contact@pandaingmap.com

(+95) 9 764-231-193

Online Learning

ယခုဆိုရင်ကျွန်တော်တို့နိုင်ငံမှာလည်းonline learningဟာသိသိသာသာနေရာယူလာတာကိုတွေ့ရမှာပါ။onlineပေါ်မှာစာလေ့လာသင်ယူရတာဟာ စာသင်ခန်းထဲမှာသင်ယူရတာလောက် ထိရောက်မှုမရှိဘူးဆိုသည့်အယူအဆဟာလည်း လျော့ကျလာပါပြီ။ဒါဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာ online learning မှတစ်ဆင့်အမှန်တကယ်တတ်မြောက်ကျွမ်းကျင်သူတွေ များပြားလာလို့ဖြစ်ပါတယ်။

Image Credt: Online Learning
         အင်တာနက်ချိတ်ဆက်ထားသောကွန်ပြူတာ(သို့မဟုတ်)မိုဘိုင်းဖုန်းတစ်လုံး ရှိရုံဖြင့် online learningလုပ်နိုင်ပါတယ်။ယခုဆိုရင်ကျွန်တော်တို့နိုင်ငံမှာလည်းonline learningဟာသိသိသာသာနေရာယူလာတာကိုတွေ့ရမှာပါ။online ပေါ်မှာ စာလေ့လာသင်ယူရတာဟာစာသင်ခန်းထဲမှာသင်ယူရတာလောက် ထိရောက်မှုမရှိဘူးဆိုသည့်အယူအဆဟာလည်း လျော့ကျလာပါပြီ။ဒါဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာ online learning မှတစ်ဆင့် အမှန်တကယ် တတ်မြောက်ကျွမ်းကျင်သူတွေ များပြားလာလို့ဖြစ်ပါတယ်။သို့သော် online learning ပြုလုပ်ရာတွင် self-control ရှိဖို့ရန် အလွန်အရေးကြီးပါတယ်။စာသင်ခန်းထဲမှာသင်ယူရသလိုမျိုး အတန်းပျက်ရင်သတိပေးမယ့်ဆရာ/အိမ်စာမလုပ်ရင်သတိပေးမယ့်ဆရာမရှိပါဘူး။ထို့ကြောင့်onlineသင်တန်းတစ်ခုကိုစတင်တော့မယ်ဆိုရင်ပြီးဆုံးအောင်တက်ရောက်မည်ဆိုသောဆုံးဖြတ်ချက်နှင့်အတူစတင်သင့်ပါတယ်။   


Imgae Creidt- Online-Learning

 ကျွန်တောိတို့ဟာ online ကနေတစ်ဆင့် ပညာရပ်မျိုးစုံကို အကန့်အသတ်မရှိလေ့လာနိုင်ပါတယ်။ကိုယ်ယူနိုင်သလောက် ကိုယ်ပြန်ရနိုင်တဲ့အတွက်ကြောင့် ပြင်းပြတဲ့စိတ်ဆန္ဒရှိဖို့သာအဓိကပါ အခုနောက်ပိုင်းမှာ တော်တော်များများဟာပြင်ပသင်တန်းတွေထက် online သင်တန်းတွေကိုပိုမိုတက်ရောက်လာကြပါတယ် 
    အပြင်ထွက်စရာမလိုပဲ အိမ်မှာပင် လေ့လာသင်ယူနိုင်ခြင်း 
 မိမိနေအိမ်မှသင်ယူနိုင်သဖြင့် သင်တန်းသွားရန်ပြင်ဆင်စရာမလိုတော့ပါဘူး  ဒါဟာ သင်ရဲ့ပြင်ဆင်ချိန် အသွားအပြန်ကြာချိန်အားလုံးကို saveဖြစ်စေမှာပါ
    မိမိကြိုက်နှစ်သက်ရာ program(or)courseကိုရွေးချယ်တက်ရောက်နိုင်ခြင်း 
လူတိုင်းဟာမိမိစိတ်ဝင်စားတဲ့အရာကိုလေ့လာသင်ယူနိုင်ဖို့ဆိုတာတကယ်တော့သိပ်ပြီးမလွယ်ကူပါဘူူး အထူးသဖြင့် ကျွန်တော်တို့လိုကျောင်းသား/သူတွေ ရုံးဝန်ထမ်းတွေအနေနဲ့ သင်တန်းတစ်ခုကိုတက်ချင်ပြီဆိုပါက   သင်တန်းအချိန် /သင်တန်းကြေး/သင်တန်းတည်နေရာ စသဖြင့်ထည့်စဉ်းစားရပါပြီonlineကနေလေ့လာမည်ဆိုပါက သင်တန်းချိန်ကိုထည့်စဉ်းစားစရာမလိုပါဘူးမိမိအဆင်ပြေတဲ့အချိန်မှာလေ့လာနိုင်မှာဖြစ်ပါတယ် ဒါ့အပြင် တက်ရောက်ချင်တဲ့program (or) courseကိုရွေးချယ်တက်ရောက်နိုင်သည့်အပြင် free course တွေလည်းရှိတာမို့ပညာလိုသူတို့အကြိုက်တွေ့စေမှာပါ
    သင်တန်းကြေးအနည်းငယ်ဖြင့် သင်ယူနိုင်သောကြောင့် ကုန်ကျစရိတ် အင်မတန်သက်သာခြင်း
online သင်တန်းတွေဟာ ပြင်ပသင်တန်းတွေထက် သင်တန်းကြေးသိသိသာသာ  သက်သာတာကြောင့်    သင့်ရဲ့ထွက်ငွေကိုလျှော့ချပေးမှာအမှန်ပါပဲ    
    သင်ခန်းစာများကိုအချိန်မရွေးပြန်လည်လေ့လာနိုင်ခြင်း
သင်ယူနေတဲ့သင်ခန်းစာကိုကိုယ်သေချာနားလည်သည်အထိထပ်ခါထပ်ခါလေ့လာနိုင်ပြီးcourseတစ်ခုလုံးကိုလည်း အချိန်မရွေး နေရာမရွေးပြန်လည်လေ့လာနိုင်ပါတယ်
    မိမိကြိုက်နှစ်သက်ရာအနေအထားဖြင့် သက်တောင့်သက်သာသင်ယူနိုင်ခြင်း          
အပြင်သင်တန်းမှာလိုတစ်ချိန်လုံးထိုင်နေစရာမလိုတဲ့အတွက်ခါးနာတာတွေခါးညောင်းတာတွေဖြစ်မှာမဟုတ်ပါဘူးအဆင်ပြေတဲ့အနေအထားနဲ့သင်ယူနိုင်ပါတယ်
စသည့်အားသာချက်များကြောင့် online learning ဟာပညာလိုလားသူများကြားတွင်ရေပန်းစားနေပေသည်။
အနယ်နယ်အရပ်ရပ်ရှိonline learning ပြုလုပ်လိုသည့် အင်္ဂလိပ်စာအခြေခံအားကောင်းသူများကတော့ အောက်ပါwebsiteများမှာ လေ့လာသင်ယူနိုင်ပါတယ်   
Massive Open Online Courses -www.mooc-list.com/
UC San Diego Podcast Lectures -podcast.ucsd.edu/
University of the People -uopeople.org/
Edx -www.edx.org/
Udemy - www.udemy.com/
Udacity - www.udacity.com/
Khan Academy - www.khanacademy.org/
Alison - alison.com/
Coursea - www.coursera.org/
Stanford University - online.stanford.edu/
Canvas Network-www.canvas.net/
University of the people-www.uopeople.edu/
Open UW-www.pce.uw.edu/online/free-online-courses
Aquent Gymnasium- www.thegymnasium.com/
 မြန်မာလို သင်ယူချင်သူတွေကတော့
 သက်ဆိုင်ရာနယ်ပယ်ရှိဆရာ/မများမှဖွင့်လှစ်သော online သင်တန်းများ(facebook တွင်သင်ကြားသူကmessager group ဖွဲ့၍သင်တန်းသားများကိုgroup memberအဖြစ်ထည့်သွင်းကာသင်ကြားပို့ချခြင်းနည်းကိုအသုံးများသည်။ သင်ကြားသူက သင်ခန်းစာများကိုgroupထဲသို့နေ့စဉ်ပို့ပေးမည်ဖြစ်ပြီးသင်ယူသူသင်တန်းသားများကမိမိအားလပ်သည့်မည့်သည့်အချိန်တွင်မဆိုဝင်ရောက်လေ့လာသင်ယူနိုင်မည်ဖြစ်သည်)
  Dedaabox,pro net ကဲ့သို့သော online learning application များမှလေ့လာသင်ယူနိုင်ပါတယ်

For dedaabox
 Direct Download,
m.apkpure.com/dedaabox/com.biipbyte.dedaabox
iOS Phones,
itunes.apple.com/us/app/dedaabox/id1272004421?mt=8

for pro net
site- pronetcenter.com
onlineပေါ်မှစာလေ့လာသင်ယူခြင်းအားဖြင့်အားလပ်ချိန်တွေကို အကျိုးရှိစွာအသုံးချနိုင်ကြပါစေ
Source: www.facebook.com/dedaabox/
www.facebook.com/pronetmyanmar/

Rainy(content writer)

August 15, 2018 at 02:46 pm