contact@pandaingmap.com

(+95) 9 764-231-193

လူတိုင်းရဲ့အိမ်မက်တက္ကသိုလ် သို့ ဆေး(၁)အကြောင်း

Professionalism သိပ်မထွန်းကားခဲ့တဲ့မြန်မာနိုင်ငံအတွက်တော့ သိပ်မထူးဆန်းပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဆရာဝန်အသိုင်းအဝန်းက မဟုတ်တဲ့သူတွေအတွက်တော့ သူတို့ကဆရာဝန်ဆိုတာက ဆေးခန်းမှာထိုင်ပြီး ဆေးလေးပေးနားကြပ်လေးထောက်ပြီးတာနဲ့ ပိုက်ဆံယူလိုက်တာကိုပဲမြင်နေကျဖြစ်နေလို့ပါ။

ကလေးတိုင်းနီးပါးကို ကြီးလာရင်ဘာလုပ်ချင်လဲလို့မေးလိုက်တိုင်း ဆရာဝန်ကြီးနဲ့အင်ဂျင်နီယာကြီးလုပ်ချင်ပါတယ် ဆိုတဲ့မြန်မာနိုင်ငံအတွက်တော့ ဆေးတက္ကသိုလ်ကိုတက်မယ်လို့စိတ်ကူးမယဉ်ဘူးတဲ့သူတော့မရှိလောက်ပါဘူး။ ဒါပေမယ့်ဘာလို့လုပ်ချင်တာလဲလို့မေးလိုက်ရင်တော့ သူများကိုကူညီချင်တယ်ဆိုတာထက်ပိုက်ဆံရလို့ဘာလို့ဖြေကြပါလိမ့်မယ်။ ဒါပေမယ့်အဲ့ဒါက Professionalism သိပ်မထွန်းကားခဲ့တဲ့မြန်မာနိုင်ငံအတွက်တော့ သိပ်မထူးဆန်းပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဆရာဝန်အသိုင်းအဝန်းက မဟုတ်တဲ့သူတွေအတွက်တော့ သူတို့ကဆရာဝန်ဆိုတာက ဆေးခန်းမှာထိုင်ပြီး ဆေးလေးပေးနားကြပ်လေးထောက်ပြီးတာနဲ့ ပိုက်ဆံယူလိုက်တာကိုပဲမြင်နေကျဖြစ်နေလို့ပါ။ 

သူတို့အဲ့ဒီလိုဖြစ်လာဖို့ဘယ်လောက်ရုန်းကန်ရတယ် ဘယ်လောက်ကြိုးစားခဲ့ရတာတွေကိုတော့မမြင်ကြဖူးပါဘူး သူတို့လက်နဲ့အသက်ဘယ်လောက်ကယ်ခဲ့တယ်     သူတို့လက်ထဲမှာပဲ အသက်တွေဆုံးရှုံးခဲ့တယ် [ဆေးရုံကိုနောက်ကျမှရောက်လာတယ်ဆိုတဲ့စကားဟာ၀တ္ထုတွေမှာပဲရှိတာမဟုတ်ပါဘူး]       သွေးစွန်းနေတဲ့လက်တွေထဲမှာ ဆရာဝန်ရဲ့လက်ကပဲ အသက်တွေကိုကယ်တင်နိုင်တာဖြစ်ပါတယ်။  ပြီးတော့ သူတို့တွေကတိကဝတ်ပြု သစ္စာဆိုခဲ့တဲ့ ဆရာဝန်ethic တွေကိုတော့ကိုယ်ကိုယ်တိုင်ဆရာဝန်ဖြစ်လာမှနားလည်လာမှာပါ နောက်ပြီးprofession တိုင်းဘွဲ့ရအလုပ်ရဒီထိတိုင်အောင်  အသစ်တွေကိုလေ့လာရမယ်ဆိုပေမယ့် ဆရာဝန်ဆိုတာကတော့ ဘ၀တစ်လျှောက်လုံးကို လေ့လာရမှာဖြစ်ပါတယ်။ ဒါတွေကခက်ခဲပါတယ် ဒါပေမယ့်အဲ့ဒါတွေအတွက်တော့စိတ်မညစ်ကြပါနဲ့ အခုတက္ကသိုလ်ဝင်တန်းကိုအောင်မြင်ပြီးတော့ ဆေးတက္ကသိုလ်ကိုတိုက်ဖို့စောင့်နေမယ့်    သူတွေ ဒါကိုဖတ်ပြီးပင်ပန်းတယ်လို့မထင်ပါနဲ့ အဲ့ဒီထက်ကိုပိုပင်ပန်းဦးမှာပါ။ ဒါပေမယ့်ကြားဖူးမှာပါ ကိုယ်ခက်ခက်ခဲခဲရလို့ဖြစ်လာတဲ့ရလဒ်တွေက ပိုချိုပါတယ်ဆိုတာကိုပေါ့ ကိုယ်ပင်ပင်ပန်းပန်းကုသပေးလိုက်လို့ရောဂါသက်သာသွားတဲ့ လူနာကပျော်ပျော်ရွင်ရွင်လာနှုတ်ဆက်တဲ့အခါသိလာပါလိမ့်မယ်။           

ဒါတွေကိုကျေနပ်ပြီးဆေးတက္ကသိုလ်ကိုတက်တော့မယ်ဆိုရင်တော့   ပျော်ရွင်စရာလဲရှိသလို စိတ်ညစ်စရာတွေလဲရှိမှာပါ။ခက်ခဲတဲ့စာတွေbedside စာမေးပွဲတွေကိုဖြေရမှာတာက ပင်ပန်းပါတယ်။သို့ပေမယ့်လဲ ကောင်းတဲ့အချက်တွေလဲရှိပါတယ်။အဲ့ဒါတွေကိုတော့ နောက်ဆရာဝန်ကောင်းဖြစ်လာတဲ့အခါမှာတော့ခံစားရမှာပါ။ နောက်ပြီးတော့တက္ကသိုလ်ကြီးကဆရာဝန်တွေကဘယ်လိုလုပ်ရတယ် ဘယ်လိုပြုမှုရတယ် ဘယ်လိုတာဝန်ရှိတာတွေကိုနားလည်အောင်လုပ်ပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီးဆေးတက္ကသိုလ်နဲ့ တခြားမတူညီတဲ့အချက်တွေကတော့စာမေးပွဲပုံစံ နဲ့ teaching ပိုင်းပါပဲ။ပထမဆုံးစာမေးပွဲပုံစံကတော့ compertment systemနဲ့ သွားပါတယ်။အဲ့ဒါကတော့ classwork + practical +fianl exam သုံးခုပေါင်းအောင်မှ အတန်းတက်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့် ကျောင်းသားတိုင်း နောက်ဆုံးစာမေးပွဲမှ ရုန်းလိုက်မယ်ဘာမယ်ဆိုတာကဒီမှာမဖြစ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီသုံးခုထဲမှာမှ တစ်ခုက နီ or ကျသွားရင်ကျန်တာတွေဘယ်လောက်ကောင်းကောင်းအအောင်မပေးလို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုဖြစ်တာကြောင့်ကျောင်းသားတွေက နှစ်စကထဲကစပြီးစာတွေကိုမပြတ်မကွက်စာအမြဲကျက်နေမှရပါတယ်။Teaching အပိုင်းကတော့ နိုင်ငံတကာနဲ့အညီ integrated learning or student base learning ကိုအသုံးပြုနေပါတယ်။အဲ့ဒါကဘယ်လိုလဲဆိုတာကတော့ စာသင်ချိန်တိုင်းက lectureတွေချည်းပဲမဟုတ်တော့ပါဘူး student တွေကိုဗဟိုပြုပြီးသင်ကြားတဲ့ပုံစံကိုပြောင်းလဲထားပါတယ်။small group teaching အချိန်ကိုထည့်သွင်းပြီးနောက် ကျောင်းသားတွေကိုအုပ်စုအသေးလေးတွေခွဲပြီးတော့ ဆရာမနဲ့ ကျောင်းသားတွေအပြန်အလှန်ဆွေးနွေးခိုင်းပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့် ကျောင်းသားတွေမသိတဲ့ဟာတွေကိုပြန်လည်ဆွေးနွေးနိုင်သလိုပိုမိုစိတ်အားထက်သန်လာအောင် ရည်ရွယ်ခြင်းဖြစ်ပါတယ်။

ထို့အပြင် နှစ်တိုင်း ကျောင်းသားတွေဆီက teaching ပိုင်းနဲ့ပတ်သက်ပြီးsurvey ကိုကောက်ယူပြီး ကျောင်းသားတွေရဲ့အကြံပေးချက်အတိုင်းတဖြည်းဖြည်းပြောင်းလဲအောင်လုပ်ပေးပါတယ်။ထို့အပြင် ကျောင်းသားသမဂ္ဂအဖွဲ့ကိုဖွဲ့ထားပြီး ထို့အဖွဲ့မှခေါင်းဆောင်ပြီးကျောင်းသားများရဲ့ ပြောဆိုချက် လိုအပ်ချက်များကို ထိုအဖွဲ့မှတာဝန်မှုတာဝန်ယူလိုဆောင်ပေးပါတယ်။လွန်ခဲ့တဲ့ရက်မကြာသေးခင်ကပဲ ကျောင်းသားသမဂ္ဂကဦးစီးတဲ့ student conference ကိုကျင်းပသွားခဲ့ပါတယ်။အဲ့ဒီကနေ ဘာတွေပြောင်းလဲသွားမလဲဆိုတာကတော့ နောက်မှကြည့်ရမှာပေါ့။နောက်ပြီးတော့ဆေးတက္ကသိုလ်(1)မှာကအများတက္ကသိုလ်တွေနဲ့မတူညီတဲ့အချက်တွေကတော့  နှစ်အလိုက်မတူညီတဲ့ နေရာတွေမှာ ပညာသင်ကြားရမှာဖြစ်ပါတယ်  ပထမနှစ်အတွက်ဆိုရင်တော့ ပြည်လမ်းကကျောင်းမှာသင်ရမှာဖြစ်ပြီးတော့ဒုတိယနှစ်ဆိုရင်တော့ လိပ်ခုံးလို့အရင်ကခေါ်တဲ့ စိုက်ပျိုးရင်မှတ်တိုင်နားကကျောင်း မှာတက်ရမှာဖြစ်ပါတယ်။ကျန်တဲ့နှစ်တွေဆိုရင်တော့ လမ်းမတော်နားကကျောင်းမှာတက်ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့တစ်နှစ်တစ်မျိုးမတူညီတဲ့ environments နဲ့ထိတွေ့နေရမှာဖြစ်ပါတယ်။      

မြို့ထဲမှာရှိတဲ့တက္ကသိုလ်ဖြစ်တဲ့အတွက်ကြောင့် သွားရလာရအဆင်ပြေလွယ်ပါတယ်။အကောင်းဆုံးအချက်ကတော့ အနီးနားမှာ shoppingmall တွေရုပ်ရှင်ရုံတွေနီးပါတယ်။တစ်ခါတစ်လေကျောင်းလစ်ပြီး သွားဖို့တော့အကောင်းဆုံးပေါ့။ နောက်ပြီးတော့ စာကိုပဲအမြဲတမ်းမလုပ်ချင်တဲ့သူတွေအတွက်တော့ အားကစားပွဲတွေကိုလဲ ကျောင်းကကြီးမှုးကျင်းပပေးပါတယ်။ ဘောလုံးပွဲမှအစ စစ်တုရင် ကြက်တောင်အားကစားပြိုင်ပွဲမျိုးစုံကို ကျင်းပပေးလေ့ရှိတယ်။နောက်ပြီးတော့ karate အသင်း hiking အဖွဲ့တွေလဲရှိပါသေးတယ်။ကိုယ်စိတ်အားထက်သန်တဲ့ အသင်းအဖွဲ့တွေ ပြိုင်ပွဲတွေကိုဝင်ပြိုင်ရင်း တက္ကသိုလ်တက်ခြင်းရဲ့

အနှစ်သာရတွေကို ခံစားပါလို့တိုက်တွန်းလိုက်ပါတယ်။7နှစ် 8နှစ်နီးပါးတက်ရမယ့် တက္ကသိုလ်ကြီးမှာ တက်ရတာက ပျော်စရာတွေလဲရှိသလို ပင်ပန်းတာတွေလဲရှိမှာပါ။ဒါပေမယ့် ကျောင်းကြီးပြီးသွားရင်တော့ ဒါကငါတို့တက်ခဲ့တဲ့အမိကျောင်းတော်ကြီးဆိုပြီးတော့ အလွမ်းရစရာတွေနဲ့ပြည့်နေမယ့် နေရာလဲဖြစ်ပါတယ်။
ဟုတ်ကဲ့ဒါတွေကတော့ ဆေး(၁)အကြောင်းပါပဲ။    

မင်းသန့်ဇော်

July 26, 2018 at 10:07 am