contact@pandaingmap.com

(+95) 9 764-231-193

ယနေ့ခေတ်လူငယ်တွေနဲ့ Social media

ဒီနေ့ခေတ်မှာ ကျွန်မတို့လူငယ်တွေအနေနဲ့ Social mediaတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာကိုတွေ့ရပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အသုံးပြုမှုတွေကတော့ မတူညီကြပါဘူး။အနောက်နိုင်ငံတွေမှာဆို twitter, instagramတို့ကို အသုံးများပြီး အရှေ့ပိုင်းမှာတော့ facebook ကိုအသုံးများပါတယ်။


ဒီနေ့ခေတ်မှာ ကျွန်မတို့လူငယ်တွေအနေနဲ့ Social mediaတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာကိုတွေ့ရပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အသုံးပြုမှုတွေကတော့ မတူညီကြပါဘူး။အနောက်နိုင်ငံတွေမှာဆို twitter, instagramတို့ကို အသုံးများပြီး အရှေ့ပိုင်းမှာတော့ facebook ကိုအသုံးများပါတယ်။ ကျွန်မတို့နိုင်ငံကလည်း facebookကိုအလေးပေးအသုံးပြုပါတယ်။ တစ်ခုခုဆို facebookပေါ်တင်လိုက်ရမှ၊ ဝင်ပြောလိုက်ရမှ သက်တောင့်သက်သာရှိတယ်ထင်ကြတာပါ။ ကိုယ့်ပုံတွေတင်ရင်း ကိုယ်က သူ့ထက်သာတယ်။ နိမ့်တယ်ဆိုပြီး ပြိုင်ဆိုင်မှုတွေလည်း များလာကြပါတယ်။ ချမ်းသာချင်ဟန်ဆောင်ပြီး မိမိရှိတဲ့ပစ္စည်းလေးတွေ ထုတ်ကြွားကြတာနဲ့၊ တစ်ခုခုဆို ဖြစ်မြောက်အောင်မလုပ်ရသေးဘဲ လုပ်နေပြီလို့ တင်လိုက်တာတွေနဲ့၊အတုကိုအစစ်မြင်စေတယ်လို့ ပြောရင်လည်းမှားမယ်မထင်ပါဘူး။ တန်ဆေးလွန်ဘေးပါပဲ။

 ဒါကြောင့်လည်း သုတေသနပညာရှင်တွေက လူတွေရဲ့ပျမ်းမျှအသိဉာဏ်ပညာအဆင့်အတန်းဟာ ကျဆင်းလာတယ်လို့ ပြောခဲ့တာပါ။ အင်တာနက်အသုံးပြုရင်း အချိန်တွေကုန်ဆုံးရင်း လူတွေဟာ တခြားလူတွေနဲ့ထိုင်ပြီး စကားစမြည်ပြောတတ်တဲ့ အစွမ်းအစတွေ ပျောက်ဆုံးသွားတယ်လို့ သုတေသနပြုခဲ့တာပါ။အကျိုးဆက်အနေနဲ့ကတော့ လူတွေဟာ တစ်ချိန်လုံး အင်တာနက်ပေါ်တက်ပြီး တခြားလူတွေကို သူတို့အတွက် စဉ်းစားပေးခိုင်းထားတာ များလွန်းတဲ့အတွက် ကိုယ့်ဟာကိုယ်မစဉ်းစားတတ်တော့ဘဲ တုံးလာ ဖျင်းလာ ကြပါတယ်။ ထို့အတူပဲ အမှန်တရားဟာ ဆင်ခြင်တုံတရားနဲ့အတူ မှိန်ဖျော့လာပါတယ်။ ဒါဟာ လူသားမျိုးနွယ်အတွက် ကောင်းကျိုးလည်းရှိပေမယ့် ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း လူအချို့ဟာ digital ပစ္စည်းတွေကို မထိတွေ့စေတဲ့ digital detoxကို လုပ်လာကြပါတယ်။(ဥပမာ ခရီးတစ်ခုကိုအဆက်အသွယ် ရအောင်ပဲ keypadဖုန်းလေးတစ်ခုကိုပဲ ယူသွားတာမျိုးပေါ့) နောက်တစ်ဖက်မှာလည်း ပညာရှင်တွေက အချိန် အကန့်အသတ်နဲ့ social mediaကို အသုံးပြုကြဖို့ သတိပေးကြပါတယ်။trendတွေနောက်ချည်း မလိုက်မိစေတတ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်ပဲအာရုံစိုက်ပြီး တိုးတက်အောင်လုပ်ဖို့ အရေးကြီးတာပါ။ 

ဒါပေမယ့် social mediaတွေဟာ တစ်ဖက်မှာအကျိုးကျေးဇူးတွေရှိပါတယ်။ online shopping လုပ်တဲ့သူတွေအတွက်၊ (food/travel/beauty/etc...)blogger တွေအတွက် အတွက်တော့ ဝင်ငွေရတဲ့လုပ်ငန်းတစ်ခုပါ။ ဒါကလည်း အကျိုးရှိစွာ အသုံးချနိုင်မှုက အရေးကြီးကြောင်း ပြောပြနေပါတယ်။ Mediaတွေကလည်း mediaတွေအလျောက် ethnic ရှိမယ်။ အသုံးပြုသူတွေကလည်း cyber bullingတွေ ,body shamingတွေမလုပ်ကြဘူးဆိုရင် ပျော်စရာအတိ ဖြစ်နေမှာပါပဲ။ မိမိစိတ်ကြိုက် နှစ်သက်ရာသင်တန်းတွေကိုလည်း social mediaပေါ်မှာ သင်ယူနိုင်ပါသေးတယ်။ food for your brain blogပိုင်ရှင် မဖြိုးဖြိုးအောင်ဆိုရင်better life projectဆိုပြီး ဘဝနေနည်းတွေကိုပါ သင်ကြားပေးနေ ပါတယ်။ Better you by ems ဆိုတဲ့ blogပိုင်ရှင် မအိမွန်စိုးကလည်း ထိုနည်းတူပါပဲ။ အကယ်လို့ မိမိက မြို့နဲ့အလှမ်းဝေးတဲ့ နယ်က ဖြစ်နေရင်တောင် မိမိသဘောကျတဲ့ ဆရာတွေမှာ တိုက်ရိုက်သင်ယူနိုင်မယ့် သင်တမ်းတွေလည်းအများအပြားရှိနေပါသေးတယ်။အင်္ဂလိပ်စာသင်တန်း၊resin(handmade)ပြုလုပ်နည်းသင်တန်း၊piano သင်တန်းတို့ကို တက်ပြီးအိမ်မှာလေ့ကျင့်ယူရင်း တတ်မြောက်သွားသူတွေကိုလည်းတွေနေရပါတယ်။
 
ကျွန်မအနေနဲ့ကတော့ youtube appကို သဘောအကျဆုံးဖြစ်ပါတယ်။ youtubeမှာ entertainmentနဲ့ပတ်သတ်ပြီးရှာလို့ရသလို မိမိကြိုက်နှစ်သက်သူတွေရဲ့ သီချင်းတွေ၊ motivation talksတွေ၊bloggerတွေရဲ့ lifestyleတွေ အပြင် ဘာသာစကားလေ့လာချင်သူတွေအတွက်လည်း channelတွေရှိပါတယ်။ အပြောအဆို လေ့လာချင်သူ Englishစာလေ့လာချင်သူတွေအတွက် Ellen Show,Oprah Winfrey စတဲ့ channelတွေကပါ လေ့လာလို့ရလို့ပါ။ နောက်ထပ်အနေနဲ့ Messachusetts Institute Of Technology (MIT),Standford university အပြင် International university ပေါင်းများစွာတို့ရဲ့ သင်တန်းပေါင်းများစွာကို လေ့လာနိုင်မယ့် နည်းလမ်းလေးပါ။ဒါကတော့ Edx application ကနေပဲဖြစ်ပါတယ်။ အချို့သင်တန်းတွေကိုတော့ အခမဲ့ သင်ယူနိုင်မှာဖြစ်ပြီး အချို့ကိုလည်း visa ကဒ်ကနေ paymentစနစ်တွေနဲ့ သင်ယူနိုင်မှာဖြစ်ပါတယ်။ အချို့သင်တန်းတွေကတော့ အခမဲ့ဗဟုသုတရရုံ သင်ယူနိုင်မှာဖြစ်ပြီး certificateလိုချင်ရင်တော့ Payment စနစ်နဲ့ Upgrade မြှင့်ပေးဖို့လိုအပ်ပါတယ်။ အလားတူသင်ယူနိုင်တဲ့ websiteတွေလည်း အများဆုံးရှိပါတယ်။ MIT ဆိုရင် website က တဆင့် open courseတွေမှာသွားရောက်လေ့လာနိုင်ပြီး Ocw scholarတွေပါ ရယူနိုင်ပါသေးတယ်။ Student blogger(lifestyle blogger)တွေ recommendပေးကြတာကတော့ Quizletဆိုတဲ့ applicationလေးပဲ ဖြစ်ပါတယ်။ ဘာသာစကား တွေအများကြီးကို flashcardတွေနဲ့ အလွယ်တပူသင်ယူနိုင်တာပဲ ဖြစ်ပါတယ်။ Tiny cards by Duolingo ဆိုတဲ့ appလေးကလည်း ထိုနည်းတူပါပဲ။ ဆေးပညာတွေအပြင် မိမိကြိုက်နှစ်သက်ရာ ပညာတွေကိုပါ cardလေးတွေနဲ့ လေ့လာနိုင်မှာမို့ လူငယ်များအတွက် အသုံးဝင်မယ် လို့မျှော်လင့်ပါတယ်။ Skill shareဆိုတဲ့ appလေးတစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ အနုပညာသမားတွေ၊ ပန်းချီဝါသနာပါသူ တွေအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ innovationနည်းတွေနဲ့ ကိုယ်ပိုင်designဆွဲနည်းတွေကိုပါ လေ့လာသင်ယူနိုင်လို့ပါ။ သင်တန်းကြေးကလည်း တစ်နှစ်စာဆို တော်တော်သက်သာပါတယ်။ ငွေကတော့visa or debitကဒ်တွေနဲ့ပဲ ငွေချေရတာပါ။ နောက်ဆုံးအနေနဲ့ Ted talksအကြောင်းလေး မျှဝေပေးချင်ပါတယ်။Tedx talkဆိုတဲ့ နိုင်ငံတကာ က စီးပွားရေး စသဖြင့် အသိုက်အဝန်းတစ်ခုခုမှာ အောင်မြင်နေသူတွေ ဗဟုသုတမျှဝေကြတာပါ။Ted appကိုinstallလုပ်ပြီး ဘာသာစကားများစွာနဲ့ ကြည့်ရှုနိုင်ပါတယ်။ ဒါပေမယ့် မြန်မာလိုတော့ viedosတွေအကုန်လုံးကိုကြည့်ရှုလို့ မရသေးပါဘူး။ ကြိုးစားနေဆဲပဲရှိပါသေးတယ်။ Ted in Burmeseဆိုတဲ့ Facebook pageလေးကနေ မြန်မာပြန်ထားသလောက်ကို ဝင်ကြည့်နိုင်ပါတယ်။ 2018 yangonမှာပြုလုပ်သွားတဲ့ted in myanmarကိုလည်း နားထောင်ရင်း ဗဟုသုတတွေ အများကြီး ရယူနိုင်ပါတယ် ။ကြာချိန်တွေကလည်း သိပ်မများတာမို့ မနက်စာပြင်ဆင်ရင်း တစ်ခုခုလုပ်နေရင်း နားထောင်မယ်ဆို တကယ်အကျိုးများမယ်လို့ ယုံကြည်ပါတယ်။ ဒီဆောင်းကိုဖတ်ခြင်းဖြင့် လူငယ်တွေအနေနဲ့ နေ့စဉ်ဘဝရဲ့ဗဟုသုတတွေ တက်လာမယ်လို့ ယုံကြည်ရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

April 24, 2019 at 03:43 pm