contact@pandaingmap.com

(+95) 9 764-231-193

သင်ကြားရေး ပုံစံသုံးမျိုးရှိပါတယ်။ visual learners လို ခေါ်တဲ့အမြင်နှင့် သင်ယူမှုကို နှစ်သက်သူများ 

ကျောင်းသူ ကျောင်းသားတွေ ရေရှည် ပညာကို ဘယ်လိုထိထိရောက်ရောက် သင်ယူကြမလဲ ကျွန်မတို့အနေနဲ့ငယ်ငယ်တည်းက ပညာရပ်ဘာသာရပ်တစ်ခုခုကို သင်ယူတော့မယ် ဆိုရင် အမြဲတမ်း သတိမထားမိတဲ့အချက်တွေရှိပါတယ်။

ကျောင်းသူ ကျောင်းသားတွေ ရေရှည် ပညာကို ဘယ်လိုထိထိရောက်ရောက် သင်ယူကြမလဲ ကျွန်မတို့အနေနဲ့ငယ်ငယ်တည်းက ပညာရပ်ဘာသာရပ်တစ်ခုခုကို သင်ယူတော့မယ် ဆိုရင် အမြဲတမ်း သတိမထားမိတဲ့အချက်တွေရှိပါတယ် ဥပမာ ကိုယ်တိုင်က ဘာသာရပ်တစ်ခု ခုကိုလေ့လာသင်ယူတော့မယ်ဆိုရင် ဘယ်လိုသင်ယူတာက ပိုပြီး ကိုယ်သင်ကြားနေတဲ့အ ရာကိုထိရောက်ကောင်းမွန်စေသလဲ ဆိုတာမျိုးကို မစဉ်းစားတော့ဘဲ တော်တော် များများကသင်တဲ့ ဆရာ ဆရာမတွေ အပေါ်ကိုသာ မှီခိုပြီး သင်ကြားသလိုကို ကြိုက်သည် ဖြစ်စေမကြိုက်သည်ဖြစ်စေ သင်ယူကြပြီး မိမိက ဘာကို ပိုနှစ်သက်လဲ မည်သို့ပုံစံကိုပိုပြီး နှစ်သက်သင်ယူချင်သလဲ ဆိုတာ အမြဲမေ့ပြီး မပြောတာများပါတယ်။ဒါကြောင့် က ျွန်မတို့ရဲ့ပညာရေးစနစ်က ကျောင်းသူ ကျောင်းသားဗဟိုပြုလို့ခေါ်တဲ့ CCA. child center education, SCA student center education မဖြစ်ခဲ့ပါဘူး ။ သင်ကြားမှုပုံစံကို လည်း သတိမထားမိကြတော့ ကျောင်းသား ကျောင်းသူ ဗဟိုပြု ပညာရေး  သည်
ကျောင်းသူ ကျောင်းသားများကို ဆရာ ဆရာမ တွေအပေါ်မှာပဲ မှီခိုနေတာမဟုတ်ဘဲကိုယ်တိုင်လေ့လာသင်ယူ နိုင်အောင် စာဖတ်ကျင့်ပါသွားအောင်လည်း ကူညီပေးတဲ့ကျောင်းသူ ကျောင်းသား ဗဟိုပြု ပညာပေညာရေးဖြစ်ပါတယ်။ တစ်ခါကမြန်မာ့ပညာရေးဟာကမ္ဘာ့အ ဆင့်ကို မီခဲ့ကြပါတယ်။ တက္ကသိုလ်ရဲ့ အဆင့်ကလည်းကမ္ဘာအဆင့်မီခဲ့ပါတယ်။ အာဖရိကတိုက်က တချို့ကျောင်းသားတွေရန်ကုန်တက္ကသိုလ်မှာလာတက်ခဲ့ရပါတယ်။တက္ကသိုလ်ဝင်တန်း အောင်ရင်တက္ကသိုလ်မှာ ကိုယ်ကြိုက်ရာ ဝါသနာပါရာ ဘာသာရပ်ကို ရွေးချယ်ခွင့် ရှိပါတယ်။ကိုယ်စိတ်မဝင်စားတဲ့ ဘာသာရပ်ကို အတင်းသင်ယူရခြင်းမရှိပါ။စာတော်သူအများစုကလဲ ကိုယ်စိတ်မပါရင် ဆရာဝန်၊ အင်ဂျင်နီယာ ဘာသာရပ်များကိုမသင်ကြဘဲ Honours ခေါ် ဂုဏ်ထူးတန်း ကို ကိုယ့်စိတ်ကြိုက်ဘာသာရပ်နဲ့တက်ရောက်သင်ကြားကြပါတယ်။ ဝိဇ္ဇာ ပညာရပ်များ သင်ကြားသူများ လဲ ဂုဏ်မငယ်ကြပါ။ဝိဇ္ဇာ။ သိပ္ပံ။ စီးပွါးရေး။ ပညာရေး။ စိုက်ပျိုးရေး။ ဆေးပညာ။ အင်ဂျင်နီယာအတတ်တို့ မှာလဲတကယ်စိတ်ပါသူများသာတက်ရောက်ဘွဲ့ယူခဲ့ကြပြီး တကယ်တတ်သူကတတ်လိုသူကို ပညာ သင်ပေးတဲ့ ခေတ်နဲ့စနစ်ဖြစ်ခဲ့ပါတယ်။ ပညာရေးစနစ်ရဲ့အဓိကပျက်စီးခြင်း အကြောင်းကလည်း ပညာရေးစနစ်က ကျောင်းသူ ကျောင်းသားဗဟိုပြုလို့ခေါ်တဲ့ CCA. child center education, SCA student center education မဖြစ်ခဲ့လို့ပါ။
ဒါကြောင့် ကျောင်းသား ကျောင်းသူ ဗဟိုပြုပညာရေးရဲ့အရေး ကြီးဆုံး အချက်ဖြစ်တဲ့ကျောင်းသူ ကျောင်းသားဗဟိုပြုလို့ခေါ်တဲ့ CCA. child center education, SCA student center education မဖြစ်ခဲ ဖြစ်တဲ့ သင်ယူမှုနည်း၃နည်းသည်အရေးပါကြောင်းပြောသွားမှာပါ။
 Auditory learners အသံနှင့်သင်ယူလိုသူများနှင့် Kinesthetic learners အထိအတွေ့နှင့်သင်ယူလိုသူများဆိုပြီးသုံးမျိုးသုံးစားရှိပါသည်။ထိုသင်ကြားနည်းသုံးမျိုးကိုကျောင်းသားကျောင်းသူများ၏မည်သည့်ဘာသာမှသင်ကြားမှုမစသေးခင်တွင်ပထမဆုံးအနေဖြင့်ထိုသင်ကြားမှုသုံးမျိုးကိုသိရှိနားလည်ရမည်ဖြစ်သည်။ထိုသို့နားလည်ခြင်းဖြင့်ကိုယ်တိုင်ကမည်သို့ပုံစံကိုသင်ယူချင်သနည်းဆိုတဲ့အရာကိုသဲသဲကွဲကွဲသိကာလွယ်ကူစွာလေ့လာနိုင်မည်ဖြစ်သည်။ထိုသိုပိုမိုထိရောက်သောသင်ကြားရေးကိုဆရာဆရာမများကလည်းသင်ပေးရမည်ဆိုသောအချက်ကိုလည်းသတိထားသိထားရမည်ဖြစ်သည်။
ပထမဆုံးသင်ကြားရေးပုံစံသည် visual learners လိုခေါ်တဲ့အမြင်နှင့်သင်ယူမှုကိုနှစ်သက်သူများဖြစ်သည်။
ဥပမာတစ်ချို့သူတွေကအမြင်နှင့်သင်ကြားရခြင်းးကိုပိုမိုနှစ်သက်ကြသည်။ပုံများများပါသောသင်ကြားရေးကိုပိုမိုနှစ်သက်ကြပြီးကလေးတွေကိုကြည့်လျှင်ပိုမိုထင်သာမြင်သာရှိနိုင်ပါသည်။ငယ်စဉ်ကတည်းကကာတွန်းပုံများကိုအခန်းထဲတွင်ဆွဲထားပေးခြင်းအလှဆင်ထားပေးခြင်းတို့ကိုပြုလုပ်တာကြောင့်ကလေးများဟာကျောင်းကိုမကြောက်တော့ဘဲထိုကာတွန်းလေးများကြောင့်ကျောင်းကိုချစ်နောက်ဆရာဆရာမများကိုချစ်သူငယ်ချင်းများကိုပါချစ်ကာစာသင်ရခြင်းကိုပါချစ်တတ်လာပါတယ်။
ဒါကြောင့်တစ်ချို့လူတွေဟာပုံတွေပါရင်ပိုမိုထိရောက်စွာလေ့လာချင်ကြပြီးစိတ်ဝင်စားကြပါတယ်။ဒါဆိုသင်ယူလိုသူသည်အမြင်ကိုပိုမိုနှစ်သက်ကြသောကြောင့် visual learners လို ခေါ်တဲ့အမြင်နှင့် သင်ယူမှုကို နှစ်သက်သူများ ဖြစ်သည်။ visual learners လိုခေါ်တဲ့အမြင်နှင့်သင်ယူမှုကိုနှစ်သက်သူများဖြစ်သည်။
Auditory learnersသည်အသံနှင့်ပိုမိုနှစ်သက်သောသူဖြစ်ပြီးလေ့လာရာတွင်အသံများကိုပိုမိုအသုံးပြုလိုသူများကိုဆိုသည်။ဥပမာသီချင်းအသံများနှင့်တွဲကာမှတ်သားလျှင်ပိုမိုမှတ်သားနိုင်ခြင်းတို့ဖြစ်သည်။တစ်ချို့ကျောင်းသားကျောင်းသူများသည်တစ်ခြားသူစာကျက်နေသောအသံကိုပင်ကြားပြီးစာရသွားသောသူများလည်းရှိသည်။
Kinesthetic learnersအထိအတွေ့နှင့်သင်ယူလိုသူများသည်ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်လိုက်ပါဝင်လိုက်ရမှပိုမိုသင်ယူနိင်တာမျိုးလည်းရှိပါသည်။ဥပမာကျွန်မတို့ဆယ်တန်းတုန်းကသင်ကြားခဲ့သောငါးဖားဇီဝဗေဒအကြောင်းများကိုသင်ကြားရာတွင်ကိုယ်တိုင်ခွဲစိတ်ပါဝင်လိုက်မှာပိုမိုမှတ်မိသွားသူတွေကိုဆိုလိုတာပါ။
ထိုသုံးခုအနက်မည်သည့်သင်ကြားနည်းကအကောင်းဆုံးပိုကောင်းသနည်းဟုမေးလျှင်
သုံးခုလုံးသည်သူ့နေရာနှင့်သူအားသာချက်များရှိတာကြောင့်သူ့သင်ကြားရေးစနစ်နှင့်အညီဆက်လက်လေ့လာမှသာပိုမိုလေ့လာနိုင်မည်ဖြစ်သည်။
ပညာရေးတိုးတက်နေသောနိုင်ငံများကလည်းထိုသို့ကျောင်းသားဗဟိုပြုပညာရေးနှင့်စနစ်ကိုအလေးထားကာကျောင်းသားများအားသင်ကြားမှုပုံစံသုံးမျိုးကိုပါစာသင်ချိန်လေးဆယ့်ငါးမိနစ်တွင်အသံရုပ်လှုပ်ရှားမှုသုံးခုစလုံးထည့်ကာဆွေးနွေးသင်ကြားနေသည်။မြန်မာ့ပညာရေးသည်လည်းထိုအချက်ကိုထည့်သွင်းစဉ်းစားရမည်သာဖြစ်သည်။

September 24, 2018 at 09:35 am