“The Main Purpose of Schooling”
“ကျောင်းပို့ရခြင်း၏ရည်ရွယ်ချက်”
ကျောင်းဆိုသောအရာသည်လူငယ်ဘဝအတွက်အရေးကြီးဆုံးသောအစိတ်အပိုင်းဖြစ်ပါတယ်။
ပညာမသင်ကြားခဲ့လျှင်ကျွန်မတို့၏နေ့စဉ်ဘဝအတွက်လုပ်ငန်းတာဝန်များကိုသိရှိနားလည်နိုင်မည်မဟုတ်ပါ။
ကျောင်းဆိုသည်မှာကျောင်းသားများအတွက်အယူအဆကောင်းများနှင့်ပညာရပ်များကိုသာသင်ကြားပေးသည်မဟုတ်ဘဲကျောင်းသားအချင်းချင်း၏စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက်ပေါင်းသင်းဆက်ဆံရေးကိုပါသင်ကြားပေးနေပါတယ်။
ကျွန်မတို့အဘယ်ကြောင့်ကျောင်းသွားကြပါသနည်း?
ကျွန်မတို့ယနေ့ခေတ်လူငယ်တွေဟာဟိုးငယ်ငယ်လေးကတည်းက"ကျောင်း" ဆိုသောပတ်ဝန်းကျင်ဆီသို့အပို့ခံခဲ့ရပါတယ်။
အများစုမှာပညာရေးကိုလိုလားသောမိဘများ၏ထိန်းချုပ်မှုအောက်ကနေတစ်ဆင့်သွားကြရသည်။
မိမိဘာဖြစ်ချင်တယ်၊မိမိဘာလုပ်ချင်တယ်ဆိုတာကိုမသိကြပေ။
ပညာတတ်ကြီးဖြစ်ဖို့၊ပညာရေးမှာထူးချွန်တဲ့လူဖြစ်ဖို့၊စာတော်ဖို့စသောအမျိုးမျိုးသောမျှော်လင့်ချက်တွေနဲ့မိဘတွေကသူတို့သားသမီးများကိုကျောင်းပို့ကြပါတယ်။
ကျောင်းသွားခြင်းသည်ကျွန်မတို့ကိုနောင်တစ်ချိန်တွင်အသက်ရှင်နေထိုင်ရေး၊စားဝတ်နေရေးအတွက်ကျွမ်းကျင်မှုပညာရပ်များကိုသင်ပေးပါသည်။
သို့သော်ကျွန်မခံယူထားသောကျောင်းသွားရခြင်း၏ရည်ရွယ်ချက်မှာတော့ပညာအရာတွေထူးချွန်ထက်မြက်ဖို့အတွက်သာမဟုတ်ပါ။
Social Skillsဆိုတာဘာလဲ?
ကျောင်းတိုင်းတွင်ပေါင်းသင်းဆက်ဆံရေးအတွက်သင်ကြားပေးသင့်သည့်စိတ်ပိုင်းဆိုင်ရာsocial Skillလိုအပ်ပါတယ်။
ကျောင်းသားများကိုမိမိဆုံးဖြတ်ချက်အတိုင်းရှင်သန်တတ်စေရန်နှင့်လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများနဲ့ကောင်းမွန်သောဆက်ဆံရေးကိုဖန်တီးတတ်စေဖို့Social Skillများသင်ကြားပေးသင့်ပါတယ်။
စတဲ့သင်ကြားမှုတွေဟာကျောင်းတွင်းစာသင်ခန်းများတွင်သာရရှိနိုင်သောပညာရပ်များဖြစ်သည်။
ထိုပညာရပ်များသည်သင်ကြားပေး၍မရပါ။
ကျောင်းသားများကကိုယ်တိုင်ခံစား၍နှလုံးသားနှင့်သင်ယူအပ်သောလှုမှုဆက်ဆံရေးနှင့်စိတ်ဓာတ်ပိုင်းဆိုင်ရာသင်ခန်းစာများဖြစ်ပါတယ်။
ကလေးများသည်ငယ်ရွယ်စဉ်အခါကတည်းကကျောင်းများတွင်ဤအရာများကိုလေ့လာသင်ယူခဲ့မှသာကြီးပြင်းလာသောအခါသက်တူရွယ်တူလုပ်ဖော်ကိုင်ဖက်များနှင့်လိုက်လျောညီထွေနေတတ်မှာဖြစ်ပါတယ်။
Social Skillသင်ယူတတ်စေရန်Strategiesအချို့မှာ-
Identify the social skillto be taught
Explain the importance of the social skill,
Model the skill,
Provide examples,
Allow for guided practice,
Researchersအချို့ကပြောခဲ့ဖူးပါတယ်။
စိတ်ဓာတ်ပိုင်းဆိုင်ရာပျော့ညံ့ပြီးSocial Skillsအားနည်းသောကလေးများ၏80%သည်အသက်ကြီးလာသည်နှင့်အမျှသင်ယူရေးအပိုင်းတွင်လည်းများသောအားဖြင့်တတ်မြောက်မှုအားနည်းကြပါတယ်။
IQတစ်ခုတည်းကောင်းနေလို့မရပါဘူး။IQနဲ့EQညီတူညီမျှရှိမှသာထိုကလေးသည်ပညာရပ်သင်ယူရေးတွင်အားကောင်းတတ်ကြပါတယ်။
ကျောင်းဆိုသောအရာသည်ကျွန်မတို့ကိုလှုမှုဆက်ဆံရေးအရအဆင်ပြေပြေနေတတ်ရန်နှင့်လူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်မှာလိုက်လျောညီထွေနေတတ်ရန်သင်ကြားပေးပါသည်။
ကျောင်းတွင်သူငယ်ချင်းများနှင့်စည်းစည်းလုံးလုံး(teamwork)နေတတ်ရန်၊သူငယ်ချင်းများအားကူညီဖေးမတတ်ရန်စသည်များကိုသင်ကြားပေးပါသည်။
သို့မှသာလျှင်ကျောင်းစာသင်ခန်းလေးမှအစပြု၍ျနောင်တစ်ချိန်ကျွန်မတို့ကြီးပြင်လာတဲ့ပတ်ဝန်းကျင်နှင့်တစ်သားတည်းဖြစ်အောင်လိုက်လျောညီထွေစွာနေတတ်မည်ဖြစ်သည်။
သို့ရာတွင်ယခုခေတ်မိဘများ၏အယူဝါဒမှာလွဲမှားနေကြောင်းမြင်ရသိရပါသည်။
မိမိသားသမီး၏ပညာရေးအတွက်သာအားစိုက်၍အခြားလူမှုရေးအဖြာဖြာအားလျစ်လျူရှုထားကြသည်။
အကူအညီလိုချိန်တွင်အားပေးဖေးမမည့်၊ကူညီပေးကြမည့်သူငယ်ချင်းမိတ်ဆွေဆိုသည့်အရာများမရှိကြတော့ပေ။
ထိုအခါစာတော်ဖို့အတွက်သာအားစိုက်ခဲ့ကြသောသားသမီးများသည်ကြီးပြင်းလာသည်နှင့်အမျှလူမှုအသိုင်းအဝိုင်းကြီးနှင့်ဝေးကွာလာကြသည်။
သူငယ်ချင်းအပေါင်းအသင်းများနှင့်ပျော်ပျော်ရွှင်ရွှင်နေထိုင်ရမည့်အစားဘဝကြီးကိုတစ်ကိုယ်တည်းနေထိုင်လာကြသည်။
ထိုသူများကြီးပြင်းလာ၍သားသမီးများတစ်ဖန်ပြန်မွေးလျှင်လည်းထိုသူတို့သည်မိမိတို့သားသမီးများကိုမိမိတို့မိဘများကမိမိအားထိန်းကျောင်းခဲ့သည့်အတိုင်းပညာရေးမှလွဲ၍ဘာမှမသိသောသူများဖြစ်အောင်ပျိုးထောင်လာကြပေလိမ့်မည်။
လူမှုပတ်ဝန်းကျင်တွင်နွေးနွေးထွေးထွေးသိုက်သိုက်ဝန်းဝန်းနေထိုင်ရမည့်အစားလူ့အသိုင်းအဝိုင်းကြီးကိုဖယ်ကျင်သောကလေးငယ်များဖြစ်လာပေလိမ့်မည်။
ထိုအခါကျောင်းပို့ရခြင်း၏အဓိကရည်ရွယ်ချက်ကိုပျောက်ဆုံးသွားပါလိမ့်မည်။
ကျောင်းသွားခြင်း၏အဓိကရည်ရွယ်ချက်မှာစာတော်ဖို့အတွက်သာမဟုတ်ဘဲကျောင်းသားများ၏ဆုံးဖြတ်ချက်နှင့်ရည်မှန်းချက်တို့ကိုကိုယ်တိုင်တွေးခေါ်ဆုံးဖြတ်တတ်ရန်ဖြစ်သည်။
ထို့အပြင်သက်တူတန်းတူကျောင်းသားအချင်းချင်းဆက်ဆံရေးတိုးတက်စေရန်ဖြစ်သည်။
ဘာမှမသိတတ်သေးသောကလေးငယ်လေးများသည်ဖယောင်းနှင့်တူသည်ဟုရှေးလူကြီးများကပြောကြပါသည်။
ထိုဖယောင်းကလေးများကိုစနစ်တကျပျိုးထောင်ပေးရန်မှာမိဘများ၏တာဝန်ဖြစ်ပါသည်။
သို့ဖြစ်၍မိဘများအနေနှင့်လည်းကျောင်းပို့ရခြင်းရဲ့
ည်ရွယ်ချက်ကိုကောင်းကောင်းနားလည်ထားဖို့လိုအပ်ပါသည်။
“Live a life that is well balanced; don't do things in excess.” ဟူ၍ပညာရှင်တစ်ဦးကဆိုဖူးပါသည်။
ကျောင်းသွားရခြင်းသည်လည်းထိုနည်းလည်းကောင်းပင်ဖြစ်သည်။
ယခုခေတ်မိဘများနှင့်လူငယ်များအကြားတွင်ရေပန်းစားနေသောစကားလုံးဖြစ်သည့်"ထမင်းစားလက်မှတ်" ဆိုသောအရာရဖို့ရန်ပညာရေးတွင်ထူးချွန်ဖို့အတွက်လည်းကောင်း၊လူ့အသိုင်းအဝိုင်နှင့်ဝင်ဆံ့တတ်ရန်အတွက်လူမှုဆက်ဆံရေးကောင်းမွန်ရန်အတွက်လည်းကောင်းကျောင်းများတွင်သင်ကြားပေးကြသည်။
"ကျောင်းနေပျော်၍စာတော်ရမည်" စသည့်ကျောင်းများတွင်ချိတ်ထားကြသည့်ဆောင်ပုဒ်အတိုင်းပညာရေးနှင့်ပေါင်းသင်းဆက်ဆံရေးနှစ်ခုစလုံးတွင်ညီတူညီမျှဖြစ်မှသာလျှင်ထိုကလေးငယ်သည်ကျောင်းသားဘဝကိုbalanceရှိရှိဖြတ်သန်းနေကြောင်းပြောကြားရင်နိဂုံးချုပ်လိုက်ရပါသည်။
May 6, 2019 at 04:59 pm