contact@pandaingmap.com

(+95) 9 764-231-193

မြန်မာနိုင်ငံအစိုးရတက္ကသိုလ်များ၏ ဒီပလိုမာနဲ့ မဟာဘွဲ့သင်တန်းများ

မြန်မာနိုင်ငံအစိုးရတက္ကသိုလ်များ၏ ဒီပလိုမာနဲ့ မဟာဘွဲ့သင်တန်းများ

မြန်မာနိုင်ငံအစိုးရတက္ကသိုလ်များ၏ ဒီပလိုမာနဲ့ မဟာဘွဲ့သင်တန်းများ

အင်္ဂလိပ်ဘာသာ စကား အမျိုးသားဗဟိုဌာနနဲ့ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတို့ ပူးပေါင်းဖွင့်လှစ်တဲ့ သင်တန်း
1.    အင်္ဂလိပ်စာ ဒီပလိုမာ သင်တန်း
အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ ဒေသဆိုင်ရာသမိုင်းနှင့် ရိုးရာဓလေ့ဌာန
1.    Seameo Chat သင်တန်း(CHAT Communication in English Language Course)
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင်
1.    YUFL မှ ဘာသာစကား သင်တန်းများ
ရန်ကုန်တက္ကသိုလ်မှ ဖွင့် လှစ်သော ဒီပလိုမာတန်းများ
1.    ကျောက်မျက်ခွဲခြား ဒီပလိုမာသင်တန်း (Diploma in Gem Identification)
2.    အသုံးချ ဒဿနပညာဘွဲ့ လွန်ဒီပလိုမာသင်တန်း (Post Graduate Diploma in Applied Philosophy)
3.    စာပေဖန်းတီးရေးသားမှုနှင့် တည်းဖြတ်မှု အတတ်ပညာဘွဲ့ လွန်ဒီပလိုမာ (Post Graduate Diploma in Creative Writing and Editing) သင်တန်
4.    Environmental Studies ဘွဲ့လွန်ဒီပလိုမာသင်တန်း
5.    ဘွဲ့လွန်အသုံးချ ကွန်ပျူတာ ဒီပလိုမာသင်တန်း (Post-Graduate Diploma in Computer Application – PGDCA)
6.    နိုင်ငံရေးသိပ္ပံ ဒီပလိုမာ သင်တန်း (Diploma in Political Science)
7.     GIS ဘွဲ့လွန်ဒီပလိုမာသင်တန်း (Post Graduate Diploma in Geographic Information Systems)
ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ မဟာဘွဲ့တန်းများ
1.    စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု မဟာဘွဲ့ (MBA)
2.    ပြည်သူ့ရေး ရာစီမံခန့်ခွဲမှု မဟာဘွဲ့ (MPA)
3.    ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS),
4.    ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ မဟာဘွဲ့ (Master of Banking and Finance MBF)
5.    ဘွဲ့လွန်သုတေသန ဒီပလိုမာဘွဲ့(Postgraduate Diploma in Research Studies)
6.    Certificate in Business Studies သင်တန်း
အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်
1.    ခရီးသွားလုပ်ငန်းပညာနှင့် စီခံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာသင်တန်း
မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် (Myanmar Maritime University)
1.     Logistics ဘွဲ့လွန် ဒီပလိုမာသင်တန်း
ပညာရေးကောလိပ်
1.    လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (PPTT)
သတင်းအချက်အလက်နည်းပညာတက္ကသိုလ်
1.    သတင်းအချက်အလက် နည်းပညာဘွဲ့ကြို ဒီပလိုမာဘွဲ့ (Dip.IT)

၁။ အင်္ဂလိပ်စာ ဒီပလိုမာ သင်တန်း
Global English Course သင်တန်းကို လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ဖြင့် အင်္ဂလိပ်ဘာသာ စကား အမျိုးသားဗဟိုဌာနနဲ့ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတို့ ပူးပေါင်းဖွင့်လှစ်တဲ့ သင်တန်းဖြစ်ပါတယ်။
ထိုသင်တန်းသည် Level ၅ ခု တက်ရောက်ရမှာဖြစ်ပြီး ၅ ခုလုံးအောင်မြင်မှသာ ဒီပလိုမာလက်မှတ် ရရှိမှာဖြစ်ပါတယ်။ တစ်နှစ်ကို သုံးကြိမ် လျှောက်လွှာခေါ်ယူလေ့ရှိပြီး အွန်လိုင်းကနေပဲ လျှောက်ထားရမှာ ဖြစ်ပါတယ်။ တက်ရောက် လိုသူတွေဟာ မြန်မာနိုင်ငံ ပညာဝန်ကြီးဌာနက အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားရမှာ ဖြစ်ပါတယ်။
၂။ Seameo Chat သင်တန်း
အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ ဒေသဆိုင်ရာသမိုင်းနှင့် ရိုးရာဓလေ့ဌာနကနေ CHAT Communication in English Language Course ကို ဖွင့်လှစ်တာဖြစ်ပါတယ်။ သင်တန်းတက်ရောက်လိုသူတွေဟာ အနိမ့်ဆုံး အခြေခံပညာ အထက်တန်းအောင်မြင်ပြီး CHAT Communication in English Course ဝင်ခွင့် စာမေးပွဲကို ဖြေဆိုရမှာဖြစ်ပါတယ်။ ဝင်ခွင့်လျှောက်လွှာကိုတော့ သတ်မှတ်ထားတဲ့ရက်မှာ SEAMEO CHAT facebook ကနေတဆင့် ဒေါင်းလုပ်ရယူလျှောက်ထားရမှာ ဖြစ်ပါတယ်။
၃။ YUFL မှ ဘာသာစကား သင်တန်းများ
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် အခြေခံ ၁ (Basic I) တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းနဲ့ မြန်မာဘာသာ သင်တန်းများကို တက်ရောက်နိုင်ပါတယ်။ YUFL သို့ တက်မယ်ဆိုရင်လည်း အွန်လိုင်းကနေပဲ လျှောက်ထားရတာပါဘဲနော်။
တက်ရောက်လိုသူတွေဟာ သတ်မှတ်ထားတဲ့ရက်မှာ www.yufl.edu.mm/chrd သို့ ဝင်ရောက်ကာ မြန်မာကျောင်းသားတွေအနေနဲ့ Local student button ကို နှိပ်ကာ ဖောင်ဖြည့်ရမှာဖြစ်ပြီး နိုင်ငံခြားသား ကျောင်းသားများ အတွက် international-student button ကိုနှိပ်ကာ ဖြည့်စွက်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ သင်တန်းကာလအနေနဲ့ အင်္ဂလိပ်ဘာသာ ၃ လ ၊ ကျန်ဘာသာတွေအနေနဲ့ကတော့ ၆ လကြာမြင့်မှာ ဖြစ်ပါတယ်။
၄။ ရန်ကုန်တက္ကသိုလ်မှ ဖွင့် လှစ်သော ဒီပလိုမာတန်းများ
ကျောက်မျက်ခွဲခြား ဒီပလိုမာသင်တန်း (Diploma in Gem Identification)
– သင်တန်းကာလ ၉ လ+ 10 days Field Trip and Project Paper အသုံးချ ဒဿနပညာဘွဲ့ လွန်ဒီပလိုမာသင်တန်း (Post Graduate Diploma in Applied Philosophy)
– သင်တန်းကာလ ၈ လ မျက်မှောက်ခေတ် မြန်မာ့ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း (Post Graduate Diploma in Contemporary Myanmar Studies
– သင်တန်းကာလ ၈ လ
– သမိုင်းဌာန၊ ရန်ကုန် တက္ကသိုလ်သိုင်းပြောင်းပြန် သင်တန်း
– သင်တန်းကြေး ၉၅၀၀ စာပေဖန်းတီးရေးသားမှုနှင့် တည်းဖြတ်မှု အတတ်ပညာဘွဲ့ လွန်ဒီပလိုမာ (Post Graduate Diploma in Creative Writing and Editing) သင်တန်းတွင် ပို့ချပေးမယ့် ဘာသာရပ်များမှာ စာပေအမျိုးအစား၊ စာပေသဘောတရား၊ စာပေဖန်တီးရေးသားခြင်း၊ ရသပညာ၊ စာပေတည်းဖြတ်ခြင်း၊ ဘာသာပြန်၊ စာပေပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်းအခြေခံ စတာတွေ သင်ကြားရမှာပါ။
သင်တန်းကို အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိထားသူများ လျှောက်ထားနိုင်မှာဖြစ်ပြီး ဘွဲ့လက်မှတ်မိတ္တူ ၂ စောင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ ၂ စောင်၊ ဓာတ်ပုံ ၅ ပုံတို့ဖြင့် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ သင်တန်းကာလအနေဖြင့် ၁ နှစ် ကြာမြင့်မှာဖြစ်ပါတယ်။
၅။ Environmental Studies ဘွဲ့လွန်ဒီပလိုမာသင်တန်း
သင်တန်းချိန်ကတော့ တနင်္လာမှ သောကြာနံနက် ၇ နာရီမှ ၉ နာရီထိ တက်ရောက်ရမှာ ဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ မည်သူမဆို လျှောက်ထားနိုင်ပြီး ဝင်ခွင့်ရေးဖြေ စာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းတွေကို ဖြေဆိုရမှာဖြစ်ပါတယ်။ သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပါတယ်။
၆။ ဘွဲ့လွန်အသုံးချ ကွန်ပျူတာ ဒီပလိုမာသင်တန်း (Post-Graduate Diploma in Computer Application – PGDCA)
သင်တန်းချိန်တွေကတော့ စနေ၊ တနင်္ဂနွေ နံနက် ၇ နာရီမှ ညနေ ၅ နာရီထိ (သောကြာနေ့ နံနက် ၇ နာရီမှ နံနက် ၉ နာရီထိ) ဖြစ်ပါတယ်။ သင်တန်း ကာလကတော့ 2 Semester + Project ဖြစ်ပါတယ်။
နိုင်ငံရေးသိပ္ပံ ဒီပလိုမာ သင်တန်း (Diploma in Political Science) နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနမှ ကြီးမှူးပြီး ဖွင့်လှစ်တာ ဖြစ်ပါတယ်။ သင်တန်းကာလ ၉ လဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက် နိုင်ပါတယ်။ သင်တန်းချိန်ကတော့ တနင်္လာမှ သောကြာထိ နံနက် ၇ နာရီမှ ၉ နာရီထိ ဖြစ်ပါတယ်။
၇။ GIS ဘွဲ့လွန်ဒီပလိုမာသင်တန်း
Post Graduate Diploma in Geographic Information Systems ရန်ကုန်တက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန အစီအစဉ်နဲ့ ပထမဝီဝင်ဌာနက ကြီးမှူးဖွင့်လှစ်တာ ဖြစ်ပါတယ်။ သင်တန်းကာလ ၉ လ ဖြစ်ပါတယ်။
၈။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ မဟာဘွဲ့တန်းများ
ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု မဟာဘွဲ့ (MBA)၊ ပြည်သူ့ရေး ရာစီမံခန့်ခွဲမှု မဟာဘွဲ့ (MPA)၊ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS), Master of Applied Statistics တွေကို ဖွင့်လှစ် သင်ကြားပေး လျက် ရှိပါတယ်။ အဆိုပါ မဟာဘွဲ့သင်တန်းများအတွက် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထား တက်ရောက်နိုင်ပြီး ဝင်ခွင့်စာမေးပွဲတွေကို ရေးဖြေရော နှုတ်ဖြေရော ဖြေဆိုရမှာ ဖြစ်ပါတယ်။
GMAT စာမေးပွဲကိုလည်း ဖြေဆိုရမှာဖြစ်တဲ့အတွက် လေ့လာထားသင့်ပါတယ်။ သင်တန်းတွေကိုတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) မှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။
ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ဖွင့်လှစ်သော ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ မဟာဘွဲ့ (Master of Banking and Finance MBF) ကတော့ ပညာသင်ကာလ ၂ နှစ် ( Semester ၆ ခု၊ ၁ ခု ၃ လ၊ Thesis ၆ လ) ဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ MBF သင်တန်းကို အချိန်ပိုင်းသင်တန်း (Part Time -Morning) EMBF နဲ့ အချိန်ပြည့် သင်တန်း (Day – Weekend) MBF (Day) ဆိုပြီး နှစ်မျိုးခွဲခြား ဖွင့်လှစ်ထားပါတယ်။ EMBF အချိန်ပိုင်းသင်တန်းကို မနက် ၇ နာရီမှ ၉ နာရီထိ တနင်္လာနေ့မှ စနေနေ့ထိနှင့် MBF (Day) အချိန်ပြည့်သင်တန်းကို စနေနေ့ ၁ နာရီမှ ၅ နာရီနှင့် တနင်္ဂနွေနေ့ ၈ နာရီမှ ၅ နာရီထိ တက်ရောက်ရမှာပါ။
၉။ ဘွဲ့လွန်သုတေသန ဒီပလိုမာဘွဲ့(Postgraduate Diploma in Research Studies)
ဘွဲ့လွန်သုတေသန ဒီပလိုမာဘွဲ့သင်တန်း (Postgraduate Diploma in Research Studies) ကို စာရင်းအင်းပညာဌာန၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ဖွင့်လှစ်တာ ဖြစ်ပါတယ်။ သင်တန်းကာလမှာ ၉ လတက်ရောက်ရမှာဖြစ်ပြီး တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူမည်သူမဆို တက်ရောက်နိုင်ပါတယ်။
၁၀။ Certificate in Business Studies သင်တန်း
ရန်ကုန်စီးပွားရေးတက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာနက ဖွင့်လှစ်တဲ့ Certificate in Business Studies (CBS) နဲ့ Certificate in Advanced Business Studies (CABS) တွေကို တက်ရောက်နိုင်ပါတယ်။ သင်တန်းကာလကတော့ ၃ လစီသာ ကြာမြင့်မှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ တက်ရောက်နိုင်ပါတယ်။
၁၁။ ခရီးသွားလုပ်ငန်းပညာနှင့် စီခံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာသင်တန်း
ခရီးသွားလုပ်ငန်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာသင်တန်းကို အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ဖွင့်လှစ်တာ ဖြစ်ပါတယ်။ သင်တန်းကာလမှာ ၉ လဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။ တက်ရောက်လိုသူတွေဟာ အရည်အချင်းစစ် စာမေးပွဲအဖြစ် Tourism ဆိုင်ရာ ဗဟုသုတနဲ့ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုရမှာဖြစ်ပါတယ်။
၁၂။ Logistics ဘွဲ့လွန် ဒီပလိုမာသင်တန်း
Logistics ဘွဲ့လွန်ဒီပလိုမာကို မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် (Myanmar Maritime University) က ဖွင့်လှစ်သင်ကြားတာ ဖြစ်ပါတယ်။ သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး သင်တန်း တက်ရောက်လိုသူတွေအနေနဲ့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ သင်တန်းအောင်မြင်ပြီးဆုံးပါက Diploma in Transport and Logistics Management (Dip.TLM) ဘွဲ့ရရှိမှာဖြစ်ပါတယ်။ လူတွေ့ဖြေဆိုခြင်းကို ပြုလုပ်ရမှာဖြစ်ပါတယ်။
၁၃။ လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (PPTT)
PPTT သင်တန်းကို ပညာရေးကောလိပ်တွေမှာ ဖွင့်လှစ်တာဖြစ်ပါတယ်။ လျှောက်ထားသူတွေဟာ မြန်မာနိုင်ငံသား ဖြစ်ရမှာဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်င်၊ သမိုင်း၊ ကုန်ထုတ်ဓာတုဗေဒ၊ Microbiology, Biotechnology, Biochemistry, Environmental Studies, Geology, B.A (မြန်မာမှု)၊ B.A (ရသ)၊ B.A(ဂီတ)၊ B.A (သဘင်)၊ B.A (ပန်းချီ)၊ B.A (ပန်းပု)၊ B.Sc (Sports), B.Econ (Stats), B.Com ရရှိပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ ပြင်ပဘွဲ့ရ တွေအနေနဲ့ ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အသက် ၃၀ နှစ်ထက် မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက အမြဲတမ်း ဝန်ထမ်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အသက် (၃၅) နှစ်ထက် မကြီးသူဖြစ်ရန်နှင့် သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲရဲ့ ခွင့်ပြုချက်ကို ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။
၁၄။ သတင်းအချက်အလက် နည်းပညာဘွဲ့ကြို ဒီပလိုမာဘွဲ့ (Dip.IT)
သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ရဲ့ သတင်းအချက်အလက် နည်းပညာဘွဲ့ကြို ဒီပလိုမာဘွဲ့ Dip.IT သင်တန်း ကို အခြေခံပညာ အထက်တန်း အောင်မြင်ပြီး လျှောက်လွှာပိတ်ရက်တွင် အသက် ၂၁ နှစ် ထက် မကျော်လွန်သူတွေ လျှောက်ထားနိုင်ပါတယ်။ သင်တန်းမှာ အချိန်ပိုင်းသင်တန်းဖြစ်ပြီး Module ၁၀ ခုသင်ကြားရမှာပါ။ Module တစ်ခုကို စာသင်ပတ် ၁၀ ပတ်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရမှာပါ။ အင်္ဂလိပ်စာနဲ့ ပင်ကိုစွမ်းရည် စစ်ဆေးခြင်း (Aptitude Test) ကို စစ်ဆေးမှာဖြစ်ပါတယ်။

Credit : University News 

September 12, 2019 at 10:58 am