contact@pandaingmap.com

(+95) 9 764-231-193

ပညာရပ်၏ ပြောင်းလဲလာမှု

ပညာရေးဟု ဆိုရာတွင် သိပ္ပံပညာရပ်၊ စီးပွားရေးပညာရပ်၊ နည်းပညာ ပညာရပ် သာမက အိမ်တွင်းမှု၊လက်မှုပညာရပ် အစရှိသည်များ ပါဝင်လာပါတယ်။ ထိုပညာရပ်အသီးသီး ရှိ ကျွမ်းကျင်ရာ နယ်ပယ်တွင် လူ့အခွင့်အလမ်း တိုးတက်မှုများစွာကို တွေ့ရှိနိုင်ပါတယ်။


Image Credit: m.sjpost.co.kr/
တိုးတက်ပြောင်းလဲနေသည့် နိုင်ငံများတွင် ပညာရေးရဲ့ အခန်း ကဏ္ဍ သည်လဲ တခုပါဝင်ပါတယ်။
ပညာရေးဟု ဆိုရာတွင် သိပ္ပံပညာရပ်၊ စီးပွားရေးပညာရပ်၊ နည်းပညာ ပညာရပ် သာမက အိမ်တွင်းမှု၊လက်မှုပညာရပ် အစရှိသည်များ ပါဝင်လာပါတယ်။ ထိုပညာရပ်အသီးသီး ရှိ ကျွမ်းကျင်ရာ နယ်ပယ်တွင် လူ့အခွင့်အလမ်း တိုးတက်မှုများစွာကို တွေ့ရှိနိုင်ပါတယ်။ 
ယနေ့ခေတ် အခါတွင် ဂျပန်ဘာသာစကား၊ ကိုရီးယားဘာသာစကား၊ ဂျာမန်ဘာသာစကား အစရှိသည့် နိုင်ငံခြား ဘာသာစကား သင်ကြားရေးကျောင်းများ  များစွာ ရှိလာခဲ့ပြီး စိတ်ဝင်တစားလေ့လာလိုသူများအတွက် YUFL ကဲ့သို့သော တက္ကသိုလ် ကျောင်းများမှ ရုံးချိန်လွတ် အတန်းများဖြင့်လည်းကောင်း ပုပ္ပလိကကျောင်းများမှလည်းကောင်း အဆင်ပြေစွာ လေ့လာသင်ယူနိုင်လာပြီး သံရုံး စာမွေးပွဲများအား လွယ်ကူစွာ ဝင်ရောက်ဖြေဆိုလာနိုင်ခဲ့ပါပြီ။
English ဘာသာစကားတွင်လည်း လုပ်ငန်းသုံး စကားလုံးများနှင့် ပုံမှန်စကားပြောများ ရှိရာ ပုပ္ပလိကကျောင်းများမှ သင်ယူလေ့လာနိုင်သလို လှိုင် တက္ကသိုလ် စသည့် ကျောင်းများမှလည်း Global English အစရှိသည့် ရုံးချိန်လွတ် အတန်းများကိုလည်း လွယ်ကူစွာ လေ့လာသင်ယူနိုင်နေပါပြီ။
ယခင်က နိုင်ငံရပ်ခြား သွား၍ သင်ကြားမှ ရရှိနိုင်သော Management Diploma ဘွဲ့များဖြစ်သည့် UK မှ IQN   (International Qualification Network), Abe (Association of Business Executives) , ICM ( Institute  of Commercial Management ) ကဲ့သို့သော ဘွဲ့လွန်များကိုလဲ ယခုအခါတွင် ပြည်တွင်း ဘွဲ့လွန် သင်ကြားရေး ကျောင်းများမှ လွယ်ကူစွာ သင်ယူဖြေဆိုနိုင်နေပါပြီ။  MBA (Master of Business Administration), DBA     (Doctor of Business Administration) များကိုလဲ ပြည်တွင်း သင်တန်းကျောင်းများမှ လွယ်လင့်တကူ သင်ကြားနိုင်သကဲ့သို့  အစိုးရ ကျောင်းများမှလည်း ရုံးချိန်လွတ် သင်ကြားပေးနေပါသောကြောင့် လုပ်ငန်းခွင်ဝင်နေသူများအတွက်လည်း အလုပ်ချိန်မပျက်ကွက်ဘဲ တက်ရောက်လေ့လာနိုင်သဖြင့် များစွာ အဆင်ပြေနေပါပြီ။ နိုင်ငံခြားမှ တိုက်ရိုက် ဘွဲ့ယူချင်သူများ အနေဖြင့်လည်း အချိန်ပြည့် နိုင်ငံရပ်ခြားသွား၍ သင်ယူစရာမလိုတော့ဘဲ ပြည်တွင်း ကျောင်းများမှပင် ပထမနှစ်၊ ဒုတိယနှစ် စသည်များဖြင့် လေ့လာသင်ယူ တက်ရောက်လာနိုင်ပါပြီ။ KMD Institute နှင့် အမျိုးသားစီမံခန့်ခွဲမှုကောလိပ် တို့မှ IT Diploma သင်တန်းများ ၊ WISE College နှင့် သမဝါယမတက္ကသိုလ် တို့မှ  UK တိုက်ရိုက် Diploma များကို    ပြည်တွင်းသင်ကြားရေးကျောင်းများနှင့် အစိုးရကျောင်းများ ပူးပေါင်း ဖွင့်လှစ်လာနိုင်သဖြင့် လူငယ်များအတွက်လည်း များစွာ လွယ်ကူသက်သာလာစေပါတယ်။ CCNA,CCNP, CCIE အစရှိသည့် Professional စာမေးပွဲများကိုလည်း ပြည်တွင်း၌သာ အလွယ်တကူ ဖြေဆိုလာနိုင်ပါပြီ။ 
ပြည်တွင်း သင်ကြားရေးကျောင်းများ ယခင်ထက် များပြားလာခြင်းကြောင့် လူငယ်များအနေဖြင့် ကိုယ်ပိုင် တိုးတက်မှုများစွာကို သေချာစွာ ရွေးချယ်လေ့လာနိင်သကဲ့သို့ ပတ်ဝန်းကျင်ပြိုင်ဆိုင်မှုများစွာကိုလဲ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ 
အလုပ်ခွင်ဝန်ထမ်းများသည် ကိုယ့်ရဲ့ Job Field တခုသာ တက်မြောက်ထားခြင်းဖြင့် မလုံလောက်တော့ဘဲ တခြားသော Management Level ကဲ့သို့ ဆက်စပ်သင်တန်းများအား တက်မြောက်ထားခြင်းဖြင့် အလုပ်ရှာဖွေခြင်းများ၊ အလုပ်ရာထူးတိုးခြင်းများတွင် များစွာ အထောက်အကူ ပြုလာနိုင်ပါတယ်။
စီးပွားရေးနှင့်သက်ဆိုင်သော ပညာရပ် သာမက အိမ်တွင်းမှု၊လက်မှု၊အချက်အပြုတ် အစရှိသည့် ပညာရပ်များစွာကိုလဲ ယခင်ထက် ပိုမိုလွယ်ကူစွာ သင်ကြားလာနိုင်ခွင့်များ ရှိခြင်းကြောင့် ထိုလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်သူများ၊ မိသားစု တနိုင်တပိုင် လုပ်ကိုင်လိုသူများကိုလည်း များစွာ အထောက်အကူ ဖြစ်လာစေပါတယ်။ အစိုးရမှ ဖွင့်လှစ်သော အိမ်တွင်းမှုသင်ကြားရေး ကျောင်းများ၊ ပညာဒါန ရက်တို ကျောင်းများ များစွာ ပေါ်ပေါက်လာခြင်းကြောင့် ငွေကြေးမတက်နိုင်သူများအပေါ် များစွာ အထောက်အကူ ပြုလာနိုင်ပြီး အလုပ်လက်မဲ့ အခြေအနေကိုလဲ လျော့ချနိုင်ပါတယ်။
နည်းပညာများ တိုးတက်ပြောင်းလဲလာခြင်းကြောင့် Mobile Phone များ၊ Facebook, Instagram, Twitter,Viber, WeChat,Line အစရှိသည့် Social Media များပေါ်မှလဲ သိလိုသည်များကို အလွယ်တကူ ရှာဖွေလာနိုင်ခဲ့ပြီး ကိုယ်ပိုင် Self Study ပြုလုပ်နိုင်ခြင်းကြောင်း အချိန်နည်းပါးသူများအတွက်  သာမက ပညာများ ပြန်လည် ဝေမျှချင်သူများအတွက်လဲ များစွာ အထောက်အကူ ဖြစ်စေပါတယ်။ LinkIn ကဲ့သို့သော International Job Search Website များ၊ MyWorld,Job Net,VAC ကဲ့သို့သော Local Job Search Website အစရှိသည်များမှလည်း အလုပ်အကိုင်များကို  ရွေးချယ် လျှောက်ထားလာနိုင်သကဲ့သို့ Internet Browser များပေါ်မှလည်း အလွယ်တူ ရှာဖွေလာနိုင်ပါတယ်။ ယခုဆိုလျှင်လည်း သတင်းအချက်များစွာကိုလဲ လျှင်မြန်စွာ သိရှိလာနိုင်ခဲ့ခြင်းကြောင့် ရာသီဥတု အခြေအနေ နှင့် ကူးစက်ရောဂါ လက္ခဏာ အခြေအနေ အစရှိသည်တို့ကိုလဲ  အချိန်မီ သိရှိလာနိုင်ခဲ့ပါတယ်။ ထိုသို့သော ပညာရပ် အမျိုးမျိုး တိုးတက် ပြောင်းလဲလာခြင်းကြောင့် လူမှုပတ်ဝန်းကျင် ပြောင်းလဲလာမှုများလည်း ရှိလာကြောင်း တွေ့ရှိလာခဲ့ပါတယ်။


Moe Thida Aye
 

July 20, 2018 at 09:47 am