contact@pandaingmap.com

(+95) 9 764-231-193

အင်ဂျင်နီယာဘာသာရပ်တွေကို ရွေးချယ်သင်ယူတော့မယ်ဆိုရင်

အင်ဂျင်နီယာဘာသာရပ်တွေဆိုတာ ရှုပ်ထွေးများပြားလှပေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေအရမ်းများတဲ့ ဘာသာ ရပ်တစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။


အင်ဂျင်နီယာဘာသာရပ်တွေဆိုတာ ရှုပ်ထွေးများပြားလှပေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေအရမ်းများတဲ့ ဘာသာ ရပ်တစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။ ဒါပေမဲ့ အင်ဂျင်နီယာဘာသာရပ်ကို ရွေးချယ်သင်ကြားတော့မယ်ဆိုရင် သိထား သင့်တဲ့အကြောင်းအရာ တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Aerospace/Aeronautical Engineering
Aerospace/Aeronautical Engineering ကတော့ လေယာဉ်မောင်းမဟုတ်တဲ့ လေကြောင်းအင်ဂျင်နီယာပဲဖြစ် ပါတယ်။ လေယာဉ်နဲ့မြေပြင် ချိတ်ဆက်မှုတွေ၊ လေယာဉ်ရဲ့တည်ဆောက်ပုံ၊ စက်ပိုင်းဆိုင်ရာတွေကို ပြုလုပ်/ပြုပြင်တဲ့ အင်ဂျင်နီယာအလုပ်လည်းဖြစ်ပါတယ်။ အာကာသယာဉ်တည်ဆောက်ပုံတွေကိုပါ စိတ်ဆန္ဒ ရှိရင်လေ့လာနိုင်ပါသေးတယ်။ တကယ်လို့ သင်သာ. လေကြောင်းအင်ဂျင်နီယာ တစ်ယောက်ဖြစ်ချင်တယ် ဆိုရင်တော့ aerodynamics, aeroelasticity, composites analysis, avionics, propulsion and structures and materials ဆိုတာတွေကို အဓိကထား လေ့လာရမှာဖြစ်ပါတယ်။

(၂)Chemical Engineering
သင်သာ ခွဲခြမ်းစိတ်ဖြာမှု၊ဓာတုနဲ့ဇီဝ ဖြစ်ပျက်၊ ဖြစ်တည်မှု၊ အရာဝတ္ထုတိုင်းရဲ့ ဓာတုပေါင်းစပ်မှုတွေကို စိတ်ဝင် စားရင် ဒီဘာသာက ပျော်စရာကောင်းပါလိမ့်မယ်။ biology, microbiology and biochemistryဆိုတဲ့ မေဂျာ အခွဲပေါင်းများစွာနဲ့လည်း ဆက်စပ်နေပြီး mathematics and economics ကိုပါ ပေါင်းစပ်လေ့လာ ရမှာပါဖြစ်ပါတယ်။ အရာဝတ္ထုတွေရဲ့ ဒီဇိုင်းပိုင်းနဲ့ ထုတ်ကုန်ပစ္စည်းတွေကို သင့်စိတ်တိုင်းကျ ပိုမိုစီမံနိုင်မှာပါ။

၃)Civil Engineering
 မြို့ပြအင်ဂျင်နီယာ ဘာသာရပ်မှာလည်း အဆောက်အအုံ၊ လမ်းတံတား၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုတဲ့ ဘာ သာခွဲတွေအများကြီးရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ BE ဘွဲ့ရတဲ့အထိ အကုန်လုံးကိုခြုံငုံသင်ယူရမှာ ဖြစ်ပြီး Master တက်မယ်ဆိုရင်တော့ ကြိုက်နှစ်သက်ရာ တစ်ဘာသာကို specialization သင်ကြားရ မှာဖြစ်ပါတယ်။ အဆောက်အအုံဆောက်လုပ်နည်းတွေ၊ကုန်ကျစရိတ်တွက်ချက်မှုတွေကို စိတ်ဝင်စားမယ် ဆိုရင်တော့ သင်အနေနဲ့ လေ့လာသင့်ပါတယ်။ Environmentတွေကို အထူးပြုလေ့လာတဲ့ environmental engineerတွေလည်း ပေါ်ပေါက်လာနေပါပြီ။ Architect နဲ့ Civil Engineer ဆိုတာမတူပါဘူး။ Architect ဆိုတာ အဆောက်အအုံတွေကို ဒီဇိုင်းရေးဆွဲသူဖြစ်ပြီး Civil Engineer ကတော့ အဆောက်အအုံဖြစ်နိုင်၊ မဖြစ်နိုင်၊ ဆောက်လို့ရနိုင်၊ မရနိုင်ဆိုတာကို တွက်ချက်သူ၊ဆောက်လုပ်ပေးသူပဲဖြစ်ပါတယ်။

 (၄) Computer enginnering
CEIT( Computer Engineering And Information Technology), Mechatronics ဆိုတဲ့ ဘာသာရပ်ခွဲတွေ အများကြီးရှိပါတယ်။ Computerနဲ့ ထိန်းချုပ်ပြီး AI(artifical intelligence) လို့ခေါ်တဲ့ ဉာဏ်တုထိန်းချုပ်မှုတွေ ကို လေ့လာသင်ယူပြီး ကမ္ဘာကြီးဖွံဖြိုးတိုးတက်ဖို့ကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေတယ်လို့ဆိုရင် လည်း မမှားပါဘူး။ တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ တိုးတက်လာတဲ့ နည်းပညာတွေကိုအသုံးချမယ်ဆိုရင်တော့ သင့်အတွက် အခွင့်အရေးတွေအများကြီးရှိပါတယ်။ ကမ္ဘာကျော် Bill Gates တို့ဆိုတာကလည်း အဆိုပါနည်းပ ညာတွေကို အသုံးချပြီး သန်းကြွယ်သူဌေးကြီးတွေ ဖြစ်လာကြတာပဲဖြစ်ပါတယ်။

(၅) Electrical/Electronics Engineering
Electrical Power (EP) နဲ့ Electronics (EC) ရယ်ဆိုပြီး လူသိများကြပါတယ်။ ဒါပေမဲ့ ကျန်တဲ့ဆက်နွယ် နေတဲ့ဘာသာရပ်တွေလည်းရှိပါသေးတယ်။ EC ဆိုရင်လည်း Hardware, Software ပိုင်းတွေရှိပြီး EP ဆိုရင်လည်း ရေလှောင်တမံတွေရဲ့ လျှပ်စစ်သုံးစွဲထုတ်လုပ်မှုတွေ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပုံတွေကို လေ့လာ ရမှာပါ။ power generation and supply, communications and media, computer systems and robotic systems ဆိုတဲ့ မေဂျာအခွဲတွေကိုလည်း သင်အနေနဲ့ ဆက်လေ့လာသင်ယူနိုင်ပါသေးတယ်။

(၇) Mechanical Engineering
ရှေးအကျဆုံးနဲ့ အကျယ်ပြန့်ဆုံး ဘာသာရပ်ဆိုလည်း မှားမယ်မထင်ပါဘူး။ statics and dynamics, thermodynamics, fluid dynamics, stress analysis, mechanical design and technical drawing ဆိုတဲ့ ဘာသာရပ်တွေကို သင်လေ့လာရမှာဖြစ်ပြီး စက်ပစ္စည်းတွေရဲ့ထုတ်လုပ်ပြုပြင်မှုတွေက သင့်တီထွင်နိုင်စွမ်း တွေမူတည်ပါတယ်။

(၈)Engineering Management
အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ စီမံခန့်ခွဲမှုတွေကတော့ အခုခေတ်နောက်ပိုင်း Management ဘာသာရပ်တွေ ခေတ်စားလာမှ ထွန်းကားလာတာ ဖြစ်ပါတယ်။ ကုမ္ပဏီကြီးတွေမှာလည်း စီမံခန့်ခွဲသူတွေ လိုအပ်သလို အင်ဂျင် နီယာနဲ့ပတ်သတ်တဲ့ ကုမ္ပဏီကြီးမှာလည်း စီမံခန့်ခွဲသူတွေ လိုအပ်ပါတယ်။ Engineering consultant လို့ ခေါ် တဲ့အင်ဂျင်နီယာ အကြံပေးပုဂ္ဂိုလ်တွေလည်း ရှိပါသေးတယ်။

(၉) Others
ရေကြောင်းအင်ဂျင်နီယာ၊ ရေနံအင်ဂျင်နီယာ၊ သတ္ထုတွင်း အင်ဂျင်နီယာ၊ textile enginner တွေဆိုပြီး ရှိပါ သေးတယ်။ ရေကြောင်းအင်ဂျင်နီယာတွေအတွက်ကတော့ ဘယ်နိုင်ငံမှာမဆို အလုပ်ရဖို့အတွက်လွယ်ကူပေ မယ့် ကျန်တဲ့အင်ဂျင်နီယာတွေကတော့ မြန်မာနိုင်ငံမှာဆို အလုပ်အကိုင်အခွင့်အလမ်း နည်းပါးပါတယ်။ အင်ဂျင်နီယာဘာသာရပ်တွေကို စိတ်ဝင်စားလို့ရွေးချယ်ချင်ရင်တော့ ဘယ်သာရပ်အပေါ်မှာ စိတ်အားအထက် သန်ဆုံးဖြစ်မလဲဆိုတာကိုပဲ ဆုံးဖြတ်ရမှာပါ။ ကိုယ့်အတွက် ဘယ်ဘာသာရပ်တွေက စိတ်လှုပ်ရှားစေသလဲ။ ဘယ်ဟာကို သင်ယူရရင်ဖြင့် ကိုယ့်အတွက် အကောင်းဆုံး ဖြစ်လာမလဲဆိုတာကို သေချာစွာဆုံးဖြတ်ရမှာ လည်းဖြစ်ပါတယ်။ ဘာသာရပ်တွေအားလုံးကတော့ Porblem-Solving (လူတွေရင်ဆိုင်ကြုံတွေ့နေရတတဲ့ ပြသနာတွေကို ပိုမိုလွယ်ကူအောင်လုပ်ခြင်း) ဆိုတဲ့ပုံစံမျိုး မို့လို့ပါ။ ကမ္ဘာကြီးဟာ ကျယ်ပြန့်ပေမယ့်လည်း တစ်ခု
နဲ့တစ်ခု ချိတ်ဆက်လျက်ရှိနေပါသေးတယ်။ Engineering Mathematics, Management Science, Operations Management, Decision Engineering, Business Statistics and Engineering Statistics ဆိုတဲ့ ဘာသာရပ်တွေကိုပါ ချိတ်ဆက်သင်ကြားနေရတာဖြစ်ပြီး အင်ဂျင်နီယာဘာသာရပ်ဆိုတာ ကမ္ဘာကြီး တိုးတက်လာသရွှေ့ပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတာ အသေအချာပါပဲ။

July 4, 2019 at 04:33 pm