contact@pandaingmap.com

(+95) 9 764-231-193

အောင်မြင်မှုဟာ ရေရှည်ပန်းတိုင်တစ်ခုပါ

******* အောင်မြင်မှုဟာ ရေရှည်ပန်းတိုင်တစ်ခုပါ *******
လူတစ်ယောက်မှာ အောင်မြင်ဖို့ ကျရှုံးဖို့ဆိုတာ လွယ်ကူပါတယ်။ ဒါဆို တကယ်ခက်တဲ့အရာကရော?
အမြဲအောင်မြင်‌နေစေဖို့ ၊ ကျရှုံးမှုတွေကနေ အမြန်ဆုံး ပြန်ထနိုင်ဖို့အတွက် ဘာတွေလိုအပ်တယ် ထင်ပါသလဲ။
" လူတစ်ယောက်မှာ အောင်မြင်ဖို့ဆိုတာ လွယ်ကူပါတယ်

******* အောင်မြင်မှုဟာ ရေရှည်ပန်းတိုင်တစ်ခုပါ *******
လူတစ်ယောက်မှာ အောင်မြင်ဖို့ ကျရှုံးဖို့ဆိုတာ လွယ်ကူပါတယ်။ ဒါဆို တကယ်ခက်တဲ့အရာကရော?
အမြဲအောင်မြင်‌နေစေဖို့ ၊ ကျရှုံးမှုတွေကနေ အမြန်ဆုံး ပြန်ထနိုင်ဖို့အတွက် ဘာတွေလိုအပ်တယ် ထင်ပါသလဲ။
" လူတစ်ယောက်မှာ အောင်မြင်ဖို့ဆိုတာ လွယ်ကူပါတယ်။ဘာဖြစ်လို့လည်းဆိုတော့လူဆိုတာ ပန်းတိုင်တစ်ခု သတ်မှတ်ပြီးတာနဲ့ ရောက်အောင်ကြိုးစားတတ်လို့ပါပဲ။
အောင်မြင်မှု တစ်ခုရဖို့အတွက် အစပိုင်းတော့ ခက်ပါတယ်။ လုံ့လတွေ ၊အာရုံစူးစိုက်မှုတွေနဲ့ စိတ်အားထက်သန်မှုတွေ၊စိတ်ရှည်မှုတွေကို ကျွန်မတို့ ပေးဆပ်ကြရပါတယ်။သက်တောင့်သက်သာ ဖြစ်နေရာကနေ ခုန်ထွက်ကြပါတယ်။ မိမိအလိုရှိတဲ့ပန်းတိုင်ကို ရောက်သွားပြီဆိုရင်တော့ ကိုယ်အဆင်ပြေပြီ အောင်မြင်ပြီလို့ ယူဆကြပါတယ်။ ဒါ့ကြောင့်လည်း ကြိုးစားမှုကို ရပ်လိုက်ကြပါတယ်။
ဒီလိုနဲ့ ကျရှုံးလွယ်ခြင်း၊ ကျရှုံးသွားရင် အကျနာခြင်းတို့ ဖြစ်တတ်ကြပါတယ်။ဒါကြောင့်မို့ စဉ်ဆက်မပြတ်ကြိုးစားခြင်းဆိုတာ(အထူးသဖြင့် ကျောင်းသူကျောင်းသားတွေအဖို့) တကယ်ကို လိုအပ်လှပါတယ် " လို့ Richard St. John ကပြောခဲ့ပါတယ်။
" ငါတို့ အမှားမလုပ်ခဲ့ဘူး
ဒါပေမယ့် ငါတို့ ကျရှုံးခဲ့တယ် "လို့
Rajeev Suri ဆိုတဲ့ CEO Nokia က ပြောခဲ့ပါတယ်။
" အမှားမလုပ်ရုံနဲ့ ၊ အောင်မြင်မှုမရနိုင်ဘူးဆိုတာကို
Nokia က သက်သေပြခဲ့ပါတယ်။ အသစ်အဆန်းတွေ့ဖို့၊ စဉ်ဆက်မပြတ် သင်ယူကြဖို့
ကိုယ့် စွမ်းရည်တွေကို ဒီ့ထက်တိုးအောင် လုပ်ဖို့လိုအပ်လာပြီပဲဖြစ်ပါတယ်ရှင်။
ဒါ့ကြောင့်မို့ အောင်မြင်မှုဆိုတာ ရေရှည်ပန်းတိုင် တစ်ခုပါ " လို့ ပြောကြားရင်း ရေရှည်ပန်းတိုင် တစ်ခုအတွက် စဉ်ဆက်မပြတ်ကြိုးစားပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတော့တယ်။

September 3, 2019 at 11:14 am