contact@pandaingmap.com

(+95) 9 764-231-193

ကျောင်းသားတွေရဲ့ Term Paper နဲ့ Thesis တွေရဲ့ အဆုံးသတ်

မြန်မာနိုင်ငံရဲ့    ပညာရေးစနစ်အရ   ကျောင်းသားကျောင်းသူတွေဟာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးရင်  မိမိရဲ့ ရမှတ်အလိုက် ဝိဇ္ဇာ သိပ္ပံ နဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် စသဖြင့်  ရွေးချယ်တက်ရောက်ရပါတယ်။

                         မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အရ ကျောင်းသားကျောင်းသူတွေဟာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးရင် မိမိရဲ့ ရမှတ်အလိုက် ဝိဇ္ဇာ သိပ္ပံ နဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် စသဖြင့် ရွေးချယ်တက်ရောက်ရပါတယ်။ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေမှာတော့ ၂၀၁၃၊ ၂၀၁၄ ပတ်ဝန်းကျင်လောက်ကစပြီး ဘွဲ့ကြိုအတန်းတွေအတွက် စာသင်နှစ်ကို ဝိဇ္ဇာ သိပ္ပံဆို ၄နှစ် ၊ ဥပဒေ ဆို ၅နှစ်၊ နည်းပညာတက္ကသိုလ်ဆိုရင် ၆နှစ် နဲ့ ဆေးတက္ကသိုလ်တွေမှာတော့ ၇နှစ် ဆိုပြီး အသီးသီး တိုးမြှင့်လာကြပါတယ်။ အတန်းငယ်တွေမှာတော့ စာတွေ့ လက်တွေ့ သမားရိုးကျ သင်ကြားကြရပါတယ်။ ပြောင်းလဲခါစနှစ်များမှာတော့ အတန်းကြီးပိုင်းရောက်လာတဲ့အခါ ကျောင်းသားတွေဟာ Paper ရေးရတာတွေ စာတမ်းပြုစုတာတွေ ရှိလာပါတယ်။ ပထမနှစ်ကစလို့ အတန်းကြီးရင်ကြီးသလို တစ်ဦးချင်း ( သို့မဟုတ် ) အဖွဲ့လိုက် power point presentation လုပ်ရတာတွေ project ၊ practical ၊ term paper ၊ mini thesis ၊ thesis ရေးရတာတွေရှိလာပါတယ်။ ဒီလိုတွေပြုလုပ်နိုင်ဖို့အတွက် ကျောင်းသားတွေဟာ သင်ခန်းစာနဲ့ပတ်သက်တဲ့ အကြောင်းအရာ တွေကို ပုံနှိပ်စာအုပ်ထဲကသင်ခန်းစာ စာသင်ခန်းထဲကဆရာမရှင်းပြပေးတာ အပြင် ပညာရပ်နဲ့ဆိုင်တဲ့ ပြင်ပဗဟုသုတ၊ အင်တာနက် မှ အချက်အလက်များကိုလည်း လေ့လာဖို့လိုအပ်လာပါတယ်။ ကျောင်းသားတွေရဲ့ တစ်ဦးချင်းလေ့လာမှုစွမ်းရည်၊ အဖွဲ့နဲ့ လုပ်ရတဲ့အခါ အဖွဲ့ အစည်းစိတ်ဓာတ် တွေကိုပါ လေ့ကျင့်ပျိုးထောင်ပေးရာရောက်ပါတယ်။ဒါဟာ ယခုမျိုးဆက်နဲ့နောင်လာနောင်သားတွေအတွက်မြန်မာနိုင်ငံအဆင့်မြင့်ပညာရေးစနစ်တိုးတက်လာခြင်းဖြစ်တဲ့အတွက်ကောင်း မွန်တဲ့အချက်ဖြစ်ပါတယ်။ ဒီလို term paper တွေကို Thesis တွေရေးတဲ့အခါမှာကျောင်းသားတွေဟာ computer internet တွေကိုအသုံးပြုရ၊ နည်းပညာဗဟုသုတအနည်းငယ်ရှိထားရမှာဖြစ်ပါတယ်။ အရင် ၂၀၀၀ အစောပိုင်းနှစ်များတက္ကသိုလ် ကျောင်းပီး ဘွဲ့ရခဲ့တဲ့သူ တော်တော်များများဟာ ကျောင်းပီးအလုပ်ခွင်ထဲဝင်တဲ့ထိ computer အခြေခံ၊ နည်းပညာ နဲ့ပတ်သက်ပီး ကျွမ်းကျင်မှုအားနည်းပါတယ်။ ဒါကြောင့် ဘွဲ့ရ ပီးရင် အချိန်တခုပေး၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေတက်ပီးလေ့လာခဲ့ရပါတယ်။ ဒါကြောင့် တကသိုလ်ကျောင်းသားဘဝမှာကတည်းကနည်းပညာ၊ အင်္ဂလိပ်စာနဲ့ အထိအတွေ့များလာတဲ့အခါမှာကျောင်းပီးလုပ်ငန်းခွင်ထဲရောက်တဲ့အခါအနည်းနဲ့အများတော့အသုံးဝင်ပါတယ်။ Term paper တွေ thesis တွေဟာစာမေးပွဲရလဒ်အတွက် ရာခိုင်နှုန်းတော်တော်များများအရေးပါတာကြောင့်ကျောင်းသားကျောင်းသူတွေဟာ အလေးပေးပီးဂရုစိုက်တတ်ကြပါတယ်။ တချို့မေဂျာတွေမှာဆိုရေးဖြေစာမေးပွဲတောင်မစစ်ဘဲ term paper တွေ၊ thesis တွေ ရဲ့ ရလဒ်အပေါ်မှာဘဲစာမေးပွဲအောင်မအောင် ဆုံးဖြတ်တယ်လို့သိရပါတယ်။ ကျောင်း ၁၀၀ မှာ ၁၀၀ လုံးတော့ကြိုးစားချင်မှကြိူးစားကြပေမဲ့အနည်းဆုံး ၅၀ ရာခိုင်နှုန်းကတော့အချိန်တခုပေးပီးသေချာပြင်ဆင်ကြလေ့ရှိပါတယ်။ ဒီလိုပြင်ဆင်တဲ့အချိန်မှာကျောင်းသားတွေဟာသူတို့သိသလောက်မှတ်သလောက်အပြင်ကို ပြင်ပအချက်တွေပါရှာဖွေစုဆောင်းပီးပြင်ဆင်ကြတာကိုမျက်မြင်ကြုံတွေ့ခဲ့ရပါတယ်။ တချို့အကြောင်းအရာတွေမှာကျောင်းကဘာမှမပြောပြထားမရှင်းပြထားပါဘဲကျောင်းသားတွေမှာသူ့တာဝန်ယူရမဲ့ခေါင်းစဉ်အတွက် ကကြီး ကအစ အ အထိ အသေးစိတ်လေ့လာကြတတ်ပါတယ်။ paper ၊ thesis တွေအကုန်ရေးပီး ပြင်ဆင်ပီးပီဆို print တွေထုတ်၊ စာအုပ်တွေချုပ်တာမျိုးတွေလဲရှိလာပြန်တယ်။ စာရေးသူကတော့နည်းပညာတကသိုလ် နယ်ပယ်ကလာတာဖြစ်တဲ့အတွက် အဲဒီ တက္ကသိုလ် စာရေးသူတို့မေဂျာမှာဆို ပထမနှစ် ကစပီး ပုံမှန် project လုပ်ရတာတွေရှိပါတယ်။ နောက်ပိုင်းအတန်းတစ်တန်း တစ်တန်းစီပီးလာတာနဲ့အမျှ paper ၊ mini thesis ၊ major thesis ၊ graduation thesis စသဖြင့်ရှိပါတယ်။ ပြီးရင်စာအုပ်တွေချုပ်ပါပြီဆိုစာရွက်ကဘယ်နရွက်၊ ဒီဇိုင်းကာလာ ပုံစံဘယ်နမျိုးစာရွက်စာအုပ်အသားကဘယ်လောက်အထူအပါး၊ အဖုံးက ကထ္ထူနဲ့နဲ့အဖုံးပေါ်ကခေါင်းစီးကရွှေရောင်၊ ရွှေစာလုံး ဒီလိုကန့်သတ်ချက်၊ သတ်မှတ်ချက်တွေကိုလည်းလိုက်နာရပါတယ်။ ဒီလို project တွေ အတွက် ကုန်ကျစရိတ်အပိုင်းတွက်ကြည့်ရင်လည်း ၂သောင်း၊ ၃သောင်း လောက်ကစပီး project အကြီးရင်ကြီးသလို သိန်းဂဏန်းလောက်ထိရှိပါတယ်။ စီးပွားရေးအဆင်ပြေတဲ့ ကျောင်းသားတွေတွက် အဆင်ပြေကောင်းပြေနိုင်ပေမဲ့ စီးပွားရေးအကြပ်အတည်းကြားကကျောင်းသားတွေအဖို့မှာတော့ ဒီကိန်းဂဏန်းတွေဟာရင်မောစရာဖြစ်လာပါတယ်။ ဒီလိုအချိန်ကုန်၊ ငွေကုန်ခံပီး ရင်းနှီးခဲ့တဲ့ ကျောင်းသားတွေအတွက် တစ်ခါတစ်လေမှာ သူတို့ရဲ့ကြိုးစား မှုကိုအသိအမှတ်ပြုမခံရတဲ့ အခါစိတ်ဓာတ်တွေကျပီးလက်လျော့ချင်စိတ်တွေ၊ ကျောင်းနေမပျော်တော့တာတွေဟာစာရေးသူအနေနဲ့မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရဖူးပါတယ်။ ရလဒ်ကောင်းကောင်း နဲ့အသိအမှတ်ပြုခံရတဲ့ကျောင်းသားတွေမှာတော့ဂုဏ်ယူခဲ့ရပေမဲ့ ကျန်တဲ့ကျောင်းသားတွေမှာတော့သူတို့ရဲ့ကြိုးစားမှုလေးတွေအတွက်ပြန်လည်သိမ်းထားခွင့်လည်းမရှိ၊ ဗီရိုတွေ စာအုပ်စင်တွေပေါ်မှာ အပစ်ခံရပီး ရက်တွေနှစ်တွေကြာလာတဲ့အခါရေစို၊ စုတ်ပြတ်၊ ချစားသွားတဲ့အဖြစ်တွေကြည့်ပီးရင်နာနေကြပါတယ်။ ကျောင်းသားတွေရဲ့အချိန်တွေ၊ ငွေတွေ ရင်းနှီးထားခဲ့ရတဲ့ project ၊ paper ၊ thesis တွေကိုကျောင်းတွေမှာသိမ်းထားပါမယ်ဆိုရင်လည်း လုံချုံစိတ်ချရတဲ့နေရာလေးတွေမှာ ကျောင်းသားတွေရဲ့ကြိုးစားမှုပြတဲ့အနေနဲ့နေရာကောင်းလေးတစ်ခုပြင်ဆင်ပေးပီးထားပေးတာမျိုး၊ paper ၊ thesis တွေကိုလဲ pdf file လေးတွေအဖြစ်ပြင်ဆင်ပီး e-library လေးတွေမှာထားပေးတာဘဲဖြစ်ဖြစ်လုပ်ပေးမယ်ဆိုရင်တော့ ကျောင်းသူကျောင်းသားတွေအနေနဲ့လည်းတစ်ချိန်မှာသူတို့ရဲ့ကြိုးစားမှုလေးကိုပြန်ကြည့်ပီး ဂုဏ်ယူလို့ရတာပေါ့။ စတိုခန်း အခန်းကျဉ်းလေးတစ်ခုမှာစာအုပ်တွေဖုန်တက်၊ ခြစား ၊ ပိုးကိုက်သွားမှာထက်စာရင် နောင်မျိုုးဆက်သစ်တွေလဲပြန်လည်မှီငြမ်းလို့ရမဲ့လွယ်ကူပီးခေတ်မှီတဲ့နည်းလမ်းလေးတွေရဲ့ paper တွေ thesis တွေ အဆုံးသတ်လေးလှပါစေလို့ဆုတောင်းရင်း                                                                                                                                                    
                                                                                   Margaret 

Image credit - http://writingatermpaper.com/ 

September 11, 2018 at 09:09 am