contact@pandaingmap.com

(+95) 9 764-231-193

Leadership Skill

၂၁ ရာစုရဲ့ ယနေ့ခေတ်မှာမှ leadershipဆိုတဲ့ skill က ပညာရေးလောကထဲမှာပါမက စီးပွားရေးလောကထဲမှာ ဝန်ထမ်းလောကတွေမှာ လူတွေပါးစပ်ဖျား ရေပန်းစားနေကြပါတယ်။တကယ်တော့ လူတစ်ယောက်မှာ အခြေခံ skillsတွေလိုအပ်ပါတယ်။

၂၁ ရာစုရဲ့ ယနေ့ခေတ်မှာမှ leadershipဆိုတဲ့ skill က ပညာရေးလောကထဲမှာပါမက စီးပွားရေးလောကထဲမှာ ဝန်ထမ်းလောကတွေမှာ လူတွေပါးစပ်ဖျား ရေပန်းစားနေကြပါတယ်။တကယ်တော့ လူတစ်ယောက်မှာ အခြေခံ skillsတွေလိုအပ်ပါတယ်။ Time management skill ,confidence ,public speaking skill, listening skill နဲ့leadership skillsတွေပဲဖြစ်ပါတယ်။ ဒါဟာ ကျောင်းသား ကျောင်းသူတွေ လေ့ကျင့်ယူထားသင့်တဲ့ အခြေခံ skillsတွေပဲဖြစ်ပါတယ်။ leadershipဆိုတဲ့ ဦးဆောင်နိုင်မှု တစ်ခုထဲ အရေးကြီးတာ မဟုတ်ပါဘူး။ leaderကောင်းတစ်ယောက်ဖြစ်ဖို့ အများကြီးသင်ယူဖို့ လိုအပ်သလို နောက်လိုက်ကောင်းတစ်ယောက် ဖြစ်ဖို့လည်းလိုအပ်ပါတယ်။ အခုနောက်ပိုင်းမှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ အဖို့ နိုင်ငံခြားက ပညာသင်ဖို့ အခွင့်အလမ်းတွေ အများကြီးရရှိနေပါပြီ။ ဒါပေမယ့် ပညာတော်သင်ဆု ခေါ်ရာမှာ အခြေခံကျတဲ့လိုအပ်ချက် တွေရှိနေပါတယ်။ 
ပရဟိတအလုပ်(လူမှုအကျိုးပြု,ဒေသအကျိုးပြု)တွေလုပ်ဖူးပါသလား တို့အောင်မြင်ခဲ့ဖူးသမျှ အားရကျေနပ်မိတဲ့ မှတ်တိုင်တစ်ခုကိုပြောပြပါတို့ ဆိုတဲ့ မေးခွန်းတွေပါပဲ။ဒါကြောင့်ယနေ့ခေတ်ကျောင်းသားတွေအနေနဲ့ ကျောင်းစာမှာ တင်မကဘဲ အပြင်လှုပ်ရှားမှုတွေမှာပါ ပါဝင်လှုပ်ရှားရမှာပါ။ အပြင်လှုပ်ရှားမှုတွေမှာ ဦးစီးဦးဆောင်လုပ်နိုင်ဖို့အတွက် ဦးဆောင်မှုစွမ်းရည်တွေ၊ ပြသနာဖြေရှင်းတဲ့ စွမ်းရည်တွေ၊ တာဝန်ယူမှုတွေ လိုအပ်လာပါပြီ။ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်မှု (good personality), Confidence(ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု) တွေကိုကြည့်ပြီး တစ်ယောက်နဲ့ တစ်ယောက်ဆုံးဖြတ်ကြပါတယ်။ ဒါပေမယ့် လူ့လောကအလယ်မှာ အမြဲအောင်မြင်နေချင်ရင်တော့ ကိုယ့်ရည်ရွယ်ချက်ကိုရောက်အောင်သွားဖို့လိုပါတယ်။ Passionဆိုတာကိုယ့်မှာအဲ့ဒီအရာတစ်ခုသာရှိနေရင် အကုန်ပြည့်စုံပြီလို့ခံစားရတာမျိုးပါ ။ဥပမာအနေနဲ့. Oprah Winfrey ဆိုရင် အစီအစဉ်တင်ဆက်ရတာ show လုပ်ရတာတွေက သူမအတွက် passionလို့ ခံစားခဲ့ရပါတယ်။တကယ်လည်း အဲ့passionပေါ်မှာ အပြည့်အဝအောင်ရုံစိုက်ပြီး ကြိုးစားလိုက်တဲ့အခါမှာ oprahဟာ အောင်မြင်သွားပါတော့တယ်။အဲ့ဒါကြောင့်မို့လို့ကိုယ့်passionကိုသိပြီး ကြိုးစားအားထုတ်ဖို့အရေးကြီးလှပါတယ်။သူများMBAတက်တိုင်း leadershipတွေတက်တိုင်းဝါသနာမပါ၊လေ့လာသင်ယူချင်စိတ်မရှိဘဲ လိုက်မတက်သင့်ပါဘူး။အခြေခံလေ့လာချင်တယ်ဆိုတော့စာအုပ်တွေ များများဖတ်လို့ရပါတယ်။ တကယ့်leadershipဆိုတာ စာအုပ်တွေဖတ်ရုံနဲ့ တတ်မြောက်သွားမှာမဟုတ်ဘဲအပြင်မှာပါလုပ်ဆောင်ရမှာဖြစ်ပါတယ်။ 
အလေ့အကျင့်ဆိုတာ လူတိုင်းရဲ့ဘဝမှာ အရေးပါတဲ့အရာတစ်ခုပါ။ • “Watch your thoughts, they become words. • Watch your words, they become actions. • Watch your actions, they become habits. • Watch your habits, they become character. • Watch your character, it becomes your destiny.” ... quote by Frank Outlaw က habitရဲ့အရေးပါပုံကို ဖော်ပြပေးနေပါတယ်။ ပထမဦးစွာ အတွေးတွေလိုအပ်ပါတယ်။ဒါကြောင့်မို့လည်း ယနေ့ခေတ်မှာ critical thinking,creative thinkings ဆိုတာတွေက အရေးပါနေတာပါ။စကားလုံးတွေကနေ အပြုအမူတွေအဖြစ်ပြောင်းလဲသွားပြီး အပြုအမူတွေ ကြာလာတဲ့အခါ အလေ့အကျင့် ဖြစ်သွားတာပါ။ အလေ့အကျင့်ကနေ ကိုယ်ပိုင်အပြုအမူ (talentအဖြစ် ပြောင်းသွားပြီး)ပန်းတိုင်ကိုရောက်ရှိအောင်မြင်သွားတာပါ။ မွေးကတည်းက ဘယ်သူမှတော် တတ်မလာကြပါဘူး။ တကယ့်ပါရမီရှင်ဆိုတာ ရှားပါးပါတယ်။ အလေ့အကျင့်တွေကနေ အောင်မြင်လာကြတာပါ။ ထူးဆန်းတဲ့အတွေးလေးတွေနဲ့ပါ ပေါင်းစပ်လိုက်တော့ စွန့်ဦးတီထွင်သူတွေ၊ ပညာရှင်တွေဖြစ်သွားကြတာပါ။ ဒါကြောင့်မို့လို့ စိတ်ဓာတ်ကျမနေဘဲ ကိုယ်စိတ်ဝင်စားရာကို သင်ယူဖို့ သင်အခုအချိန်က စသင့်ပါပြီ။ "Growth is intentional" ဆိုတဲ့အတိုင်းပါပဲ။ ကျောင်းသား/သူတွေအားလုံး ရည်မှန်းချက်ကို လျှောက်လှမ်းရာမှာ စိတ်ရှည်ဖို့၊သက်လုံကောင်းဖို့၊ အမျှော်အမြင်တွေနဲ့ ကြိုမြင်တတ်ဖို့အရေးကြီးပါတယ်။ မြန်မာနိုင်ငံက အရင်ခေတ်က အရမ်းခေတ်နောက်ကျ ခဲ့တယ်ဆိုပေမယ့် ယနေ့မှာတော့အင်တာနက် ကျေးဇူးကြောင့် ကွာခြားမှု သိပ်မများတော့တာအမှန်ပါပဲ။ ဒါကြာင့်နိုင်ငံတကာက ပညာရေး၊ စီးပွားရေးတွေကိုလည်း onlineကနေ လေ့လာသင်ယူနိုင်နေပါပြီ။ဒါကြောင့် မိမိဝါသနာပါရာကို သိနားလည်ပြီး မိမိအိမ်မက်တွေကိုအမြဲ လှုံ့ဆော်နေရပါမယ်။တကယ်တော့ motivation talksတွေ ဆိုတာ ကိုယ့်ကို ခဏပဲ လှုံ့ဆော်နိုင်တာပါ။ကိုယ် ကိုယ်တိုင်ကိုက self motivatedဖြစ်နေရပါမယ်။ English skillကတော့ တကယ်ကို လိုအပ်ပါတယ်။ ကျန်တဲ့ဘာသာစကားတွေ ပြောတတ်ပေမယ့်လည်း englishဘာသာစကားကို ထမင်းစားရေသောက် လေးလောက်တော့ ပြောတတ်မှရမှာပါ။တက္ကသိုလ် ကျောင်းသား/သူတွေအဖို့လည်း တကယ်အရေးပါပါတယ်။ Scholar interviewတွေဆိုရင် skypeကနေ englishလို တိုက်ရိုက် interviewကြတာပါ။တစ်ဖက်မှာလည်းenglish profiency diplomaတွေ တောင်းကြတာရှိပါတယ်။တချို့programတွေအတွက်ဖြေရတဲ့စာမေးပွဲတွေက အနည်းဆုံး  IELTS (or) TOFEL အဆင့်တော့ရှိပါတယ်။ဒါကြောင့် english skillsက အရေးကြီးတယ်လို့ ဆိုရခြင်းပါ။ နောက်တစ်ခုအနေနဲ့ကတော့ မိမိအနေနဲ့ scholarတွေအကုန်လုံးကို လိုက်မှီနိုင်ချင်တယ်
ဆိုရင် gradeတွေ ကောင်းဖို့ တစ်နှစ်တစ်နှစ် GPAတွေကောင်းဖို့လည်းလိုအပ်ပါတယ်။ထို့အတူပဲ တချို့ scholarတွေက GPAတွေပါတောင်းလို့ပါ။
 အင်တာနက် အသုံးပြုခြင်းက ကောင်းတယ်ဆိုပေမယ့် Social mediaတွေကတော့ ကောင်းလှတယ် မဟုတ်ပါဘူး။ Emotionalတွေလည်းဖြစ်လွန်းပါတယ်။ဒါကြောင့် social mediaတွေပေါ်မှာချည်းသင့်အချိန်တွေမကုန်ဆုံးသင့်ပါဘူး။ သင့်အနေနဲ့ passionကို လိုက်ပြီး online learningတွေ သင်ယူနိုင်ပါသေးတယ်။ blogger တစ်ယောက်ဖြစ်ချင်တယ် ဆိုရင်လည်း blogger တွေရဲ့ lifestyleတွေ၊productive ဖြစ်နည်းတွေကို လေ့လာသင်ယူနိုင်ပါသေးတယ်။ Productiveဖြစ်တယ်ဆိုတာ သင့်ရဲ့ creative thinkingကိုပြောတာပါပဲ။သင်ဘယ်လောက်ထိ စိတ်ကူးစိတ်သန်းကောင်းတယ်၊ဘယ်လိုတွေတွေးခေါ်နိုင်လဲဆိုတာ အရေးပါတဲ့အရာတွေပါ။ Mark Zukerbergတို့ ၊ Bill Gatesတို့ဆိုရင် golden collar workerလို့ လူသိများကြပါတယ်။စိတ်ကူးစိတ်သန်းတွေကို အသုံးချရင်း အောင်မြင်အောင်လုပ်နေကြတာမျိုးပါ။ White collar,blue collarဆိုပြီးတော့ အမျိုးအစားတွေ ခွဲထားတာရှိပါသေးတယ်။ဒါတွေကတော့ သာမန်ပါပဲ။သင့်ကိုယ်သင် အောင်မြင်ချင်ရင်တော့ productive lifestyle ရှိပြီး habitual ဖြစ်နေဖို့ လိုအပ်ပါသေးတယ်။ 
မိမိကိုယ်ကိုယ်တန်ဖိုးထားမှု (self-esteem)ကလည်း အရေးကြီးပါတယ်။ မိမိကိုယ်ကိုယ်တန်ဖိုးထားမှ မိမိကလည်း တန်ဖိုးထားခံရမှာပါ။ မိမိကိုယ်ကိုယ် ချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အလိုမလိုက်ဘဲ ကိုယ့်အရည်အချင်းတွေတက်လာအောင် ကြိုးစားနေတာပါပဲ။ 'If it's not challenging you, then it's not changing you' ဆိုသလိုပါပဲ။ callengeတွေကို အမြဲလက်ခံတတ်ပြီး ပြောင်းလဲနေ ကြိုးစားနေဖို့ လိုအပ်ပါတယ် အားပေးအကြံပြုရင်း နိဂုံးချုပ်လိုက်ပါရစေ။

April 30, 2019 at 08:45 am