ ထဲက အချို့နဲ့ ဆိုင်တဲ့ knowledge တွေကို ပြန်လည်မျှဝေပါရစေ။

Organizational Management

အဖွဲ့အစည်း တစ်ခုကို အုပ်ချုပ်မှု နိုင်နင်းခြင်းဟာ ပညာရေးမှာရော စီးပွားရေးမှာပါ လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီအတွက်အကြောင့် ဝန်ထမ်းတွေကို အုပ်ချုပ်တဲ့နေရာမှာ ဆက်ဆံသွယ်ပြောဆိုတဲ့ ပုံစံနဲ့ နည်းစနစ်တွေဟာ သိပ်အရေးကြီးပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှု နဲ့ဓလေ့ ထုံးစံမတူနဲ့ အဖွဲ့အစည်း အချင်းချင်း ပြောဆို ဆက်ဆံရာမှာလည်း သက်ဆိုင်ရာ ယဉ်ကျေးမှုတွေကို နားလည်ထားမှလည်း လုပ်ငန်းလုပ်ရာမှာ ပိုမိုလွယ်ကူမှာပါ (ဥပမာ ပြောရရင် တချို့နိုင်ငံတွေမှာ နာမည်ကဒ်ကို အသက်လို တန်ဖိုးထားကြတာမျိုးနဲ့ တချို့နိုင်ငံသားတွေက သူတို့ရဲ့ First name ကို Mr./Ms တပ်ပြီးခေါ်တာ မကြိုက်သလိုမျိုး စတဲ့ ဓလေ့တွေပါ။) ဒါ့အပြင် နိုင်ငံ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပူးပေါင်းအလုပ်လုပ်ဖို့ စတင်တဲ့ အခါ PETL လို့ခေါ်တဲ့ Political, economical , technological, legal ဆိုင်ရာ ရှုထောင့်တွေကနေ အရင်ဆုံး သုံးသပ်ဖို့ လည်း သတိထားရပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ပြောင်းလဲနေတဲ့ သတင်းတွေကို တပြေးညီ သိနိုင်အောင် ကြိုးစားပြီး ကမ္ဘာအနှံ့ စီးပွားရေး ချိတ်ဆက်ရာမှာ ရှိသင့်တဲ့ ကျင့်ဝတ် (ethics) တွေ လိုက်နာခြင်းဖြင့် လုပ်ငန်းတစ်ခုဟာ ရေရှည် အကျိုးစီးပွားရေး အရရော၊ နာမည်ကောင်း တစ်ခုပါ ထိန်းသိမ်းပိုင်ဆိုင်နိုင်မယ်ဆိုတာကို သင်ယူရပါတယ်။

International Business Management 

အဖွဲ့အစည်းတွေ အတွင်းမှာ စီမံအုပ်ချုပ်ရတဲ့ အကြောင်းကို သင်ပြီးတဲ့ အချိန်မှာ နိုင်ငံတကာရော ပြည်တွင်းမှာပါ စီးပွားရေး လုပ်ငန်း အမျိုးမျိုးမှာ အုပ်ချုပ်စီမံရတဲ့ အကြောင်းကို သင်ယူရပါတယ်။ အဖွဲ့အစည်း တစ်ခုအတွင်းမှာပဲ ဘာသာနဲ့ လူမျိုးတွေ မတူတဲ့ အခါ ပြောဆိုဆက်ဆံရတဲ့ ပုံစံတွေ၊ အုပ်ချုပ်ပုံမတူတာတွေ သိလာရတဲ့ အပြင် သဘောတူညီမှုတွေ၊ စာချုပ်တွေ ချုပ်ဆိုရတဲ့ အခါမှာလည်း ညှိနှိုင်းရမှုတွေ၊ သဘောထား ကွဲပြားမှုတွေကို ကောင်းမွန်စွာ ထိန်းချုပ်ခြင်းအားဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ risk တွေကို ကိုင်တွယ်နိုင်နည်းတွေပါ သိလာရပါတယ်။ ဒီလိုသိလာခြင်းအားဖြင့် နိုင်ငံခြား ရင်းနှီးမှုတွေနဲ့ ပတ်သက်လာရတဲ့အချိန်မှာလည်း အဆင်ပြေစွာ ဆောင်ရွက်နိုင်မှာပါ။

Innovation

အုပ်ချုပ်မှု ယန္တရားတွေမှာ ပုံသေ နည်းစနစ်တွေ ရှိတယ်ဆိုပေမယ့် ယနေ့ ခေတ်မှာ အရမ်းလိုအပ်တဲ့၊ တကယ်လည်း ရှိသင့်တဲ့ ဆန်းသစ်မှုတွေ၊ တီထွင်ဖန်တီးမှုတွေ ကို စဉ်းစားတွေးခေါ်နည်းတွေ၊ သမားရိုးကျ လုပ်ငန်းအပေါ် စဉ်းစားပုံကနေ ခွဲထွက်တွေးခေါ်နိုင်မယ့် Out of the box thinking လို့ခေါ်တဲ့ ရှုထောင့်တွေအကြောင်း နားလည်ဖို့လည်း လိုအပ်ပါတယ်။ လူတွေဟာ ပြောင်းလဲတာကိုတော့ ကြိုက်တယ်၊ အပြောင်းအလဲပြုချင်ကြပေမယ့် ကိုယ်တိုင်ပြောင်းလဲရမှာကိုတော့ အလွယ်တကူ လက်မခံချင်ကြပါဘူး။ အပြောင်းအလဲကို လက်ခံနိုင်တဲ့ သတ္တိတစ်ခုရှိမှာသာ သူများထက် ထူးခြားတဲ့ လုပ်ငန်းတွေကို ဖန်တီးနိုင်မယ်ဆိုတဲ့ အသိထူးတစ်ခုကတော့ ဒီဘာသာတစ်ခုလုံးရဲ့ အဓိက အနှစ်သာရပါပဲ။ အပြောင်းအလဲကို လူတွေကြောက်ရတဲ့ အကြောင်းအရင်း တစ်ခုက ဖြစ်လာမယ့် အကျိုးဆက်ဟာ လူတွေအပေါ် မကောင်းတဲ့ သက်ရောက်မှု ဖြစ်မှာ စိုးရိမ်ကြလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Comfort zone လို့ခေါ်တဲ့ စိတ်ချရတဲ့ အခြေအနေ တစ်ခုမှာသာ နေနေလိုက်ကြတာဖြစ်ပါတယ်။ ပိုင်ဆိုင်သမ ျှ အရာ အားလုံး နဲ့ပတ်သက်ပြီး လက်မလွှတ်ချင်လို့သာ အပြောင်းအလဲကို ကြောက်ကြခြင်းဖြစ်ပါတယ်။ အပြောင်းအလဲ ပြုလုပ်တဲ့ အချိန်မှာ အရာတိုင်းဟာ စနစ်တကျဖြစ်လာချင်မှ ဖြစ်လာမယ်၊ ကသောင်းကနင်းတွေ ဖြစ်လာနိုင်ပေမယ့် ဒါကို ကျော်လွှားနိုင်ရင်ကိုပဲ Innovation ရဲ့ လမ်းစပေါ်ရောက်နေပါပြီ။ 

Accounting and Finance

စာရင်းအင်းပညာဆိုတာ လုပ်ငန်းတိုင်းမှာ မပါမဖြစ် ပါတဲ့ ဘာသာရပ်တစ်ခုပါ။ ဒါပေမယ့် လည်း ဒီပညာရပ်နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့သူတွေ၊ ဒီနယ်ပယ်မှာ လုပ်ကိုင်နေခြင်း မရှိတဲ့သူတွေအတွက် ခက်ခဲလှတဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။ Accounting မှာတော့ အခြေခံတွေဖြစ်တဲ့ Debit and Credit မှန်ကန်စွာ ထည့်သွင်းနည်း၊ Double entry ကို မှန်ကန်စွာ ရေးနည်းနဲ့ Budget ရေးဆွဲပုံတွေပါ သိလာရပါတယ်။
Finance ဘာသာရပ်မှာတော့ အခြေခံ အသုံးအနှုန်းတွေ အကြောင်းနဲ့ စီးပွားရေးမှာ မသုံးမဖြစ် အရေးပါတဲ့ financial ratio တွေအကြောင်းပါ သိရပါတယ်။ ဒီ ratio တွေ အကြောင်းကို ကောင်းမွန်စွာ သဘောပေါက်တဲ့ အခါမှာ ဘယ်လုပ်ငန်းမှာပဲ ဖြစ်ဖြစ် ငွေကြေးဆိုင်ရာ သုံးသပ်ချက်တွေနဲ့ ရှေ့ဆက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ အကြောင်းကို ပိုမို သုံးသပ်မှုတွေပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခုလက်ရှိ စိတ်ဝင်စားမှု များပြားလာတဲ့ stock နဲ့ ပတ်သက်တဲ့ ဖတ်ပုံ ဖတ်နည်းတွေလည်း သိလာရပါတယ်။

Marketing 

ပုံမှန်ဆိုရင် Marketing ဘာသာရပ်လို့ ပြောလိုက်ရင် marketing mix (4Ps), Marketing strategy (S, T, P, D) နဲ့ Marketing Plan တို့ကို အရင်ဆုံး သတိရကြမှာပါ။ ဒီမှာကတော့ ပုံမှန် သင်နေကြ Marketing ပုံစံမျိုး မဟုတ်ပဲ ပိုပြီး Innovative ဆန်တဲ့ သင်ကြားပုံမျိုးနဲ့ သင်ယူရပါတယ်။ ကြော်ငြာတစ်ခုကို မားကတ်တင်း အမြင်အရ မတူတဲ့နည်းလမ်းနဲ့ စဉ်းစားပုံတွေ၊ အနောက်တိုင်းနဲ့ အရှေ့တိုင်း စီးပွားရေး လုပ်ပုံ၊ Marketing ကို ကျင်လည်အောင် အသုံးပြုပုံတွေ ပါသင်ယူရပါတယ်။ အရှေ့မှာ ပြောခဲ့တဲ့ Innovation နဲ့ Marketing ကို ချိတ်ဆက် အသုံးပြုနိုင်မယ်ဆိုရင် လုပ်ငန်းရဲ့ အရေးပါတဲ့ ဒီကဏ္ဍဟာလည်း ဈေးကွက်မှာ ထူးခြားစွာ နေရာယူနိုင်စွမ်း ရှိလာမယ့် အကြောင်းလည်း လေ့လာရပါတယ်။


Entrepreneurship

စွန့်ဦးတီထွင်မှုဆိုတဲ့ အသုံးအနှုန်းကတော့ မြန်မာပြည်က စာဖတ်ပရိသတ်တွေနဲ့ စိမ်းတဲ့ စကားလုံး လုံးဝမဟုတ်တော့ပါဘူး။ ဘာလို့လဲတော့ အခုခေတ် စီးပွားရေးတွေဟာ ဆန်းသစ်မှု၊ လမ်းသစ်ထွင်မှုတွေအပေါ်မှာ ပိုပြီး အာရုံထားလာကြလို့ပါ။ အများစုကတော့ ဒါကို လုပ်ငန်းအသစ်တစ်ခု စတင်တယ်လို့ပဲ သိကြပေမယ့် Entrepreneuship ဘာသာကို သင်ရတဲ့ အချိန်မှာတော့ စွန့်ဦးတီထွင်မှုဆိုတာကို လုပ်ငန်းအသစ်တစ်ခု စတင်တာ တစ်ခုတည်းမဟုတ်ပဲ အခြားသော ပေါင်းစပ်မှုတွေ ပါဝင်ခြင်း၊ ရှိနှင့်ပြီးသား လုပ်ငန်း အမျိုးအစား တစ်ခုကို ပုံစံတစ်မျိုးနဲ့ တွေးခေါ်ပြီး ထူးခြားအောင် ပြုလုပ်ခြင်းနဲ့ စနစ်တကျ business plan တစ်ခုကို အချိန်တိုတိုနဲ့ ရေးဆွဲတတ်ဖို့ကလည်း အရေးကြီးကြောင်း သိလာခဲ့ရပါတယ်။

ဒါကတော့ ဘာသာရပ်အချို့အကြောင်းကို အနည်းငယ်စီ ရေးသား တင်ဆက် ထားတာဖြစ်ပါတယ်။ နောက်လတွေမှာလည်း ကျန်နေသေးတဲ့ ဘာသာရပ်တွေ အကြောင်းကို ပညာရေးရှုထောင့်ကနေ ရေးသားပါဦးမယ်။

Aurora
 

June 1, 2018 at 11:46 am