contact@pandaingmap.com

(+95) 9 764-231-193

လူငယ်များအကြား ခေတ်စားလာသည့်စာရင်းအင်းနှင့်စီးပွား ရေးစီမံခန့်ခွဲမှုပညာ(Accounting and Bussiness Management)

ကျွန်တော်တို့မြန်မာနိုင်ငံတွင် ၂၀၁၀ခုနှစ်နောက်ပိုင်း နိုင်ငံခြားကုမ္ပဏီမြောက်များစွာ ၀င်ရောက်လာခဲ့ပြီးနောက် အလုပ်အကိုင်အခွင့်အလန်းများစွာပေါ်ပေါက်လာခဲ့ပါတယ်။

လူငယ်များအကြား ခေတ်စားလာသည့်စာရင်းအင်းနှင့်စီးပွား
ရေးစီမံခန့်ခွဲမှုပညာ(Accounting and Bussiness Management)
•    ___________________________________________________

ကျွန်တော်တို့မြန်မာနိုင်ငံတွင် ၂၀၁၀ခုနှစ်နောက်ပိုင်း နိုင်ငံခြားကုမ္ပဏီမြောက်များစွာ ၀င်ရောက်လာခဲ့ပြီးနောက် အလုပ်အကိုင်အခွင့်အလန်းများစွာပေါ်ပေါက်လာခဲ့ပါတယ်။နယ်ပယ်ုံ ကဏ္ဍအသီးသီးကို ရင်ူနှီးမြှုပ်နှံမှုများစွာ၀င်ရောက်
လာခဲ့ပြီးနောက်မှာဒေသခံတွေအတွက် အလုပ်နေရာပေါင်းများ
စွာဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်လူငယ်တွေအနေနဲ့ အခြေခံပညာသင်ယူ တက်မြောက်ပြီးနောက်မှာ အလုပ်ခေါ်ယူမှုများပြားတဲ့ဘွဲ့၊ဒီဂရီတန်းတွေကို တက်ရောက်ဖို့ရွေးခြယ်လာခဲ့
ကြပါတယ်။အဆိုပါ အသက်မွေး၀မ်းကျောင်းပညာရပ်တွေထဲ
မှာမှ စာရင်းအင်းနဲ့ စီးပွားရေးစီမံခန့်ခွဲမှုပညာ(Accounting & Bussiness Management)ဟာလူငယ်တွေကြားရေပန်း
အစားဆုံးဘာသာရပ်ဖြစ်လာခဲ့ပါတယ်။ပြည်တွင်းအလုပ်အကိုင်ခေါ်ယူရာမှာ စာရင်းအင်းနဲ့စီးပွားရေးဆိုင်ရာနယ်ပယ်များခေါ်ယူမှုများပြားခြင်း၊လုပ်ခလစာများပြားခြင်းနဲ့ နယ်ပယ်စုံနေရာစုံမှာ အသုံး၀င်ခြင်းတို့ကြောင့် လူငယ်များအကြား စိတ်၀င်စားမှုမြှင့်တက်လာခြင်း ဖြစ်ပါတယ်။
စာရင်းအင်း(Accounting)ဘာသာရပ်ဟာ ၀င်ငွေထွက်
ငွေတွက်ချက်ခြင်း၊လုပ်ငန်းတစ်ခုရဲ့ အမြတ်အရှုံးစာရင်း၊ ကုန်ရောင်းကုန်၀ယ်စာရင်း၊ကုမ္ပဏီရှယ်ယာ အရောင်းအ၀ယ်တွက်ချက်ခြင်း၊လချုပ်နှစ်ချုပ် တွက်ချက်ခြင်း စသဖြင့် လုပ်ငန်းနယ်ပယ်တိုင်းမှာ အသုံး၀င်တဲ့ ဘာသာရပ်တစ်ခုဖြစ်ပါ
တယ်။မည်သည့်စီးပွားရေးလုပ်ငန်းမှာမဆို စာရင်းကိုင်(Accountant)တစ်ယောက်အနည်းဆုံးရှိတတ်ကြပါတယ်။ စားသောက်ဆိုင်လုပ်ငန်းမှအစ ဆောက်လုပ်ရေး၊ကူးသန်းရောင်း၀ယ်ရေးကုမ္ပဏီကြီးများအထိ စာရင်းအင်းပညာဟာ အလွန်အရေးပါလှပါတယ်။ အစိုးရဌာနပိုင်းမှာဆိုရင်
လည်း "ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး"ဆိုတာရှိကာ ပြည်ထောင်စုအစိုးရရဲ့ ၀န်ကြီးဌာနပေါင်းစုံရဲ့ ဘဏ္ဍာငွေစာရင်း၊ ရသုံးငွေစာရင်း စသည်တို့ကိုစစ်ဆေးပေးရပါတယ်။ စာရင်းအင်း
ပညာ(Accounting)ပိုင်းနဲ့ပက်သက်လို့ ပြည်တွင်းရှိ အစိုးရ
တက္ကသိုလ်နဲ့ ဒီဂရီကောလိပ်တွေဖြစ်တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်တို့မှာ တက်ရောက်နိုင်ပါတယ်။၀င်ငွေကောင်းပြီး နိုင်ငံတကာအဆင့်စာရင်းကိုင်တစ်ယောက်ဖြစ်ဖို့အတွက် ပြည်တွင်းဘွဲ့လက်မှတ်တစ်ခုနဲ့တင် မလုံလောက်ပါဘူး။နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့တစ်ခုခုရရှိရန် လိုအပ်ပါသေးတယ်။
စာရင်းအင်းပညာရပ်(Accounting)ပိုင်းနဲ့ပက်သက်ပြီး နိုင်ငံတကာအသိအမှတိပြုအနိမ့်ဆုံး Certificateကတော့
အင်္ဂလန်နိုင်ငံ Pearson ပညာရေးအဖွဲ့အစည်းကြီးကပေးအပ်တဲ့ LCCI Certificate ဖြစ်ပါတယ်။ LCCIအနေနဲ့ Level 1,2 & 3သုံးခုရှိပြီး level2အောင်မြင်ရင်Diplomaတစ်ခု၊ level 3 (4 subjects) လုံးအောင်မြင်ရင် Diploma 2ခုစီရရှိမှာဖြစ်သလို levelတစ်ခုချင်းစီရဲ့ သက်ဆိုင်ရာဘာသာရပ် တစ်ခုချင်းစီအတွက် Certificate တွေလည်းရရှိမှာ ဖြစ်ပါတယ်။ LCCI level အားလုံးအောင်မြင်ပြီးတဲ့သူတွေအတွက်လည်း ပိုမြှင့်တဲ့နေရာတွေကို ဆက်လက်တက်လှမ်းနိုင်ဖို့ ACCA Level တန်းတွေလည်း ရှိနေပါသေးတယ်။LCCI levelအတွက် သင်ကြားလေ့လာချိန်တစ်နှစ်ကြာမြှင့်မှာဖြစ်ပြီး ACCA (16 subjects) အတွက် ၂နှစ်ကနေ၂နှစ်ခွဲထိ အချိန်ယူရပါတယ်။ACCA level ၁၆ဘာသာကို ၄ဘာသာတစ်သုတ်အဖြစ်Part-1, Part-2,Part-3 &part-4 ဟူ၍ လေးပိုင်းခွဲကာ အများဆုံးဖြေကြားကြလေ့ရှိပါတယ်။ ACCA ဘာသာရပ်အားလုံးအောင်မြင်ပြီးပြီဆိုရင်တော့ ၀င်ငွေကောင်းမွန်တဲ့ရာထူးကြီးကြီးတွေကို ရရှိနိုင်မှာသေချာပါတယ်။ ဒါ့ပြင် CPA, DBAစတဲ့ High Nation Diplomaတန်းတွေကို လည်းတက်
ရောက်နိုင်ပါသေးတယ်။
စီးပွားရေးစီမံခန့်ခွဲပညာရပ်( Bussiness Management)ဟာလည်း(Accounting)လိုဘဲ စီးပွားရေးလုပ်ငန်းတွေမှာ အရေးပါအရာရောက်တဲ့ ဘာသာရပ်တစ်ခုဘဲ
ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ ကောင်းကောင်းစီမံခန့်ခွဲတတ်ဖို့ မဖြစ်မနေတတ်ထားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ အဆိုပါပညာရပ်တွေကိုလည်း အစိုးရစီးပွားရေး
တက္ကသိုလ်တွေနဲ့ ကောလိပ်တွေမှာ သင်ယူနိုင်သလို ပုဂ္ဂလိက နာမည်ကြီးတက္ကသိုလ်တွေမှာလည်း နိုင်ငံတကာအသိအမှတ်ပြု
ဘွဲ့ကြိုတန်းတွေကို တက်ရောက်လို့ရပါတယ်။ပြည်တွင်းမှာ HND level 4 တန်းတွေတက်ရောက်ပြီး နောက်ဆုံးနှစ်ကိုသာ နိုင်ငံခြားတက္ကသိုလ်တွေမှာ သွားရောက်သင်ကြားပြီး နိုင်ငံတကာဘွဲ့ကိုစရိတ်စကနဲပါးစွာ တက်ရောက်နိုင်ပြီဘဲဖြစ်ပါ
တယ်။Bussiness Managementမှာဘာသာရပ်ပေါင်းများစွာရှိပါတယ်။အဆိုပါ ဘာသာရပ်ပေါင်းများစွာထဲမှာမှ လူသိများတဲ့ ဘာသာရပ်နွေကတော့ Administraction,logistic and Supply,Operation Management,Sale & Sale Management,Marketing Research,Quantitative methods of Managers,Hospilaty Management,Public Relations,Advertising,Marketing Management,Financial Management,Human Resorces,Managing For Service Excellence,
•    International Bussiness Communications,Consumer Behaviourနဲ့ Project Managementတို့ဖြစ်ကြ
•    ပါတယ်။မိမိနဲ့ သင့်တော်တဲ့ ဘာသာရပ်တွေကို ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ရွေးခြယ်တက်ရောက်နိုင်ပါတယ်။ ဒါ့ပြင် လက်ရှိမျက်မှောက်ကာလမှာ social Mediaကဏ္ဍဟာ အလွန်အရေးပါနေတဲ့အတွက် Social Media and Network Marketing လို့ခေါ်တဲ့ ဘာသာရပ်တစ်မျိုးလည်း ပေါ်ပေါက်လာပါတယ်။
•    နိဂုံးချုပ်အားဖြင့်ဆိုရသော် အခုလက်ရှိလူငယ်များအကြားရေပန်းစားနေသော အလုပ်အကိုင်ခေါ်ယူမှုမြင့်မားနေသော စားရင်းအင်းနှင့်
•     စီးပွားရေးစီမံခန့်ခွဲမှု ပညာရပ်(Accounting & Bussiness Management)
များကို အများနည်းတူစိတ်ပါ၀င်စားစွာ သင်ယူလေ့လာသင့်ကြောင်း အသိပေးဝေမျှ လိုက်ရပါတယ်။

 

August 29, 2018 at 09:03 am