contact@pandaingmap.com

(+95) 9 764-231-193

နယ်ကလူငယ်များနှင့် ပညာသင်ဆုများ ရအောင်ဘယ်လို ကြိုးစားမလဲ?

ကျွန်မလွန်ခဲ့တဲ့နှစ်နှစ်က နယ်မှာပဲနေပြီး လေ့လာခဲ့ပါတယ်။ တော်တော်များများကိုလည်းFacebookနဲ့ google မှာပဲ self-study ကိုယ်တိုင်လေ့လာခဲ့တာများပါတယ်။ နောက်တော့ Yseali Mekong River Youth leadership program ကို တတ်ရောက်ဖို့ရွေးချယ်ခံခဲ့ရပါတယ်။

Image Credit: http://www.aias.org/career/scholarships

ကျွန်မလွန်ခဲ့တဲ့နှစ်နှစ်က နယ်မှာပဲနေပြီး လေ့လာခဲ့ပါတယ်။ တော်တော်များများကိုလည်းFacebookနဲ့ google မှာပဲ self-study ကိုယ်တိုင်လေ့လာခဲ့တာများပါတယ်။ နောက်တော့ Yseali Mekong River Youth leadership program ကို တတ်ရောက်ဖို့ရွေးချယ်ခံခဲ့ရပါတယ်။ ပထဆုံးဆိုတော့ အတွေ့အကြုံ မရှိသေးပေမဲ့ လည်း ရွေးချယ်ခံခဲ့ရလို့ ဝမ်းသာခဲ့ပါတယ်။ အဲ့လျှောက်တုန်းကလည်း နယ်မှာပါပဲ။မူဆယ်မှာပါ။ အဝေးသင်လာတတ်တာနဲ့ ကြုံလို့တစ်ခါတည်းတတ်ရောက်ခဲ့ ပါတယ်။ နောက်ပြန်လာတော့မူဆယ်မှာ workshop နှစ်ကြိမ်လုပ်ပေးခဲ့ပြီး တစ်ခြားကိုယ်နဲ့ နီးစပ် တွေရာမှာလည်း presentation ပြု လုပ်ပေးခဲ့ပါတယ်။ လေ့လာစရာတွေအများကြီးရှိနေသေးတယ်လို့ သိလိုက်ရတယ်။ ဒါကြောင့်အားလပ်ရက်တွေမှာ နယ်ပြန်ပြီး sharing လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့အတွေ့အကြုံတွေနဲ့ လေ့လာရင်း တစ်ခြားသူငယ်ချင်းတွေနဲ့လည်းဆွေးနွေးခဲ့ပါတယ်။ သူတို့ တွေကလည်း Online, social Medias( Facebook , email) တွေသုံးပြီးလေ့လာနေတာကို တွေ့ရပါတယ်။ ပြောဖြစ်တာကတော့ National Network for Education Reform – NNER ကဆရာ မ မသူပြောတဲ့ မှတ်သားစရာ ပညာရေးရည်မှန်းချက် တွင်ရှိသင့်တဲ့ သုံးချက်ဖြစ်တဲ့ 
1.     လူသားဖွံ့ဖြိုးမှု့ဆိုင်ရာ ရည်မှန်းချက်များဖြစ်သော အသိဉာဏ် မြင့်မားရေး( Learning to Know)၊ စွမ်းရည်မြင့်မာရေး (Learning to Do)၊ ကျောင်းသားများ၏ ရည်မှန်းချက်ကို ဖြည့်ဆည်းရေး (Learning to Be)၊ ငြိမ်းချမ်းစွာ အတူတကွနေထိုင်နိုင်ရေး (Learning to Live Together)
2.     ဒီမိုကရေစီဖယ်ဒရယ်နိုင်ငံရေးစနစ်ကို အထောက်အကူပြုရန် ကိုယ်ပိုင်ပြဌါန်းခွင့်ရှိသော(Self-determination) ပညာရေး စနစ်ကို ရည်မှန်းပါသည်။
3.     ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးရေးကို ဦးတည်သော(Sustainable Development Goals) ပညာရေးစနစ်ကို ရည်မှန်း ပါသည်။  
နောက်အခြေခံမူတွေ ဖြစ်တဲ့


Image Credit: Diversity-English-learners

အခြေခံမူများကိုလည်း ပြောပြရင်း ကျွန်မတို့ဘာလို့စာဖတ်သင့်ကြောင်းအောက်ပါအတိုင်း ပြောခဲ့ပါတယ်။
၁။ ပညာရေးုသည် လူသားအားလုံး၏ အခြေခံလူ့အခွင့်အရေးဖြစ်သည်။ (Fundamental ံHuman Rights)
၂။ လူတိုင်းအကျုံးဝင်ပညာရေးကို အကောင်အထည်ဖေါ်မည်။ (Inclusive Education) 
၃။ ကျောင်းသားအားလုံး ပညာရေးအခွင့်အလမ်း သာတူညီမျှရှိရမည်။ (Equity) 
၄။ ပဋိပက္ခများကြောင့် နစ်နာဆုံးရှုံးရသူများ၏ ပညာရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည်။  (Transitional Justice)
၅။ ကျောင်းသားအားလုံး အရည်အသွေးရှိသော ပညာရေးကို ရရှိရမည်။ (Quality Education) 
၆။ ရာသက်ပန်သင်ယူနိုင်သည့် အခွင့်အလမ်းနှင့် ပြင်ဆင်မှုများ ရှိရမည်။ (Lifelong Learning) 
၇။ ကျောင်းသားများ၏ ပညာရေးလွတ်လပ်ခွင့် ရှိရမည်။ (ဘာသာရပ်ရွေးချယ်ခွင့်၊ ကျောင်းနှင့် ဒေသရွေးချယ်ခွင့်၊   အတွေးအခေါ် အယူ အဆ ထုတ်ဖော်ပိုင်ခွင့်၊ သမဂ္ဂဖွဲ့စည်းပိုင်ခွင့် စသည်) 
၈။ ဆရာများ၏ ပညာရေးလွတ်လပ်ခွင့်ရှိရမည်။ (ဘာသာရပ်ရွေးချယ်ခွင့်၊ ပညာသင်ယူပိုင်ခွင့်၊ ကျောင်းနှင့်ဒေသ ရွေးချယ်ခွင့်၊ သမဂ္ဂဖွဲ့စည်းပိုင်ခွင့် စသည်) ၉။ ပညာရေးအဆင့်အသီးသီးတွင် ဗဟိုချုပ်ကိုင်မှု လျှော့ရမည်။ (Decentralization) 
၁၀။လူမျိုးအလိုက်၊ဒေသအလိုက်၊ကျောင်းအလိုက်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသောပညာရေးဖြစ်ရမည်။(Self-determination) 
၁၁။ သင်ရိုးညွှန်းတမ်းသည် ဒေသအားလုံးနှင့် ကိုက်ညီသော အခြေခံသင်ရိုး (Core Curriculum) နှင့် ဒေသအလိုက်(သို့မဟုတ်) လူမျိုးအလိုက် လွတ်လပ်စွာဖွံ့ဖြိုးခွင့်ရှိသော သင်ရိုး (Local Curriculum) ရေးဆွဲမည်။ 
၁၂။ မိခင်ဘာသာစကားကို အခြေပြုသော ဘာသာစကားစုံ ပညာရေး (Mother Tongue Based Multilingua  Education) ဖြစ်ရမည်။ 
၁၃။ ဝိဇ္ဇာ၊ သိပ္ပံ၊ နည်းပညာနှင့် သက်မွေးပညာရပ်များအားလုံးကို တန်းတူ တန်ဖိုးထားမည်။ 
၁၄။ လွတ်လပ်စွာ သုတေသနပြုခွင့်ရှိသော ပညာရေးစနစ် ဖြစ်ရမည်။ 
၁၅။ စဉ်းစားဆင်ခြင်မှုကို မြှင့်တင်သည့် ပညာရေးဖြစ်ရမည်။ (Critical Thinking / Critical Pedagogy) 
၁၆။ ပညာရေးအသုံးစရိတ်ကို နိုင်ငံအသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်း အနည်းဆုံးသုံးစွဲ၍ အရည်အသွေးမှီရန်လိုအပ်ချက်ကို ဖြည့်ဆည်းသော   ဘဏ္ဍာရေးမူဝါဒ (Equity Based Funding) ထားရှိမည်။ 
၁၇။ လွတ်လပ်သော ပညာရှင်များဖြင့် ဖွဲ့စည်းသည့် အရည်အသွေးမြှင့်တင်သောစနစ် (EQA) ကို ကျင့်သုံးမည်။ 
၁၈။ ပညာရေးဆိုင်ရာ မူဝါဒများချမှတ်ရာတွင် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မိဘများ၊ ပညာရှင်များ  အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းရေးဆွဲမည်။
 အဲ့လို sharing , service learning တွေ လုပ်ပေးရင်း သူတို့တော်တော်များများမေး လာတဲ့မေးခွန်း ကိုဖော်ပြရင်း ကျွန်မလေ့လာခဲ့တဲ့ Links တွေကိုမျှဝေရင်း အသုံးဝင်လိမ့်မည်ဟုရည်ရွယ်မိပါသည်။ သူတို့ အများဆုံးမေးတာကတော့’’ ကျွန်တော် ကျွန်မ တို့က နယ်မှာနေ နေတာ တစ်ခြားမြိ ု့ ကလူငယ်တွေနဲ့ မတူဘူး သူတို့က လေ့လာစရာတွေ သတင်းအချက်အလက်တွေပို များပါတယ်။ ဒါကြောင့် အစ်မလို ကြိုးစားချင်တောင်မှ သက်ရောက်မှူ မရှိဘူးလို့ထင်ပါတယ်။’’ အဲ့တုန်းကတော့သူတို့ကို အဖြေပေးဖို့တော်တော်လေးစဉ်းစား ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့လူတိုင်းကတော့စိတ်တူကိုယ်တူမဖြစ်နိုင်ဘူး ဆို ပြီး့ဖြေခဲ့တာတော့ “စာများများဖတ်ပါ” ဆိုတာကိုပါပဲ။ ကျွန်မအနေနဲ့ လုံလောက်တဲ့အဖြေလို့မထင်မိခဲ့ပါဘူး။ နောက်ထပ်တစ်ကြိမ် ပြန် သွားတော့ ကျွန်မ ထပ်ဖြည့်စွတ်ပြီးဖြေခဲ့တာကတော့ “ဟုတ် ကဲ့။ နယ်ကလူငယ်တွေက တစ်ခြားမြို့ ကြီးကလူငယ်တွေလောက် အခွင့်အလမ်းနည်းတယ်ဆိုတာ တစ်နည်းအားဖြင့်လက်ခံပါတယ်။ သို့သော်စဉ်းစားရမှာက ကိုယ်နဲ့အနီးဆုံး အတတ်နိုင်ဆုံးလုပ်နိုင်တာကိုပါ မလုပ်နိုင်တာကို စိတ်ကျနေဖို့မလို ပါဘူး။ ကျွန်မကိုယ်တိုင်လည်း မူဆယ်မှာနေပြီး self-study ကိုonline ကပဲများများလေ့လာခဲ့ပါတယ်။ နောက်တစ်ခုသိရမှာက သတင်းအချက်အလက်တွေ ပညာရေးအခွင့်အလမ်းတွေ ရှိနေပေမဲ့လည်း အချိန်ဖြုန်းနေတဲ့ မြို့ ကလူငယ်တွေအများကြီးပါ။ ဒီလိုပြောလို့ကြိုးစားနေတဲ့ သူတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ နောက်ကျွန်မခုလာတတ်တဲ့သူတွေကိုမေးချင်တာက ဖုန်း internet. Facebook  တစ်ရက်မှမသုံးတဲ့သူ တွေရှိရင်လက်ထောင်ပါ။ တစ်ယောက်မှ လက်မထောင်ပါ။ ဒါကြောင့်ကျွန်မနိဂုံးချူပ်အနေနဲ့ပြောချင်တာက အကုန်လုံး ကျွန်မအပါအဝင် ဖုန်း internet. Facebook ကိုသုံးနေတဲ့သူတွေချည်းပါပဲ။ ဒါကို ကျွန်မတို့ကအကျိုးရှိစွာလေ့လာဖို့ပြောချင်တာပါ နယ်ကလူငယ်များနှင့် ပညာသင်ဆုများ ရအောင်ဘယ်လို ကြိုးစားမလဲ? ဆိုတဲံ အဖြေကတော့ စာများများဖတ်ပါ တတ်နိုင်သမျှ online learning လုပ်ပါ။။ ပြီးတော့ ကျွန်မခု worshop ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ scholarships and learning English ကိုOnline မှသင်ယူနိုင်မည့်အရာများ , links များကို မျှဝေလိုက်ပါတယ်။ 
အဆင်ပြေကြပါစေ ။
နန်းမေသူအောင် (content writer, English translator) (၄. ၈.၂၀၁၈)

https://www.facebook.com/myeo.hub/?ref=br_rs
https://www.mymyeo.com/custom
http://myanmarstudyabroad.org/
https://www.studyabroad.com/in-myanmar
http://www.scholarshipportal.com/scholarships/myanmar
https://www.coursera.org/learn/impact-of-technology
https://www.facebook.com/ScholarshipsforMyanmarstudents/
https://www.facebook.com/JobVacanciesInKenya/?ref=br_rs

August 8, 2018 at 10:27 am