contact@pandaingmap.com

(+95) 9 764-231-193

Scholarship Program

ကျွန်တော်ကတော့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ကွန်ပျူတာသိပ္ပံ မေဂျာ မှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။

ကျွန်တော်ကတော့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ကွန်ပျူတာသိပ္ပံ မေဂျာ မှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကိုရွေးချယ်ခဲ့တဲ့
အကြောင်းအရင်းတွေထဲက ပထမဦးဆုံးတစ်ချက်ကတော့ ကွန်ပျူတာနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို ငယ်စဉ်ကတည်းကစိတ်ဝင်စားခဲ့တာကြောင့်ပါ။

ယနေ့ခေတ်က နည်းပညာခေတ်ဖြစ်တဲ့အတွက်လည်း
ဒီ ကွန်ပျူတာတက္ကသိုလ်မှာတက်ရောက်ပြီး ဘွဲ့ရပြီးတဲ့အခါ ကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိမယ်လို့ယုံကြည်စွာနဲ့ တက်ရောက်နေပါတယ်။

ပန်းတိုင်map ၏ ဓာတ်ပုံ

ဒီကွန်ပျူတာတက္ကသိုလ်မှာ ကွန်ပျူတာနဲ့ပတ်သက်တဲ့ အခြေခံအသေးစိတ်ကအစ
ခေတ်မီတဲ့ programming ဘာသာရပ်တွေ၊အားလုံးစိတ်ဝင်စားကြတဲ့ လူသိများတဲ့ Cyber Security ဘာသာရပ်ကိုပါ
လေ့လာခွင့်ရပါတယ်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ကွန်ပျူတာတက္ကသိုလ်ဖြစ်လို့
ကွန်ပျူတာတက္ကသိုလ်များရဲ့ ပင်မရင်းမြစ်လို့တောင် တင်စားခေါ်ဝေါ် နိုင်ပါတယ်။ များပြားလှတဲ့ Regional Programming Contests တွေကို ဒီတက္ကသိုလ်ကြီးကပဲဦးဆောင်ကျင်းပနေဆဲဖြစ်ပါတယ်။
တက္ကသိုလ်နောက်ဆုံးနှစ်ရောက်တဲ့အခါ Internship ဆင်းနိုင်ဖို့ပါ ကျောင်းက support လုပ်ပေးတာကြောင့် ဒီတက္ကသိုလ်ကိုရွေးချယ်ဖြစ်တာပါ။
အခြားအချက်တွေကတော့ လက်တွေ့စာမေးပွဲတွေ၊ အခြားစိတ်ဝင်စားဖို့ကောင်းတဲ့
Scholarship Program တွေကိုပါ ကျောင်းကနေတစ်ဆင့် join နိုင်တာကြောင့်
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က ကွန်ပျူတာနဲ့သက်ဆိုင်တဲ့ နည်းပညာကိုစိတ်ဝင်စားတဲ့ လူငယ်တွေအတွက်
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့အခါ စဉ်းစားသင့်တဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။

March 7, 2018 at 03:52 pm