contact@pandaingmap.com

(+95) 9 764-231-193

Business & IT

ကျွန်တော် ၁၀ တန်း ပြီးတုန်း က YTU ကို ဦးစားပေး လျောက်ခဲ့ တာပါ ။

ကျွန်တော် ၁၀ တန်း ပြီးတုန်း က YTU ကို ဦးစားပေး လျောက်ခဲ့ တာပါ ။ အဲ့တုန်း က ကိုယ့် ဘာသာ ကိုယ် ဘာဖြစ် ချင်မှန်း တကယ် မသိခဲ့ ဘူး ။ YTU ကို ပထမ ထားလျောက်ပြီးတော့ UIT ကို ဒုတိယ ထားလျောက် ခဲ့ တယ် ။
Tech Trend ကို လိုက်ချင် ခဲ့တာပါ ။ UIT ကို အမှတ်မှှီ ပြီး ဝင်ခွင့် ရ ခဲ့တယ် ။ ပထမ နှစ် အထိ ဟိုစပ်စပ် ဒီစပ်စပ် လိုက်လုပ် တယ် ။ ကိုယ်တကယ် ဘာဖြစ်ချင်မှန်း လုံးဝ မသိခဲ့ ဘူး ။ သင်တန်း ပေါင်းစုံ လည်း လိုက်တက် တာပဲ ။
အဲ့လို တက်ခဲ့တဲ့ ကျေးဇူးတွေ လည်း ပါတယ် ။ ဒုတိယ နှစ်လောက်မှာ ကိုယ်စိတ်ဝင်စားတာ Business ပါလား ဆိုပြီး သိခဲ့တယ် ။ အမှန်အတိုင်း ဝန်ခံ ရ ရင် Programming ပိုင်းမှာ လိုက်နိုင်တယ် ဒါပေမယ့် စိတ်လုံးဝ မပါ ။ အဲ့ တော့ လုပ်ရတာ မပျော် ဘူး။ 

ကိုယ်စိတ်ဝင်စားတာ business ဆိုတာ လည်း သိခဲ့တယ် ။ ဒါပေမယ့် ဒုတိယနှစ်မှာလည်း အဲ့ လိုင်း ကို လိုက်ဘို့ မစဉ်းစား ပဲ ။ ကျောင်းစာ ကို ပဲ စဉ်းစား နေမိတယ် ။ Database ဘာညာ လည်း သွားတက် ။ Android ဆိုလည်း သွားတက် ။ ကိုယ် တကယ် စိတ်မဝင် စားတာတွေ ဆိုတော့ ဆက်မလိုက် ဖြစ်ပါဘူး ။ တက်တဲ့ အချိန် ခဏ ပဲ ။

UIT မှာ က Third Year အထိ Software(CS) နဲ့ Hardware(CT) ဆိုပြီး ယူ ရတယ် ။ Fourth Year ရောက်မှ Major အသီးသီး ခွဲတာ ။ ကျွန်တော် စတက် တုန်း က ကျွန်တော် က Third Batch လေ ။ ကျွန်တော် တို့ အရှေ့ မှာ က နှစ် Batch ပဲ ထက်ရှိတာ ဆိုတော့ ။ ကျွန်တော် First Year စတက် မှ Senior တွေ က Third Year ပဲရှိသေးတာဆိုတော့ ဘယ်သူ မှ Major တွေ အကြောင်း ကောင်းကောင်း မသိကြသေး ဘူး ။
ကံကောင်းချင်တော့ အဲ့ မှာ BIS ( Business Information System ) ဆိုတဲ့ Major ပါ တယ် ။ Business + IT ပါ ။ ကျွန်တော့ အကြိုက်ပေါ့ ။ Second Year အကုန် Third Year စတက် ကတည်း က အဲ့ Major ယူမယ် ဆိုပြီး စိတ်ပိုင်းဖြတ် ပြီးသား ။ 

March 7, 2018 at 04:05 pm