contact@pandaingmap.com

(+95) 9 764-231-193

ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ရမယ့် သက်မွေး အင်္ဂလိပ်စာ • B.A(EPP) ဆိုတာဘာလဲ။

B.A (EPP) ဆိုတာ “အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်” (National Management Degree College)နဲ့ “ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန” တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ဘွဲ့ကြိုသင်တန်းတစ်ခုဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ရမယ့် 
သက်မွေး အင်္ဂလိပ်စာ 
• B.A(EPP) ဆိုတာဘာလဲ။
B.A (EPP) ဆိုတာ “အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်” (National Management Degree College)နဲ့ “ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန” တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ဘွဲ့ကြိုသင်တန်းတစ်ခုဖြစ်ပါတယ်။ အရှည်ကတော့ Bachelor of Arts (English for Professional Purposes) ဖြစ်ပါတယ်။ မြန်မာလိုပြောရင် “လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ၊ သက်မွေး အင်္ဂလိပ်စာ” လို့ပြောလို့ရပါတယ်။
EPP ဟာ Business Management ကိုကျောရိုးယူပြီး တည်ဆောက်ထားတဲ့ စီးပွားရေးစီမံခန့်ခွဲမှုပညာ+စီးပွားရေးအင်္ဂလိပ်စာ မေဂျာတစ်ခုဖြစ်ပါတယ်။
သင်တန်းကာလက (၄) နှစ်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် အသိအမှတ်ပြု B.A (EPP) ဘွဲ့ကိုရရှိမှာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန၊ ပင်လုံဆောင်မှာ တက်ရမှာဖြစ်လို့ သမိုင်းထဲက ဂန္တဝင်ဆန်တဲ့ ကံ့ကော်မြေမှာ တက္ကသိုလ်အရသာကို အပြည့်အဝ ခံစားရမှာဖြစ်ပါတယ်။
• B.A (EPP) မှာဘာတွေသင်ရတာလဲ။
EPP မှာသင်ရတဲ့ ဘာသာရပ်တွေကို လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ နဲ့ Business Management ဆိုပြီး (၂) ပိုင်း ခွဲခြားလို့ရပါတယ်။ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာဆိုတာ အင်္ဂလိပ်စကားပြောရတဲ့ လုပ်ငန်းခွင်တွေမှာ ထိထိရောက်ရောက် ရေးသားပြောဆိုနိုင်ဖို့အတွက် လိုအပ်တဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုကို သင်ပေးတာပါ။ Business Management ကတော့ စီးပွားရေးစီမံခန့်ခွဲမှုပြုလုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။
လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး သင်ရတဲ့ ဘာသာရပ်တွေကတော့
• English for Business
• Communicative Skills
• English Pronunciation for Clear Communicaiton
• English in the Media
• Presentation and Public Speaking Skills
• English for Meetings
• English for Negotiation
• Translation and Interpretation
• Introduction to Pragmatics
• Research Paper Writing တို့ဖြစ်ပါတယ်။
သင်တဲ့အခါမှာလည်း နိုင်ငံတကာမှာအောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေအကြောင်း၊ နိုင်ငံတကာကုမ္ပဏီတွေမှာ ဖြစ်ပျက်နေတဲ့ လက်တွေ့ဖြစ်ရပ်တွေကို အခြေခံပြီးသင်ကြားရတာမို့ Business Concept တွေနဲ့ English စာစွမ်းရည်တွေကိုပါ တစ်ခါတည်းရရှိမှာပါ။
Business Management အတွက်သင်ရတဲ့ ဘာသာရပ်တွေကတော့
• Introduction to Business
• Introduction to Management
• Accounting and Finance
• Business Statistics
• Human Resource Management
• Strategic Management
• Macroeconomics Environment
• Operation Management/ Marketing Management
• International Business Management
• Management Information Systems
• Financial Management
• Business Law
• B.A (EPP) ဘွဲ့ရရင် ဘယ်လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်လို့ရလဲ။
အပေါ်မှာပြောခဲ့သလိုပဲ EPP ဟာ အင်္ဂလိပ်စာ သီးသန့်မဟုတ်ပဲ စီမံခန့်ခွဲမှုလုပ်ရင်လိုအပ်တဲ့ ဘာသာရပ်တွေကိုပါသင်ကြားရတာမို့ ဘယ်လုပ်ငန်းခွင်မဆို ဝင်ရတာအဆင်ပြေပါတယ်။
အဲ့တာကြောင့် EPP ပြီးရင်ဘာလုပ်လို့ရလဲဆိုတာထက် ကိုယ်တိုင်က ဘာလုပ်ချင်လဲ၊ ဘာဝါသနာပါလဲဆိုတာ ပိုအရေးကြီးပါတယ်။
Administration, Marketing, Finance, HR, Advertising, PR စတဲ့နယ်ပယ်တွေမှာ စီမံခန့်ခွဲမှုဆိုင်ရာထူးတွေနဲ့ နာမည်ကြီး နိုင်ငံတကာကုမ္ပဏီကြီးတွေမှာ အလုပ်ဝင်နေ သူတွေလည်း အများအပြားရှိပါတယ်။
NGO ပိုင်း တွေမှာ လုပ်နေတဲ့သူတွေလည်းရှိသလို သံရုံးတွေ နိုင်ငံခြားရေးရုံးတွေမှာ အလုပ်လုပ်နေတဲ့သူတွေလဲရှိနေတာမို့ ဒီမေးခွန်းရဲ့အဖြေက လူတစ်ယောက်ချင်းစီရဲ့ ဝါသနာအပေါ် လုံးလုံးမူတည်နေပါတယ်။
• EPP ကို ဘာကြောင့် တက်သင့်တာလဲ။
ကမ္ဘာကြီးဟာရွာကြီးတစ်ရွာဖြစ်လာနေတဲ့အချိန်မှာ လူမျိုးမတူ၊ ဘာသာစကားမတူတဲ့သူတွေနဲ့ အလုပ်လုပ်ကိုင်ဆောင်ရွက်ရပါတယ်။
နိုင်ငံတကာနဲ့ရင်ဘောင်တန်းဖို့ ကြိုးစားနေရချိန်၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများလာတဲ့အချိန်မှာ အင်္ဂလိပ်စာဟာ တတ်ကိုတတ်ထားရမယ့် ဘာသာစကားတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ ဆန်းသစ်တဲ့ အတွေးအခေါ် အယူအဆတွေကို တိုင်းတစ်ပါးက လုပ်ငန်းရှင်တွေကို ချပြနိုင်ဖို့၊ သင့်ရဲ့နိုင်ငံခြားသားလုပ်ဖော်ကိုင်ဖက်တွေကို ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်ဖို့ Business English ကအလွန်ပဲအရေးပါပါတယ်။
အင်္ဂလိပ်စာသီးသန့် မဟုတ်ပဲ သိကိုသိထားရမယ့် စီးပွားရေးစီမံခန့်ခွဲမှု ဘာသာရပ်တွေကိုပါ ထည့်သွင်းသင်ကြားတာမို့ သေချာလေ့လာနိုင်မယ်ဆိုရင် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု ပိုင်းဆိုင်ရာရော Management (စီမံခန့်ခွဲမှု) ပိုင်းဆိုင်ရာပါ ပြင်ဆင်ပြီးသားဖြစ်သွားမှာပါ။
အလုပ်သင် (Internship) အစီအစဉ်တွေလည်းရှိတာမို့ သင်ရိုးပြင်ပ ဗဟုသုတနဲ့ လုပ်ငန်းအတွေ့အကြုံတွေကိုလည်းရရှိဦးမှာ ဖြစ်ပါတယ်။
• စာသင်ရတဲ့ ပတ်ဝန်းကျင်အနေအထားက ဘယ်လိုရှိလဲ။
ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန ပင်လုံဆောင် မှာတက်ရပါတယ်။ စာသင်ခန်းတွေကလည်း သပ်သပ်ရပ်ရပ်ရှိပြီး လေဝင်လေထွက်ကောင်းပါတယ်။ Overhead Projector ၊ Computer ၊ Speaker စတဲ့ သင်ထောက်ကူပစ္စည်းတွေလည်း ပြည့်ပြည့်စုံစုံ ထောက်ပံ့ပေးထားပါတယ်။
ကျောင်းတွင်း ပျော်ပွဲရွှင်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွေ၊ Club Activity တွေလည်း ရှိပြီး စီနီယာနဲ့ ဂျူနီယာ ကြား ဆက်ဆံရေးလည်း ကောင်းမွန်ကြပါတယ်။ သင်ကြားပေးတဲ့ ဆရာဆရာမတွေကလည်း သင်ကြားရေးပိုင်းမှာ ထူးချွန်ရုံသာမက ကျောင်သားကျောင်းသူတွေကို သားသမီးအရင်းကဲ့သို့ သဘောထားကြတာမို့ အလွန်ပင်ရင်းရင်းနှီးနှီးရှိကြပါတယ်။
• အမှတ်ဘယ်လောက်နဲ့ဖြတ်လဲ။ ဘယ်တော့လျှောက်လို့ရမှာလဲ။ ဘယ်တော့စမှာလဲ။
EPP ရဲ့ဝင်ခွင့်အမှတ်ကတော့ တစ်နှစ်နဲ့တစ်နှစ် လျှောက်လွှာအရေအတွက်ပေါ်မူတည်ပြီး သတ်မှတ်တာမို့ ခန့်မှန်းတာ၊ ကြိုပြောတာမျိုးလုပ်လို့မရပါဘူး။ ၂၀၁၇-၂၀၁၈ ဝင်ခွင့်အမှတ်ကတော့ ၄၈၀ မှတ်ဖြစ်ပါတယ်။ (ဒီနှစ်အမှတ် လုံးဝ (လုံးဝ) မဟုတ်ပါ) လျှောက်လွှာခေါ်တဲ့အချိန်ကတော့ တခြားတက္ကသိုလ်တွေထက်နောက်ကျပါတယ်။
အမှတ် ၄၅၀ နှင့် အထက်ရထားသူတွေ လျှောက်နိုင်ပြီး သတင်းစာကဖြစ်စေ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC) Facebook စာမျက်နှာကဖြစ်စေကြေညာပေးပါတယ်။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သို့ တိုက်ရိုက်လာရောက်ကာ အမှတ်စာရင်းမူရင်း၊ အောင်လက်မှတ်မူရင်းတွေနဲ့ သီးသန့်လျှောက်ထားရတာဖြစ်ပါတယ်။ ဒီဇင်ဘာလဆန်းပိုင်းလောက်မှာ ကျောင်းစဖွင့်ပါတယ်။
EPP မေဂျာကို ၂၀၀၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အခုဆိုရင် 14th Batch ကိုရောက်ရှိလို့နေပါပြီ။ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ ဘွဲ့ရကျောင်းသားကျောင်းသူပေါင်းများစွာကို မွေးထုတ်ခဲ့ပြီးပြီဖြစ်လို့ စိတ်ချယုံကြည်လို့ရတဲ့ မေဂျာတစ်ခုဖြစ်ပါတယ်လို့ပြောကြားရင်း EPP ကိုလာရောက်ဖို့ ဖိတ်ခေါ်ပါလိုက်ပါတယ်။
National Management Degree College

September 16, 2019 at 08:56 am