contact@pandaingmap.com

(+95) 9 764-231-193

IQ နဲ့ EQ ဆိုတာဘာလဲ

Q ဆိုတာဘာလဲ။ EQ ဆိုတာဘာလဲ။ 
IQဆိုတာ Intelligence Quotient ဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ ၊ အတတ်ပညာဆိုင်ရာတွေကို သင်ယူနိုင်မှု ၊ ကျွမ်းကျင်မှု အတိုင်းအတာဖြစ်ပါတယ်။EQ ဆိုတာကတော့ Emotional Quotient ဖြစ်ပြီး စိတ်ခံစားမှု ၊ အကျင့်စရိုက်တွေကို စီမံခန့်ခွဲနားလည်ပေးနိုင်မှု အတိုင်းအတာဖြစ်ပါတယ် လို့ ယေဘုယျအားဖြင့် သိရပါတယ်။

IQ နဲ့ EQ ဆိုတာဘာလဲ ။

IQ ဆိုတာဘာလဲ။ EQ ဆိုတာဘာလဲ။ 
IQဆိုတာ Intelligence Quotient ဖြစ်ပြီး ဘာသာရပ်ဆိုင်ရာ ၊ အတတ်ပညာဆိုင်ရာတွေကို သင်ယူနိုင်မှု ၊ ကျွမ်းကျင်မှု အတိုင်းအတာဖြစ်ပါတယ်။ EQ ဆိုတာကတော့ Emotional Quotient ဖြစ်ပြီး စိတ်ခံစားမှု ၊ အကျင့်စရိုက်တွေကို စီမံခန့်ခွဲနားလည်ပေးနိုင်မှု အတိုင်းအတာဖြစ်ပါတယ် လို့ ယေဘုယျအားဖြင့် သိရပါတယ် ။ IQ ဆိုတာ အများအားဖြင့် ကျောင်းစာတွေ၊စာမေးပွဲတွေ ကတစ်ဆင့်သိနိုင်တာဖြစ်လို့ လူအများစုက "IQ မြင့်တယ်"လို့ပြောလိုက်ရင် မှတ်ဉာဏ်ကောင်းတာ၊ ပြသနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်စွမ်းရှိတာ၊ သင်္ချာအတွက်အချက်တော်တာ စတဲ့အရာမျိုးတွေကိုပဲမြင်တတ်ကြပါတယ်။တကယ်တမ်း IQ ကိုလေ့လာကြည့်မယ်ဆိုရင်တော့ အသစ်အဆန်းတွေ တီထွင်ဖန်းတီးတတ်တဲ့ Creative Intelligence ၊ ခွဲခြမ်းစိတ်ဖြာပြီး တွေးတောတတ်တဲ့ Analytical Intelligence နဲ့ လက်တွေ့ဘဝမှာ ပြန်လည် အသုံးချတတ်တဲ့ Practical Intelligence ဆိုပြီးသုံးမျိုးပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ လူတစ်ယောက်က memorizing skill အားနည်းတာကြောင့် စာလုံးပေါင်းသတ်ပုံ အမှား အမှန်တွေကို မမှတ်မိနိုင်တာနဲ့ IQ နိမ့်တယ်လို့ မပြောနိုင်ပါဘူး။ သူဟာ ကဗျာတွေစာတွေ အနုပညာတွေကို ခံစားပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ Creative Intelligence ရှိသူတစ်ယောက်လည်းဖြစ်နိုင်ပါတယ် ။ ဒါမှမဟုတ် သူဟာ လုပ်ငန်းခွင်မှာ၊ နေ့စဉ်ဘဝ မှာမှ ပြန်လည်အသုံးချ တတ်တဲ့ Practical Intelligence ရှိသူတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။ကိုယ့်အတန်းဖော်သူငယ်ချင်းက ကျောင်းမှာ ကိုယ့်လောက် စာမတော်ခဲ့ပေမယ့် လုပ်ငန်းခွင်ဝင်တဲ့အခါ အများကြီး တော်နေတာမျိုး တွေ့ဖူးကြုံဖူး ကြားဖူး  နိုင်ပါတယ်။ အဲ့ဒါက လူတစ်ယောက်နဲ့ တစ်ယောက် IQ level မတူနိုင်သလို type တွေလည်း မတူနိုင်တာကြောင့်ပါ ။ IQ ဟာ မွေးရာပါဗီဇလို့ပြောကြပါတယ်။ဒါပေမယ့် IQ ဟာ သွေးရင်သွေးသလို ထက်လာနိုင်တဲ့ဓားတစ်လက်ဖြစ်ပါတယ်။ အဲ့ဒီတော့ IQ ကိုဘယ်လိုသွေးပေးရမလဲ ။ ပထမဆုံး IQ ထက်လာအောင် မသွေးခင် ကိုယ့်ခန္ဓာကိုယ်က IQ မြှင့်တင်ခြင်း လုပ်ငန်းတွေကို လက်ခံနိုင်စွမ်းရှိအောင် ကျန်းမာတဲ့ ခန္ဓာကိုယ် ကို အရင်မွေးယူရပါမယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်ရဖို့အတွက် အများကြီးပင်ပင်ပန်းပန်းလုပ်စရာမလိုပါဘူး။ တစ်နေ့ကို မိနစ်၂၀လောက် လေ့ကျင့်ခန်းလုပ်တာမျိုး ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံ ၊အသီးအရွက်တွေ များများ စားပေးတာမျိုး ၊ အရက်၊ ဆေးလိပ်စတဲ့ မူးယစ်ဆေးဝါးတွေ ရှောင်ကြဉ်တာမျိုး ၊ ညဘက် အိပ်ရေးဝအောင် အိပ်ပေးတာမျိုးလောက်ဆို လုံလောက်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ သတိပြုစရာ တစ်ချက်က လူတွေဟာ ဒီလုပ်ငန်းစဉ်တွေကိုလွယ်တာပဲဆိုပြီး ကျော်ကျော်သွားပါတယ်။ မကျန်းမာတဲ့ ခန္ဓာကိုယ်က ကိုယ့်ရဲ့ လေ့လာသင်ယူခြင်း လုပ်ငန်းစဉ်တွေကို  နှောင့်နှေးစေတဲ့အတွက် ဒီအချက်က စပြီး လိုက်နာပေးစေချင်ပါတယ် ။ နောက်ထပ်တစ်ဆင့်ကတော့ IQ ထက်လာအောင် ဘာတွေလုပ်ရမလဲဆိုတဲ့ အဆင့်ပါ။ ပထမဆုံးတစ်ချက်က ဦးနှောက်ကိုအသုံးပြုရတဲ့ကစားနည်းမျိုးတွေ ကစားပေးပါ ။ ဘယ်လိုကစားနည်းမျိုးတွေလဲဆိုတော့ puzzle ဆက်တာတို့  ပဟေဠိဝှက်တာတို့ စစ်တုရင် ကစားတာမျိုးတို့ပါ ။ စစ်တုရင်ကစားနည်းမှာဆိုရင် ကိုယ်တတ်ထားတဲ့ စစ်တုရင်ကစားနည်းကို ပိုင်ပိုင်နိုင်နိုင် အသုံးချရတဲ့အပြင် တစ်ဖက်လူ ကစားသွားတဲ့အပေါ်မူတည်ပြီး ကစားကွက်တွေကို တီထွင်ကြံဆပြီး ကစားရတာဖြစ်လို့ ဦးနှောက်ရဲ့ ဘယ်ဘက် အခြမ်းကိုရော ညာဘက် အခြမ်းကိုပါ အသုံးပြုနေရတာကြောင့် IQ မြှင့်တင်ခြင်းကို အရမ်း အထောက်အကူပြုပါတယ်။ နောက်တစ်ခုကတော့ ဘာသာစကားအသစ်တစ်ခုခုကို လေ့လာပါ။ ဘာသာစကား အသစ်တစ်ခုကို လေ့လာရတဲ့အခါမျိုးမှာဆိုရင် အက္ခရာရေးပုံက အစ သဒ္ဒါအထိ အကုန်လုံး အသစ်ကနေ ပြန်သင်ယူရတာဖြစ်လို့ ကိုယ့်ရဲ့ ဦးနှောက်ကို အလုပ်တွေအများကြီးပေးရပါတယ်။ ဦးနှောက်ကို များများ အသုံးပြုပေးမှ ဦးနှောက်ထဲက လမ်းကြောင်းလေးတွေ တဖြည်းဖြည်းပိုပေါ်လာပြီး IQ ပိုကောင်းတဲ့သူတွေ ဖြစ်လာမှာပါ။ နောက်ဆုံးတစ်ခုကတော့ တူရိယာတစ်ခုခုကို ဘယ်လိုတီးခတ်ရမလဲ လေ့လာပါ။ ဒီမှာလည်း ဘာသာစကားအသစ် လေ့လာတုန်းက ပြောခဲ့သလိုပဲ အခြေခံ ကအစ ပြန်သင်ယူရတာဖြစ်လို့ ဦးနှောက်ကို လှုံ့ဆော်မှုတွေ အများကြီး ပေးပြီး IQ ကို ပိုမြင့်လာစေပါတယ်။
အခုဆိုရင် IQနဲ့ ပတ်သတ်တာတွေ ဆွေးနွေးပြီးပြီဆိုတော့ EQ ဘက်ကိုသွားကြရအောင်။ EQ ဆိုတာကကျတော့ ကိုယ် တစ်ဦးတည်း ဒါမှမဟုတ် တခြားသူတစ်ဦး၊ တစ်ဦးထက်ပိုတဲ့သူတွေ ရဲ့ စိတ်ခံစားမှု ၊ အမူအကျင့်တွေနဲ့ ပတ်သတ်ပြီး စီမံခန့်ခွဲနားလည်ပေးခြင်းဖြစ်တာကြောင့် EQ ကောင်းမကောင်းကိုလူတွေနဲ့ ဆက်ဆံမှု ပြုလုပ်ရတဲ့ အခါမျိုးမှာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် တခြားလူတွေနဲ့ မဆက်ဆံရသေးခင်မှာ မိမိကိုယ်ကို အရင်သိအောင်ပြုလုပ်ရတာဖြစ်ပါတယ်။ EQ မှာ Me,  You, We ဆိုပြီး အပိုင်း သုံးပိုင်း ရှိပါတယ်။ EQ ကောင်းဖို့ဆိုရင် ပထမဆုံး အခြေခံအုတ်မြစ်က ကိုယ်ကိုယ်တိုင်ပါပဲ။ အရင်ဆုံး မိမိကိုယ်ကို သိအောင်လုပ်ရပါမယ်။ ကိုယ့်ရဲ့ အားနည်းချက် ၊ အားသာချက် ၊ ကိုယ်ဘယ်လိုအချိန်မှာ စိတ်တို တတ်လဲ၊ ဘယ်လိုအရာတွေက ကိုယ့််ကို စိတ်ဖိစီးမှုပေးနိုင်လဲ၊ ကိုယ်ပင်ပန်းနေတဲ့အချိန်ဆို သူများတွေကို ဘယ်လိုဆက်ဆံတတ်လဲ စတဲ့အရာတွေ ကို အရင် သိအောင်လုပ်ရမှာဖြစ်ပါတယ် ။ ကိုယ်ရဲ့ စိတ်ခံစားမှု တွေ ၊ အကျင့်တွေကို နားလည်ပြီး self awareness ရှိမှ နောက်တစ်ဆင့်အနေနဲ့ အဲ့ဒီ အရာတွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့ self management နည်းလမ်းကိုဆက်ရှာဖွေကြရမှာဖြစ်ပါတယ်။ ဒေါသထွက်တာတို့ စိတ်ဖိစီးတာတို့ကိုတော့ တရားထိုင်တာမျိုး ၊ ဘုရားစာဆိုတာမျို းတွေ လုပ်ပြီး စိတ်တည်ငြိမ်အောင်လုပ်ကြလေ့ရှိပါတယ်။ EQ ကောင်းဖို့ဆိုရင် ကိုယ့်ရဲ့ မကောင်းတဲ့အချက်တွေကိုပဲ ထိန်းရမှာမဟုတ်ပါဘူး ကိုယ့်ရဲ့ ကောင်းတဲ့ အချက်တွေကိုလည်း ပိုထင်ရှားလာအောင် လေ့ကျင့်ယူရမှာဖြစ်ပါတယ်။ ဥပမာ မိမိကိုယ်ကိုယုံကြည်မှုအားပိုကောင်းအောင်လုပ်တာမျိုး ပေါ့။ ဒီလို ကိုယ့်ရဲ့ အားသာချက်တွေကို ပိုကောင်းလာအောင် လေ့ကျင့်ဖို့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ရော ကိုယ် ကိုယ်တိုင်ပါ အကောင်းမြင်တတ်ဖို့လိုပါတယ်။ပထမဆုံးအဆင့်ဖြစ်တဲ့ မိမိကိုယ်ကိုနားလည်ခြင်း(Me) လုပ်ငန်းစဉ်ပြီးပြီဆိုရင် ဒုတိယအဆင့်ဖြစ်တဲ့ သူတစ်ပါးကိုနားလည်ပေးခြင်း (You) ကိုဆက်လက် လေ့ကျင့်ရမှာဖြစ်ပါတယ်။ ဒီ You လုပ်ငန်းစဉ်မှာဘာတွေလုပ်ရမလဲဆိုတော့ Me တုန်းကလို ကိုယ့်ကိုယ်ကိုနားလည်အောင်လုပ်ခဲ့သလိုပဲ သူတစ်ပါးရဲ့ ခံစားချက်၊ အကျင့်စရိုက်တွေကိုသိနားလည်ပြီး ကိုယ်ချင်းစာတတ်အောင်ကြိုးစားရမှာပါ ။ သူ့ရဲ့ အကြောင်းကိုလည်းကိုယ်သိပြီ ကိုယ့်ရဲ့ အကြောင်းကိုလည်း ကိုယ်သိပြီဆိုရင်တော့ ခင်မင်ရင်းနှီးမှုကိုဖော်ဆောင်ပြီး  နောက်ဆုံး အဆင့်ဖြစ်တဲ့ ကျွနု်ပ်တို့ (We) ဆိုတဲ့ အပိုင်းကိုသွားရမှာပါ။ EQ ဆိုတာ ခဏလေးကောင်းသွားရုံနဲ့ မရပါဘူး။အောင်မြင်ဖို့ဆိုရင်တော့ တစ်သက်လုံး သတိထားပြီး လေ့ကျင့်ယူနေရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ EQ level မကျသွားအောင် ကိုယ့်ရဲ့ အပြုအမူတိုင်း အတွက် တာဝန်ယူခြင်း အကျင့်ကိုပြု လုပ်သင့်ပါတယ်။ ဒီလိုတာဝန်ယူခြင်းက ကိုယ့်ရဲ့ အပြုအမူတွေနဲ့ ပတ်သတ်ပြီး ပြန်လည် စမ်းစစ်မှုကို ဖြစ်စေသလို လိုအပ်ချက်တွေကိုလည်း ပိုမြင်သာစေပါတယ်။
ဟုတ်ကဲ့ပါ အခုဆိုရင်တော့ IQ ၊ EQ နဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို အတော်အတန် ဆွေးနွေးပြီးပြီဖြစ်ပါတယ်။ ကျွန်မပြောပြခဲ့တဲ့ အချက်အလက် နည်းလမ်းတွေကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ IQ ၊ EQ level တွေရောက်ရှိကြပါစေရှင်။

thun

February 28, 2019 at 12:17 pm