contact@pandaingmap.com

(+95) 9 764-231-193

တက္ကသိုလ် ရွေးချယ်ရာတွင်

ဇွန် လရောက်ပြီ ဆိုတာနဲ့ ကျောင်း တွေလည်း ဖွင့်ပြီ။ အဲ့တာနဲ့ အတူ တက္ကသိုလ် ဝင်တန်း အောင်စာရင်း ကလည်း ထွက်တော့မယ်။

ဇွန် လရောက်ပြီ ဆိုတာနဲ့ ကျောင်း တွေလည်း ဖွင့်ပြီ။ အဲ့တာနဲ့ အတူ တက္ကသိုလ် ဝင်တန်း အောင်စာရင်း ကလည်း ထွက်တော့မယ်။ မြန်မာနိုင်ငံက ပညာရေးစနစ် ထုံးတမ်းစဉ်လာ အတိုင်း အမှတ်များပြီဆိုတာနဲ့ ဆေးကျောင်း၊ နည်းပညာ ကျောင်း အစရှိသဖြင့် စိတ်ဝင်စားသည် ဖြစ်စေ ဝါသနာ မပါသည် ဖြစ်စေ ရွေးချယ် ကြရသည်။  ပတ်ဝန်းကျင် ရဲ့ စေ့ဆော်မှူကြောင့် လည်းကောင်း မိဘဆွေမျိူးတို့ရဲ့ တိုက်တွန်းမှူကြောင့် လည်းကောင်း အခြေအနေအကြောင်းကြောင့်သော်လည်းကောင်း မချစ်သောလည်းအောင့်ကာနမ်း ဆိုသလို မကြိုက်ပေမယ့်လည်း တက်နေရတဲ့ တက္ကသိုလ် ကျောင်းသားတွေ အများကြီး ရှိပါတယ်။ အလုပ်ခွင်နဲ့ လားလားမျှ မဆိုင်တဲ့ မေဂျာတွေနဲ့ ကျေနပ်နေတဲ့ရသူတွေလည်း တစ်ပုံတစ်ပင်ကြီးပါပဲ။ ဒါကြောင့် ဆယ်တန်းအောင်ပြီးသား တက္ကသိုလ် မတက်ခင် မှာ သေချာ စဉ်းစား ဆုံးဖြတ်ဖို့လို ပါတယ်။ 

ဟုတ်ပါပြီ။ ဒါဆို ဘာတွေကို အများဆုံး ရွေးချယ် ကြပါသလဲ။
အမှတ်များတဲ့ သူတွေကတော့ ဆေးကျောင်း နဲ့ နည်းပညာ တက္ကသိုလ် က ပြေးမလွတ်ပါဘူး။ သွေးမြင်ရင်တောင် တုန်လှူပ်နေတတ်သော သူတစ်ယောက် က ဆရာဝန် ဖြစ်ဖို့ လွယ်ကူပါ့မလား။ ပုံဆွဲပျင်းသူတစ်ယောက်အတွက်လည်းအာခီတက်ခ် ကောင်း တစ်ယောက် မဖြစ်နိုင်ပါဘူး။ 
ဒီလိုပါပဲ။ 
အပြင် လျှောက်သွားနေရသည်ကို ကြိုက်တဲ့ သူရဲ့ အလုပ်ခွင်ဟာ အိမ်ထဲမှာပဲနေရတဲ့ အလုပ်မျိူး မဖြစ်သင့်သလို။ စူးစမ်း ရှာဖွေ လေ့လာရသောအလုပ်ကို တစ်သမတ်တည်း လုပ်တတ်သူက ဖြစ်မြောက်အောင် မလုပ်နိုင်ပါဘူး။

ကိုယ့်ဘဝလျှောက်လှမ်းမယ့် အလုပ် အတွက် အသက်မွေးဝမ်းကြောင်း တက္ကသိုလ် ရွေးချယ်မယ်ဆိုရင် 

ပထမဆုံး အနေနဲ့ ကိုယ့်ပုံစံ ကိုယ့်စရိုက် ကိုယ့် အခြေအနေ တွေကို ကိုယ်ကိုယ်တိုင် လေ့လာသုံးသပ်ကြည့်သင့်ပါတယ်။ 

ကိုယ် ရွေးချယ် မယ့် တက္ကသိုလ် က ကိုယ်နဲ့ ကိုက်ညီမှု ရှိရဲ့လား ။
ဥပမာအနေနဲ့ သမိုင်း မေဂျာရွေးချယ်ပြီဆိုပါစို့ ။ ကိုယ်တိုင်ကရော သမိုင်းကို စိတ်ဝင်စားရဲ့လား ဆိုတာ ကို ဆိုလိုပါတယ်။

ဒီတော့ မေးစရာရှိလာပါပြီ။

ကျွန်တော် ဘာကိုမှ စိတ်မဝင်စားပါဘူးဆိုတဲ့ အကြောင်းပြချက် ကို ဘယ်လို ရှင်းမလဲ။ 
ဘွဲ့ရဖို့အတွက် အလုပ်ခွင်ဝင်ဖို့အတွက်
တက္ကသိုလ် က တော့ မုချတက်ရမှာပါ။ ဒါကြောင့် ရွေးကိုရွေးရမှာပါ။ ဒါဆို ကိုယ်နဲ့ အဆင်ပြေတာ ကိုယ်စိတ်ဝင်စားတယ် ဆိုတာကို ဘယ်လို သိနိုင်မလဲ။

ငယ်ငယ်တည်းက လုပ်တတ်တဲ့ အကျင့် တွေကို ပြန်စဉ်းစားကြည့်ပါ။
ငယ်ငယ်တည်းက သဘာဝပတ်ဝန်းကျင် နဲ့ သစ်ပင် တွေ ကို ကြိုက်နှစ်သက်ခဲ့တယ် ဆိုပါစို့ ဒါဆို သဘာဝ ပတ်ဝန်းကျင်အကြောင်း လေ့လာတဲ့ မေဂျာကို ရွေးချယ်သင့်ပါတယ်။

နောက်ပြီး ကိုယ့်ရဲ့ ငယ်ငယ်တည်းက အခုချိန်ထိ အကျင့်စရိုက်တွေကို ပြန်သုံးသပ်ပါ။ ကိုယ်ဟာ အသစ်သစ်တွေကို စဉ်းစား တွေးခေါ် ဖန်တီး ရသည်ကို နှစ်ခြိုက်သည်ဆိုလျှင် လည်း အိုင်တီ နည်းပညာ ဆိုင်ရာ တက်က်နစ်ရှင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ကိုယ့်ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှူ ရှိတဲ့ အကြောင်းအရာ ဖြစ်မဖြစ် စုံစမ်းပါ။ ဆေးကျောင်း တက်ပြီ ဆိုပါစို့ ။ အကုန်အကျ  များလား မများဘူးလား။ အိမ်ကထောက်ပံ့ပေးနိုင်လား။ မထောက်ပံ့ပေးနိုင်ခဲ့ ရင် ကိုယ့်အနေနဲ့ ဘယ်လို ရင်ဆိုင် ဖြေရှင်း မလဲ ဆိုတာတွေပါ ထည့်စဉ်းစားရပါမယ်။ 

အဝေးသင် ရွေးချယ် မယ်ဆိုရင် လည်း ကိုယ့် ရဲ့ အလုပ်ခွင်ဟာ စီးပွားရေး နဲ့ ပတ်သက် ခဲ့လျှင်လည်း စီးပွားရေး ပညာဘာသာရပ် ကို ရွေးချယ် သင့်ပါတယ်။ 

အခုဆိုရင် ပရိုက်ဗိတ် သင်တန်းများ၊ အပြင်တက္ကသိုလ် များနှင့် နိုင်ငံခြား နဲ့ ချိတ်ဆက်ထားတဲ့ တက္ကသိုလ် များ စတဲ့ အခွင့်အလမ်း များစွာ ပေါ်နေပြီ ဖြစ်တာကြောင့် ကိုယ် အမှန်တကယ်ဝါသနာပြီး စိတ်ပါဝင်စားတဲ့ ပညာရပ်များ ဘာသာရပ်များကို လေ့လာသင်ယူနိုင်နေ ပြီ ဖြစ်ပါတယ်။ အထူးသဖြင့် အင်ဂျင်နီယာ ၊ နည်းပညာ ဆိုင်ရာ ဘာသာရပ် တွေနဲ့ စီးပွားရေး ဆိုင်ရာ ဘာသာရပ် စတဲ့ ဒစ်ပလိုမာ နဲ့ ဘွဲ့ တို့ပေးသော ကျောင်းများ အတော်ပင် ခေတ်စား များပြားလာပြီ ဖြစ်ပါတယ်။

အဲ့တော့ တက္ကသိုလ် ရွေးချယ်မယ်ဆိုရင်
တစ်-မိမိ ကိုယ်ကို ပြန်လည် သုံးသပ်ပါ ။
နှစ်-မိမိဘဝ ပတ်ဝန်းကျင် နှင့် လိုက်လျော ညီထွေ ကိုက်ညီမှု အရှိဆုံးကို ရွေးပါ
သုံး-ရွေးချယ်ထားတဲ့ တက္ကသိုလ် တွေကို အဆင့်သတ်မှတ်ပြီး တစ်ခု ချင်းစီရဲ့ လိုအပ်ချက် အားသာချက် အားနည်းချက် တွေကို စုံစမ်း မှတ်သား ပါ။
 ပြီးရင် တော့ ကိုယ် ကိုယ်တိုင် ရွေးချယ် ပါ။ လူကြီးမိဘတွေဆီက အကြံဉာဏ်လည်း အနည်းငယ် တောင်းသင့်ပါတယ်။

တကယ်လို့ ကိုယ်နှစ်သက်တဲ့အထူးပြု ဘာသာရပ် က အစိုးရ တက္ကသိုလ် တွေမှာ မမှီခဲ့ဘူး ဆိုရင်တော့ စကောလားရှစ် ပရိုဂရမ်ဖြင့် နိုင်ငံခြား တက္ကသိုလ် များကို လျှောက်ထားခွင့်ရနေပြီ ဖြစ်သလို ပုဂ္ဂလိက တက္ကသိုလ် များကလည်း ရင်ဘောင်တန်းနေပါပြီ။ အင်္ဂလိပ်စာ အခြေခံတက်မြောက်ထားဖို့တော့ လိုအပ်ပါတယ်။ ပုဂ္ဂလိက တက္ကသိုလ် တွေကို ငွေကြေး အမြောက် အများ ပေးပြီးတော့လည်း တက်ရောက်သူတွေ လည်း ရှိနေပါပြီ။ 

ဒီတော့ အဓိက ဆိုလိုချင်တာကတော့ သေချာ သုံးသပ်ပါ ၊ လေ့လာပါ ၊ ပြီးမှ ကိုယ်နဲ့ အသင့်တော်ဆုံး တက္ကသိုလ် ကို ရွေးချယ် ပါ။ မှန်ကန်သော လမ်းကြောင်းပေါ် သို့ အခက်အခဲ များစွာ ကျော်ဖြတ်ပြီး လျှောက်လှမ်းကာ အောင်မြင်မှု များ ပိုင်ဆိုင်နိုင်ကြပါစေ။ 

ရေးသားသူ - ကံသာ(သွား-ဆေး)

May 28, 2018 at 01:52 pm