contact@pandaingmap.com

(+95) 9 764-231-193

မြန်မာနိုင်ငံမှာ နည်းပညာတက္ကသိုလ်တွေ(၂၈) ခုရှိပါတယ်။

မြန်မာနိုင်ငံမှာ နည်းပညာတက္ကသိုလ်တွေ(၂၈) ခုရှိပါတယ်။

ဒါပေမဲ့ အဆိုပါတက္ကသိုလ်(၂၈)ခုကတော့ GTI(Government Institute of Technology) ကနေအဆင့်မြှင့်ထားတဲ့ TU(Technological University) လို့ခေါ်တဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နည်းပညာတက္ကသိုလ်တွေ(၂၈) ခုရှိပါတယ်။

ဒါပေမဲ့ အဆိုပါတက္ကသိုလ်(၂၈)ခုကတော့ GTI(Government Institute of Technology) ကနေအဆင့်မြှင့်ထားတဲ့ TU(Technological University) လို့ခေါ်တဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်။

1. Technological University, Bhamo

2. Technological University, Dawei

3. Technological University, Hinthada

4. Technological University, Hmawbi

5. Technological University, Hpa-An

6. Technological University, Kalay

7. Technological University, Kyaingtong

8.  University, Kyaukse

9. Technological University, Lashio

10. Technological University, Loikaw

11. Technological University, Magway

12. Technological University, Mandalay

13. Technological University, Maubin

14. Technological University, Mawlamyaing

15. Technological University, Meiktila

16. Technological University, Monywa

17. Technological University, Myeik

18. Technological University, Myitkyina

19. Technological University, Pakokku

20. Technological University, Panglong

21. Technological University, Pathein

22. Technological University, Sagaing

23. Technological University, Sittwe

24. Technological University, Taunggyi

25. Technological University, Taungoo

26. Technological University, Thanlyin

27. Technological University, West Yangon

28. Technological University, Yamethin

ဆိုပြီးဖြစ်ပါတယ်။ဒါပေမဲ့ အရင်က (COE, Center of Excellence) ဆိုပြီးခေါ်ဝေါ်ခဲ့တဲ့ YTU, MTU  ဆိုတဲ့ကျောင်း(၂)ကျောင်းလည်းကျန်ရှိပါသေးတယ်။

TUM ဆိုတဲ့ Technological University, Mandalay ကတော့ မန္တလေး အိုးဘိုအရပ်မှာရှိပြီး MTU( Mandalay Technological University) ကတော့ ရန်ကင်းတောင်အနီးမှာရှိပါတယ်။  ကျောင်း(၂)ကျောင်းဟာ နေရာအားဖြင့် အရှေ့အရပ်နဲ့ မြောက်အရပ်လိုကွာခြားပါတယ်။

MTU နဲ့TUM (၂) ကျောင်းလုံးရဲ့ကျောင်းအုပ်ကြီးဟာ ပါမောက္ခချုပ် ဒေါက်တာဆင့်စိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုနည်းပညာကျောင်း(၂)ကျောင်းဟာ  ပညာရေးဝန်ကြီးဌာနရဲ့ ဘတ်ချက်ဝေမျှပေးပုံအရ မတူညီပါဘူး။

MTU မှာတက်နေတဲ့ကျောင်းသားတွေဆို အလုပ်တွေက ပိုဦးစားပေးတယ်လို့ ဆိုရပါလိမ့်မယ်။

Practical တွေလုပ်ဆောင်ရာမှာလည်း ဥပမာအနေနဲ့ (civil ဆိုရင် TUM ကျောင်းသားတွေကို သဲနဲ့သာအုတ်စီခိုင်းပြီး MTU ကျောင်းသားတွေကတော့ ဘိလပ်မြေပါ အသုံးပြုလို့ရပါတယ်။)

(၂)ကျောင်းလုံးရဲ့ကျောင်းသားခေါ်ယူမှု rate ကလည်း အတူတူလောက်ပါပဲ။ ယခု ၂၀၁၈ ခုနှစ် ပထမနှစ်ကျောင်းသား၊ ကျောင်းသူခေါ်ယူမှုမှာတော့ MTU အနေနဲ့ အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ (၄) ဘာသာပေါင်းအမှတ်နဲ့ ၃၂၀ မှတ်ကိုနောက်ဆုံးထားခေါ်ယူခဲ့ပြီး TUM မှာတော့ ၃၀၀ မှတ်ပါ။

မေဂျာကတော့ MTU မှာ (၁၁) မေဂျာရှိပြီး Biotechnology ဆိုတဲ့တစ်မေဂျာပိုပါတယ်။ Biotechnology အတွက် နောက်ဆုံးအမှတ်က ၂၈၀ မှတ်ပါ။ သင်တန်းကာလက လေးနှစ်ဖြစ်ပြီး ဘွဲ့ကတော့ BS(Biotechnology) ဘွဲ့ကိုပေးမှာဖြစ်ပါတယ်။ BE အင်ဂျင်နီယာသင်တန်းဘွဲ့ကတော့ ခြောက်နှစ်တာကာလကြာမြင့်မှာဖြစ်ပြီး TUM မှာတော့ စုစုပေါင်းမေဂျာ (၁၀)ခုပဲရှိပါတယ်။

MTU မှာကBE ကျောင်းသားတွေအပြင် Master၊ Doctor ဘွဲ့တွေအတွက် သင်ယူနေကြတဲ့ကျောင်းသားတွေပါ တွေ့ရမှာပါ။TUM ကတော့BE ကျောင်းသားတွေပဲရှိပါတယ်။ ကျောင်း(၂)ကျောင်းလုံးရဲ့ activities တွေကတော့ ကွာခြားမှုအနည်းငယ်ရှိပါတယ်။ နိုင်ငံခြားမှ scholar requirement တွေကတော့ အတူတူပဲဖြစ်ပြီး မိမိအရည်အချင်းပေါ်သာ မူတည်ပါတယ်။ TUM နဲ့MTU (၂)ကျောင်းလုံးဟာ ISO လက်မှတ်တွေလည်း ရရှိထားကြပါတယ်။ ပညာသင်ကြားသည့်စာအုပ်တွေကတော့ အနည်းငယ်ကွာခြားနေပါတယ်။ သင်ရိုးကွာခြားတယ်လို့လည်း ပြောနိုင်ပါတယ်။ 

ဆရာ၊ ဆရာမအင်အားကတော့ MTU ကMaster ၊Doctor ဘွဲ့ကျောင်းသာပါရှိလို့ ပိုများတယ်လို့ဆိုနိုင်ပါတယ်။

TUM မှာတော့  Student’s Union၊ Future Youth Association( Debate,Books,Innovation & Environment) ၊စာပေနှင့်ယဉ်ကျေးမှုအသင်း၊ ကြက်ခြေနီအသင်း၊ လူမှုရေးအသင်းနဲ့တောင်တက်အသင်း၊ အခြားဘာသာရေးအသင်းအနည်းငယ်တို့ရှိပါတယ်။၎င်းအသင်းတွေကပဲ သူတို့နဲ့သက်ဆိုင်ရာ activities များကိုဦးဆောင် ပြုလုပ်ကြပါတယ်။ ကျောင်းသားခေါင်းဆောင်တွေနဲ့ အစိုးရ၊ ကျောင်းအကြီးအကဲတွေပေါင်းစပ်ပြီး ပညာပေးဟောပြောပွဲတွေ ပြုလုပ်ကြတာလည်း ရှိပါတယ်။ TUM အနေနဲ့ YTU ရဲ့ခြေရာကိုလိုက်နေတယ်လို့ ဆိုနိုင်စရာအကြောင်းအရင်းတစ်ခု ရှိပါတယ်။ ဒါကတော့ online စာစောင်ပါ။YTU ရဲ့T-square လိုစာစောင်မျိုး TUM မှာလည်းThe Voice of Students ဆိုပြီးရှိနေပါတယ်။ အဆိုပါစာစောင်မှာတော့ အသင်းအဖွဲ့တွေရဲ့ တစ်ပတ်တာကြိုတင်အစီအစဉ်တွေ၊ ကျောင်းသားထုရဲ့စကားသံတွေ၊ ကျောင်းမှထူးချွန်သူတို့ရဲ့ ပညာဗဟုသုတဖြန့်ဝေမှုတွေ၊ နိုင်ငံခြားပညာသင်သတင်းတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

MTU မှာလည်းclub မျိုးစုံနဲ့ စိတ်ဝင်စားစရာ activities တွေအပြည့်ပါ။ ဒါ့အပြင် Recreation Centre လည်းရှိပါတယ်။HR ဌာနကလည်းScholar သတင်းတွေကို အချိန်နဲ့တပြေးညီ ဖြန့်ဝေပေးနေပါတယ်။

TUM မှာတော့ ဆရာ၊ဆရာမအဆောင်တွေနဲ့ မိန်းကလေးအဆောင်တစ်ဆောင်ပဲ တရားဝင်ရှိသေးပြီးMTU မှာတော့ ကျောင်းသား၊ ကျောင်းသူအဆောင်တွေ အများအပြားရှိပါတယ်။

အထက်ပါဖော်ပြချက်တွေကတော့ MTU(MIT)နဲ့ TUM(obo)တို့ရဲ့အဓိကကွာခြားချက်တွေပဲဖြစ်ပါတယ်။ ၂၀၁၇ ratingအနေနဲ့ဆိုရင် MTU က အဆင့်နှစ်မှာရှိပြီး TUM က အဆင့်ငါးမှာရှိနေခဲ့တာပါ။ မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အရ အမှတ်များသူတွေက အမှတ်တွေအလဟဿမဖြစ်စေချင်တာမို့ ကျောင်းအကောင်းဆုံးကိုသာရွေးချယ်ကြစမြဲပါ။ မြန်မာနိုင်ငံအတွက် တာဝန်သိတတ်ကျွမ်းသော အင်ဂျင်နီယာကောင်းများမွေးထုတ်ပေးရန်ဆိုတဲ့ ရည်ရွယ်ချက်တွေက တူလေတော့ အဆိုပါကျောင်း (၂) ကျောင်းများ ပေါင်းစည်းမလား။ ကိုယ့်မူဝါဒတွေနဲ့ကိုယ် ဆက်သွားကြမလားဆိုတာတော့ စောင့်ကြရဦးမှာ ဖြစ်ပါတော့တယ်။

 

 

December 13, 2018 at 10:56 am