contact@pandaingmap.com

(+95) 9 764-231-193

ကိုယ်ပိုင်စွမ်းဆောင်ရည်မြှင့်တင်မှုအတွက် အကောင်းဆုံးသော လမ်းညွှန်မှု (၁၀) ခု

၁။ မိမိတွင် တာဝန်ရှိသည်ဟုယူဆ၍ လုပ်ဆောင်ခြင်းမျိုးကို စွန့်လွှတ်ပါ။
၂။ မိမိကိုယ်ကိုပြန်လည်ဆန်းစစ်ရန် အခြေအနေတစ်ခုဖန်တီးပါ။
၃။ နောက်ဆုံးအဖြေပေးဆုံးဖြတ်မည့်သူကို ရွေးချယ်ပါ။

ကိုယ်ပိုင်စွမ်းဆောင်ရည်မြှင့်တင်မှုအတွက် အကောင်းဆုံးသော လမ်းညွှန်မှု (၁၀) ခု
--------------------------------------------------------
၁။ မိမိတွင် တာဝန်ရှိသည်ဟုယူဆ၍ လုပ်ဆောင်ခြင်းမျိုးကို စွန့်လွှတ်ပါ။
၂။ မိမိကိုယ်ကိုပြန်လည်ဆန်းစစ်ရန် အခြေအနေတစ်ခုဖန်တီးပါ။
၃။ နောက်ဆုံးအဖြေပေးဆုံးဖြတ်မည့်သူကို ရွေးချယ်ပါ။
၄။ တနင်္ဂနွေနေ့ညတိုင်း လာမည့်တစ်ပတ်စာလုပ်ငန်းဆောင်တာများအား စီစဉ်ရေးဆွဲပါ။
၅။ သင့်အလုပ်အချိန်ဇယားတွင် အချိန်များသတ်မှတ်ပေးပါ။
၆။ လုပ်ဆောင်ရမည့် အလုပ်များစာရင်းတွင် အချိန်များသတ်မှတ်ပေးပါ။
၇။ အစည်းအဝေးပြုလုပ်ရာတွင် ကြာမြင့်မည့်အချိန်များကို လိုအပ်သည့်အတိုင်း တိကျစွာသတ်မှတ်ပါ။
၈။ အချိန်ပိုများအားအလွတ်မပေးဘဲ အသုံးချပါ။
၉။ မိသားစုအတွက် ကိုယ်ပိုင်အချိန်သီးသန့်ထားပါ။
၁၀။ ရည်မှန်းချက်များကို ချောမွေ့စွာ အကောင်အထည်ဖော်နိုင်အောင် စီစဉ်ပါ။

၁။ မိမိတွင် တာဝန်ရှိသည်ဟုယူဆ၍ လုပ်ဆောင်ခြင်းမျိုးကို စွန့်လွှတ်ပါ။

ကျွနု်ပ်တို့အားလုံးသည် မိမိတို့လုပ်သင့်သည်ဟု ယူဆသောအလုပ်တစ်ခုကို သာမန်ပင်လုပ်လိုက်လေ့ရှိကြသည်။ သင်သည် မိတ်ဆွေတစ်ဦးဦးက တောင်းဆိုသောကြောင့် သင်အမှန်တကယ်ဆက်စပ်မှုမရှိသော အလုပ်တစ်ခုအား ကူညီလုပ်ဆောင်ပေးကောင်းပေးမည်ဖြစ်သည်။ ပျော်ရွှင်ဖွယ်စားပွဲတစ်ခုအဖြစ် အမှန်တကယ်မခံစားမိဘဲ မိတ်ဆွေဟောင်းတစ်စုနှင့် အပတ်စဉ်နေ့လယ်စာကို တာဝန်တစ်ရပ်အနေနှင့် စားကောင်းစားနေမိမည်၊ သို့မဟုတ် ပြင်သစ်စကားကို အစပြုထားသောအရာတစ်ခုကို အဆုံး ထိလုပ်လိုသော စိတ်သက်သက်ဖြင့် ဆက်လက်သင်ကြား ကောင်းသင်ကြားနေမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ။ အလေ့အကျင့်တစ်ခုအရ၊ သို့မဟုတ် လုပ်သင့်သည်ဟု ခံစားမိသောကြောင့်၊ သို့မဟုတ် မည်ကဲ့သို့ရှောင်ထွက်ရမည်ကို မသိသောကြောင့် အလုပ်တစ်ခုအား လုပ်နေရသည့်အဖြစ်ကို တွေးကြည့်ပါ။ထိုအဖြစ်မှ ရုန်းထွက်ဖို့ကြိုးစားပါ။
မလုပ်မဖြစ်၍ လုပ်နေရသည့်အလုပ်ကို ရပ်ဆိုင်းလိုက်ခြင်း၊ စွန့်လွှတ်လိုက်ခြင်းကြောင့် ခေတ္တခံစားရသည့် နာကျင်မှု (အချို့ကိစ္စများတွင် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည်) တို့သည် ယာယီမျသာဖြစ်ပြီး မကြာမီ မှာပင် ကြီးမားသော စိတ်သက်သာရာရခြင်းကို ခံစားရမည်ဖြစ်သည်။
ထို့ပြင် သင့်အတွက်ပိုရလာသည့် အချိန်ဖြင့် သင်အမှန်တကယ်ယုံကြည်စိတ်ပါသည့် အလုပ်ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

၂။ မိမိကိုယ်ကိုပြန်လည်ဆန်းစစ်ရန် အခြေအနေတစ်ခုဖန်တီးပါ။

အသေးစားလုပ်ငန်းရှင်အများစုသည် ဝန်ထမ်းရေးရာများ၊ ဖောက်သည်များ၏တောင်းဆိုမှုများ၊ ဈေးကွက်အခြေအနေ စသည့်ကိစ္စရပ်များတွင် ပြန်လည်ဆန်းစစ်ကြခြင်းထက် အခြေအနေအတိုင်း ပြန်လည်တုံ့ပြန်သည့်အကြိမ်ကပိုများ ကြသည်။

ခေတ္တငြိမ်သက်စွာနေခြင်းဖြင့် တုံ့ပြန်မှုပြုခြင်းကို မိနစ် ၂၀၊ သို့မဟုတ် ၃၀ ခန့်ရွှေ့ဆိုင်းပေးပါ။ တံခါးပိတ်ထားလျက် ငြိမ်သက်စွာစဉ်းစားပါ။ လမ်းထွက် လျောက်နိုင်လျင်ပိုကောင်းသည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် သာမန်စဉ်းစားခြင်းထက်ပိုမို၍ အကြံကောင်းဉာဏ်ကောင်းများ ထွက်စေပါသည်။ သီတင်းတစ်ပတ်လျင် သုံးရက်ခန့် တစ်ရက်လျင် မိနစ် ၄၀ မျ လမ်းလျောက်ပါ။ ဦးနှောက်ဖွံ့ဖြိုးစေပြီး မှတ်ဉာဏ်တိုးတက်စေပါသည်။
သင်မရှိခိုက် ပြဿနာများဖြစ်မည်ကို စိတ်မပူ ပါနှင့်။ ကိစ္စရပ်အများစုသည် ယင်းတို့အလိုအလျောက် ပြေလည်သွားပေလိမ့်မည်။

၃။ နောက်ဆုံးအဖြေပေးဆုံးဖြတ်မည့်သူကို ရွေးချယ်ပါ။

ရှည်လျားသော ဆုံးဖြတ်ချက်များချမှတ်နေမည့်အစား ဆုံး ဖြတ်ချက်တစ်ခုတည်းချမှတ်ရန် ကြိုးစားပါ။ မည်သူ နောက်ဆုံးဆုံးဖြတ်မည်ဆိုသည်ကို ရွေးချယ်ပါ။
လုပ်ငန်းစဉ်နှောင့်နှေးသောကြောင့် ပစ္စည်းတင်ပို့ခြင်းကို အလျင်အမြန်ပြုဖို့ဆုံးဖြတ်ရန် မကြာမကြာ လိုအပ်သည်ဆိုပါစို့။ ဆုံးဖြတ်မည့်သူထံသွားနေရမည့်အစား လက်ရှိအဖွဲ့အစည်းထဲမှ တစ်စုံတစ်ဦးကို ထိုကိစ္စရပ်များတွင် ဆုံးဖြတ်ရန် ရွေးချယ်ပါ။ ပြီးလျင် ထိုသူအားလိုအပ်သည့် လမ်းညွှန်မှု၊ အချက်အလက်များ၊ အကြံဉာဏ် စသည်တို့ပေးပါ။ ထို့ နောက် ယင်းအားလွတ်လပ်စွာလုပ်ပိုင်ခွင့်ပေး၍ လွှတ်ထားလိုက်ပါ။ ပြင်ဆင်လမ်းညွှန်မှုပေးရန် လိုအပ်မှုရှိမရှိ မကြာမကြာစစ်ဆေးပါ။ ထိုနည်းဖြင့် သင့်အတွက် ပစ္စည်း တင်ပို့ခြင်းဆိုသည့် လတ်တလောဖြေရှင်းမှုအစား အဓိကပြဿနာဖြစ်သော လုပ်ငန်းကြန့်ကြာမှုအတွက် အဖြေရှာရန် အချိန်ရမည်ဖြစ်သည်။ လတ်တလော သင်ဆုံးဖြတ်ချက်ချပေးနေရသည့် ကိစ္စတိုင်းနီးပါးကို သင်ယုံကြည်စိတ်ချရသောသူများက ပြုလုပ်ပေးနိုင်ပေသည်။ ယင်းတို့အား ယုံကြည်စိတ်ချနိုင် ရန် သင့်ကိုယ်ကို မည်ကဲ့သို့လေ့ကျင့်ယူမည်နည်း။ ထိုသူတို့ကို သင်ကြားပေးပါ၊ လေ့ကျင့်ပေးပါ၊ လမ်းပြညွှန်ကြားပေးပါ။ သူတို့အား စိတ်ချနိုင်ပြီဖြစ်ကြောင်း သေချာအောင်လုပ်ပါ။ အချိန်ကျလာသည်နှင့် သင့်ဝန်ထမ်းများကို သူတို့နှင့် ထိုက်တန်သောလုပ်ပိုင်ခွင့်၊ အခွင့်အာဏာနှင့် တာဝန်များပေးအပ်ပါ။

၄။ တနင်္ဂနွေနေ့ညတိုင်း လာမည့်တစ်ပတ်စာလုပ်ငန်းဆောင်တာများအား စီစဉ်ရေးဆွဲပါ။

တနင်္ဂနွေညနေပိုင်းများတွင် သင့်အတွက်လာမည့်နှစ်များအတွင်း နှစ်စဉ်၊ လစဉ်လုပ်ဆောင်ရမည့် အရေးကြီးသော ရည်မှန်းချက်များရေးသားထားသည့်စာရင်းကို ကြည့်ရှုရင်း ပြန်လည်စိစစ်ခြင်းဖြင့် သင်၏တစ်ပတ်အတွင်းလုပ်ငန်းလည်ပတ်မှုအခြေအနေကို သုံးသပ်နိုင်ပေသည်။ ရေရှည်ရည်မှန်းချက်များသည် လတ်တလော အလျင်မလိုသေးသော်လည်း အရေးကြီးသည်ကတော့ အမှန်ပင်ဖြစ်သည်။ ထိုအချက်ကို သင်ဂရုမပြုခဲ့လျင် 'အရေးကြီး' သည့်အဖြစ်မှ 'အရေးပေါ်' အဖြစ်သို့ ရောက်သွားပေလိမ့်မည်။

သင့်ပြက္ခဒိန်ကိုကြည့်၍ တစ်ပတ်စာ အခြေအနေအား သုံးသပ်ခြင်းဖြင့် မည်သည့်နေ့ရက်၊ အချိန်များသည် အစည်းအဝေး၊ သို့မဟုတ် အခြားကိစ္စရပ်များနှင့် တိုက်ဆိုင်နေမည်ကို သိနိုင်မည်ဖြစ်သည်။ ထိုအချိန်များ အတွင်း သင်ပြီးမြောက်လိုသည့် အလုပ်များအား သင်လုပ်ဆောင်ရမည့်စာရင်းတွင် ထည့်သွင်းနိုင်မည်ဖြစ်သည်။

အဓိကအချက်မှာ သင့်တစ်ပတ်စာလုပ်ဆောင် စရာများကို စနစ်တကျစီစဉ်ပြီး၊ အတိအကျလိုက်နာနိုင် အောင်ကြိုးစားရန်ပင်ဖြစ်သည်။ ထိုသို့မပြုလုပ်လျင် သင့်အရေးကြီးလုပ်ဆောင်စရာများအစား အရေးပေါ်လုပ် စရာများဖြင့် အစားထိုးရလိမ့်မည်ဖြစ်သည်။

၅။ သင့်အလုပ်အချိန်ဇယားတွင် အချိန်များသတ်မှတ်ပေးပါ။

အစည်းအဝေးများနှင့် တွေ့ဆုံရန်ချိန်းဆိုချက်များကို လူတိုင်းအချိန်ဇယားဆွဲထားလေ့ရှိသည်။ နောက်တစ်ဆင့် ထပ်တိုး၍ သတ်မှတ်ထားသော အလုပ်တစ်ခုချင်းစီပြီး မြောက်ရမည့် အချိန်များကိုပါထည့်သွင်းရေးဆွဲပါ။

'အဆိုပြုချက်ရေးရန်' ၊ သို့မဟုတ် 'တင်ပြမှုအကြမ်းရေး ဆွဲရန်' သို့မဟုတ် 'ဈေးကွက်ရှာဖွေမှုလုပ်ငန်းများပြန် လည် စစ်ဆေးအတည်ပြုရန်' စသည်ဖြင့် သတ်မှတ်ချိန် များ ထည့်သွင်းပေးပါ။ ထိုအချိန်များကို ကြိုတင်စီစဉ်သတ်မှတ်ထည့်သွင်းခြင်းမပြုလျင် ယင်းအလုပ်များကို အမှတ်မထင် ကျော်လွှားသွားခြင်း၊ သို့မဟုတ် အခြားအလုပ်များဖြင့် ကြားဝင်အစားထိုးခြင်းများ ခံရနိုင်သောကြောင့် မျက် ခြည်ပြတ်သွားနိုင်သည်။ ထိုအခါ အရေးကြီးသောအလုပ် များ ပြီးမြောက်တော့မည်မဟုတ်ချေ။
၆။ လုပ်ဆောင်ရမည့် အလုပ်များစာရင်းတွင် အချိန်များသတ်မှတ်ပေးပါ။
လုပ်ရမည့်အလုပ်များစာရင်းရေးဆွဲထားပြီး၊ အချိန်မသတ် မှတ်လျင် မည်သို့ဖြစ်မည်နည်း။ သင်အမှန်တကယ် ပြီးမြောက်နိုင်သည့် အတိုင်းအတာထက် များပြားသောအလုပ်များ အမြဲတစေရေးဆွဲမိလေ့ရှိပြီး လုပ်ရမည့်အလုပ်များစာရင်း မဟုတ်တော့ဘဲ လုပ်လိုသည့် အလုပ်များစာ ရင်းများ ဖြစ်သွားလေ့ရှိသည်။ ယနေ့အတွက် ခြောက်နာရီကြာမြင့်မည့် အစည်းအဝေးနှင့် ရှစ်နာရီကြာလုပ်ဆောင်ရမည့်အလုပ်များရှိသည်ဆိုလျင်၊ ထိုအလုပ်များပြီးနိုင်မည် မဟုတ်ပေ။

အမှန်တကယ်ဖြစ်နိုင်သည့်အချိန်များ သတ်မှတ်ခြင်းက သင့်အားဦးစားပေးရွေးချယ်ရန် တွန်းအားပေးမည်ဖြစ်သည်။ လက်တွေ့ဖြစ်နိုင်သည့် အချိန်ဇယားရေးဆွဲခြင်း က သင့်အားလက်ရှိလုပ်နေသော အလုပ်ထဲတွင် အာရုံစိုက်နိုင်ရန် အထောက်အကူပြုပေလိမ့်မည်။ အလုပ်တစ်ခု သည် မိနစ် ၃၀ သာ ကြာသင့်သည်ဟု သိရသောအချိန်တွင် အခြားအာရုံပျက်ပြားစေမည့်အရာမှန်သမျကို လျစ်လျူရှု၊ ဖယ်ရှားပစ်ဖို့ အပြင်းအထန်ကြိုးစားတော့မှာဖြစ်သည်။

၇။ အစည်းအဝေးပြုလုပ်ရာတွင် ကြာမြင့်မည့်အချိန်များကို လိုအပ်သည့်အတိုင်း တိကျစွာသတ်မှတ်ပါ။

Calendar Software အား ပုံသေသတ်မှတ်ချိန်တစ်နာရီဖြင့် Default တီထွင်ခဲ့သူသည်၊ People-Hour (လုပ်အား-နာရီ)ပေါင်းသန်းနှင့်ချီ၍ ဖြုန်းတီးခဲ့သူဖြစ်သည်။ အကြောင်းအရာအများစုမှာ မိနစ် ၃၀ အတွင်း ပြီးမြောက်နိုင်ပေသည်။ အထူးသဖြင့် အစည်းအဝေးတက်ရောက်သူတိုင်းသည် အစည်းအဝေးလုပ်ရခြင်း၏ အကြောင်းရင်းကို ကောင်းစွာသဘောပေါက်ထားကြမည်ဆိုလျင် ထိုအစည်းအဝေးသည် ၁၅ မိနစ်သာကြာမြင့်မည်ဖြစ်သည်။

Calendar Tool ၏ ကြိုတင်သတ်မှတ်ချက်ကြောင့် ပင်ပန်းဒုက္ခမခံပါနှင့်။ သင်အမှန်တကယ်လိုအပ်သည်ဟု ယူဆမှသာလျင် ကြာမြင့်ချိန်ကို တစ်နာရီသတ်မှတ်ပါ။

၈။ အချိန်ပိုများအားအလွတ်မပေးဘဲ အသုံးချပါ။

အလုပ်ခွင်ဝင်သည့်ရက်များတွင် အချိန်ဆုံးရှုံးမှုအကြီးမားဆုံးမှာ လုပ်ငန်းခွင်နှင့် အိမ်အသွားအပြန်ကားမောင်း နေစဉ်နှင့်လေဆိပ်တွင် စောင့်ဆိုင်းနေရသောအချိန်များ ဖြစ်သည်။ ထိုအချိန်များအား မည်ကဲ့သို့ အသုံးပြုရမည်ကို သေချာစွာစဉ်းစားပါ။

သင့်တစ်နေ့တာကို ပြန်လည်စိစစ်ပါ။ ဆုံးရှုံးခဲ့သည့် အချိန်များအား ဖော်ထုတ်ပါ။ ထို့နောက် ယင်းအချိန်များကို မည်ကဲ့သို့အသုံးချရမည်ဆိုသည်ကို အစီအစဉ်ရေးဆွဲပါ။ အစွန်းအစအချိန်ပိုများဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အကျိုးရှိအောင်အသုံးချနိုင်သော အချိန်ပိုအစွန်းအစများဖြစ်နေသောကြောင့်ပေတည်း။

၈။ နေ့လယ်စာကို အကျိုးရှိအောင်အသုံးချပါ။
သင်နေ့လယ်စာစားသုံးချိန်သည် တစ်နာရီကြာမြင့်နိုင်သည်၊ သို့မဟုတ် နာရီဝက်၊ သို့မဟုတ် ဆယ်မိနစ်လည်း ဖြစ်နိုင်သည်။

မည်မျကြာမြင့်သည်ဖြစ်စေ ထိုအချိန်ကို မည်ကဲ့သို့ အသုံးချနေသည်ကို စဉ်းစားပါ။ သင့်စားပွဲတွင် တစ်ယောက်တည်း ထိုင်စားရင်း အလုပ်ဆက်လုပ်နေလိုသည် ဆိုလျင်လည်း ရှိစေတော့။ သို့သော် သင့်အားလပ်ချိန်ကို အမြတ်ထုတ်လိုသည်ဆိုလျင်တော့ နေ့လယ်စာစားချိန်သည် အချိန်ကို တစ်ပြိုင်တည်းအသုံးချဖို့ အကောင်း ဆုံးဖြစ်သည်။ သင်နေ့လယ်စာစားနေချိန်တွင် Network TV ကြည့်ရှုနိုင်သည်။ လူမှုဆက်ဆံရေးအတွက် အသုံးပြုနိုင်သည်။ လူတစ်ဦးတစ်ယောက်တည်းနှင့် နေ့စဉ်အတူစားခြင်းမဟုတ်လျင် သင့်ကုမ္ပဏီတွင်းရှိသူများနှင့် လူမှုဆက်ဆံရေးအလေ့အထတစ်ခု တည်ဆောက်နိုင်ပေသည်။

သီတင်းတစ်ပတ်လျင်နှစ်ရက် သင်နှင့်ကောင်းစွာ ရင်းနှီးမှုမရှိသေးသူများနှင့် နေ့လယ်စာအတူစားပါ။ သို့ မဟုတ် အတူလမ်းလျောက်ပါ။ သို့မဟုတ် ရင်းနှီးမှုတိုး တက်စေမည့် အရာတစ်ခုခုလုပ်ပါ။ တစ်ရက်လျင် တစ်နာ ရီ နေ့လယ်စာ စားသည်ဆိုပါစို့ တစ်ပတ်တွင် ငါးနာရီ ဖြစ်သည်။ ထိုအချိန်များအား မည်သို့အသုံးချသည်ကို စဉ်းစားကြည့်ပါ။ ထိုအချိန်အတွင်း သင်အလုပ်လုပ်ရန် မလိုအပ်ပါ။ သို့သော် ထိုအချိန်က သင့်အတွက် အလုပ် လုပ်နေပါစေ။ တစ်နည်းအားဖြင့် ထိုအချိန်ကို သင့်အ တွက် အကျိုးရှိအောင်အသုံးချပါ။

၉။ မိသားစုအတွက် ကိုယ်ပိုင်အချိန်သီးသန့်ထားပါ။

သင်သည် အလွန်အကျွံအလုပ်လုပ်သူတစ်ဦးဖြစ်သည် ဆိုပါစို့။ ထိုသို့ဖြစ်လျင် သင့်ညနေခင်းများအား အထူးသတိထားပါ။ သင်အလုပ်မှ အိမ်သို့ပြန်ရောက်သည်နှင့် မိသားစုအတွက် အချိန်ပေးပါ။ မိသားစုညနေစာကို အ တူစားပါ။ သင့်ကလေးများ အိမ်စာလုပ်ရာတွင် အကူအညီပေးပါ။ Phone ၊ Email စသည်တို့ အားလုံးပိတ်ထားပါ။

မိသားစုတိုင်းတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်ဆံရန် အကောင်းဆုံးအချိန်တစ်ခုစီရှိကြသည်။ ထိုအချိန်တွင် သင့်ကိုယ်ကို အားလပ်အောင် ကြိုတင်စီစဉ်မထားလျင် သင့်အလုပ်များနှင့် ပြန်လည်နစ်မျောတော့မည်ဖြစ် သည်။ သင့်အလုပ်နှင့် မိသားစု တစ်ခုခုရွေးချယ်ရတော့ မည်ဖြစ်သည်။ ဆိုလိုသည်မှာ Phone ဖြင့် စကားပြောခြင်း၊ စာပို့ခြင်းများ လုံးဝမပြုရန် ဖြစ်သည်။ မိသားစုနှင့်သာ အတူရှိနေရန်ဖြစ်သည်။

၁၀။ ရည်မှန်းချက်များကို ချောမွေ့စွာ အကောင်အထည်ဖော်နိုင်အောင် စီစဉ်ပါ။

အလုပ်တစ်ခုလုပ်နေစဉ် အခြားအလုပ်တချို့ကိုလည်း (ဒါလေးလုပ်နေတုန်း ဟိုဟာလေးပါ လုပ်လိုက်ရင် ပိုမ ကောင်းဘူးလား စသည်ဖြင့်) တစ်ပြိုင်တည်းလုပ်လိုစိတ် ဖြစ်ပေါ်တတ်သည်။ အလုပ်တစ်ခုကိုလုပ်ရန် ဆုံးဖြတ်ခြင်း သည် အရေးကြီးသည်မှာ မှန်ပါသည်။ သို့သော် အများ အားဖြင့် မည်သည့်အလုပ်ကို မလုပ်ဖို့ဆုံးဖြတ်ခြင်းက ပိုအရေးကြီးလေ့ရှိသည်။

ရာထူးနေရာတိုင်း၊ လုပ်ငန်းစီမံကိန်းတိုင်း၊ အစ ပျိုးမှုတိုင်းတွင် မူလရည်ရွယ်ချက်ရှိပြီး၊ ပါဝင်ပတ်သက် သူများ၏ ကြိုးစားအားထုတ်မှု ၉၀ ရာခိုင်နှုန်းသည်၊ ထိုမူရင်းရည်ရွယ်ချက်များ ပြီးမြောက်ရေးအတွက် ဖြစ် သင့်သည်။ အောင်မြင်မှုသည် ကြိုးစားအားထုတ်မှု အပေါ်အခြေခံသည်မှာ အသေအချာဖြစ်သည်။ သို့သော် အောင်မြင်မှုသည် အာရုံစူးစိုက်မှုအပေါ်တွင်လည်း မူ တည်သေးသည်။ အရံအထောက်အကူလုပ်ငန်းများကို ဘေးဖယ်ထား၍ အမှန်တကယ် အရေးကြီးသည့်အချက်ကို ဆက်လက်ဆောင်ရွက်ပါ။

လက်ရှိလုပ်ဆောင်နေသည့်လုပ်ငန်းအား ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ရုံသာမက နောက်လုပ်ငန်းစဉ်အတွက်ပါ အချိန်ပိုပေးနိုင်လိမ့်မည်ဖြစ်သည်။
Credit: CEO Myanmar
အောင်ကို (တောင်ငူ)


 

October 9, 2019 at 01:24 pm