contact@pandaingmap.com

(+95) 9 764-231-193

GTC လို့ပဲ နာမည်ကြီးတဲ့ နည်းပညာတက္ကသိုလ်အကြောင်း

GTC ဆိုတာ
(Government Technical College) ဖြစ်ပြီး တကယ်တမ်းကတော့ နည်းပညာတက္ကသိုလ် TU (Technological University) လို့ သိပ်မခေါ်ကြပါဘူး...GTCဆိုပြီးပဲ ခေတ်စားခဲ့ပါတယ်...

ကိုယ်တို့ ဆယ်တန်းပြီးခါစမှာ တက္ကသိုလ်တွေရွေးကြရတော့ နာမည်အကြီးဆုံးက GTC လို့ခေါ်တဲ့ နည်းပညာတက္ကသိုလ်ပါပဲ...

GTC ဆိုတာ

(Government Technical College) ဖြစ်ပြီး တကယ်တမ်းကတော့ နည်းပညာတက္ကသိုလ် TU (Technological University)  လို့ သိပ်မခေါ်ကြပါဘူး...GTCဆိုပြီးပဲ ခေတ်စားခဲ့ပါတယ်...

GTC ဆိုရင် အဲ့ဒီတုံးကတော့

ဘွဲ့ရရင် အင်ဂျင်နီယာဘွဲ့ ရမယ်လို့ပဲ အလွယ် နားလည်ခဲ့ပါတယ်...

ဘာလို့လဲဆိုရင် ငယ်ငယ်တုံးက မေးခံခဲ့ရတဲ့မေးခွန်းလေးတွေကို ပြန်သတိရမိလို့ပါပဲ...

မေးကြတယ်လေ...

ကြီးလာရင် ဘာလုပ်မှာလဲ ဆိုရင်

ကိုယ်တို့ကလေးအတွေးနဲ့က ဒေါက်တာရယ် အင်ဂျင်နီယာရယ်ပဲ ဖြေတတ်ခဲ့တာကို

အင်ဂျင်နီယာဆိုရင် တိုက်တွေ လမ်းတွေ တံတားတွေ ဆောက်ရမယ်လို့ပဲ ထင်ခဲ့ဖူးပါတယ်လေ...

အရင်ခေတ်က ဆိုပါတော့...

အဲ့ဒီလိုနဲ့ ဆယ်တန်းပြီးခါစမှာ ဘယ် University တက်ရမလဲ ရွေးကြရတော့ အင်ဂျင်နီယာဖြစ်ခွင့်ရမယ့် GTC ကိုပဲ ဦးစားပေးလျှောက်ဖြစ်ခဲ့ပါတယ်...

အင်ဂျင်နီယာကြီး ဖြစ်တော့မယ်ဆိုတဲ့ အတွေးလေးနဲ့ပေါ့...

ကိုယ်အများကြီး မတွေးတတ်ခဲ့ဘူးဆိုတာလဲ ဝန်ခံရမယ်...


အဲ့ဒီလိုနဲ့ GTC တက်မယ်ဆိုပြီး လျှောက်တော့ ကျောက်ဆည်မြို့က

နည်းပညာတက္ကသိုလ်မှာ တက်ဖို့ ပြန်ကျလာပါတယ်...

ကိုယ်တို့တုံးက နယ်အလိုက် ကျောင်းသားတွေ တက်ရမယ့် University ကို ခွဲပြီး ပြန်ကျပါတယ်...

ဆိုလိုချင်တာက ကိုယ်ဆိုရင် မိုးကုတ်မြို့မှာ ဆယ်တန်းဖြေခဲ့တော့ မိုးကုတ်မြို့က ကိုယ့်သူငယ်ချင်းတွေအားလုံး ကျောက်ဆည်မြို့က GTC မှာပဲ ဝင်ခွင့်ရခဲ့ပါတယ်...

မန္တလေးကနေ တက္ကသိုလ်ဝင်တန်း ဖြေခဲ့တဲ့ ကိုယ့်ညီမကတော့ မန္တလေးမြို့ရဲ့ GTC မှာ တက်ရောက်ခွင့်ရခဲ့ပါတယ်...

အဲ့ဒီလိုနဲ့ ကိုယ်တခါမှ မရောက်ဖူးတဲ့ (ကြားတောင်မကြားဖူးဘူးဆိုပါတော့) ဦးသန်းရွှေရဲ့ မြို့ဆိုတဲ့ ကျောက်ဆည်မြို့ရဲ့ GTC ကို ရောက်သွားခဲ့တယ်...

ကျောင်းအပ်လက်ခံတဲ့နေ့မှာ ကိုယ်ကြုံရတဲ့အတွေ့အကြုံကို ပြန်ပြောရရင် ကိုယ်တက်ရမယ့် University ကို ကြိုတင်မလေ့လာထားခြင်းက ကိုယ့်ရဲ့အမှားပဲလို့ ထင်ပါတယ်...

GTC လို့ပဲ ခေါ်ကြတဲ့ နည်းပညာတက္ကသိုလ်မှာ လိုင်းအသီးသီးရှိကြတယ်ဆိုတာ အဲ့ဒီကိုရောက်မှ ကိုယ်သိခဲ့ရတယ်...

ဘယ်လိုင်းကို ကိုယ်တက်ချင်သလဲဆိုတာ ပြန်ရွေးချယ်ရပါတယ်...

Civil, Archi, EC, EP, Mech, MC, IT, NTစသဖြင့် သူ့အသီးသီး ပြန်ရှိပါတယ်...

လမ်းတွေ တံတားတွေ ဆောက်လုပ်ရေးလုပ်ငန်းကို ဝါသနာပါရင် civil ဆိုတဲ့ မြို့ပြအင်ဂျင်နီယာကို ရွေးရမှာ ဖြစ်ပြီး

ပုံတွေ အဆောက်အအုံ

ဒီဇိုင်းတွေ ဆွဲရတာ Creative ဖြစ်တယ်ဆိုရင် ဗိသုကာပညာရပ်ဖြစ်တဲ့ (Architecture) ကို ရွေးချယ်သင့်ပါတယ်...

Electronic ဆိုတဲ့ (EC) ကိုယ်ယူခဲ့တဲ့လိုင်းကကျ လျှပ်စစ်နဲ့ဆိုင်တဲ့ ဘာသာရပ်ဖြစ်ပြီး

ခုခေတ်က electronic ထွန်းကားတဲ့ခေတ် ဖြစ်တဲ့အတွက် electronic ဝါသနာပါတဲ့သူတွေ  ရွေးချယ်သင့်ပါတယ်...

တခုမှာချင်တာက ကိုယ့်အလှည့်တုံးက ကိုယ်တကယ်ဝါသနာပါတာက ပုံတွေဆွဲရတဲ့ (Architecture) ဖြစ်နေပေမယ့် ဗဟုသုတနည်းပါးခဲ့တဲ့အတွက် ကိုယ်တကယ်ဝါသနာပါတာကို မရွေးချယ်ဖြစ်ခဲ့ပါဘူး...

အဲ့ဒီအတွက်လဲ ခုချိန်မှာ နောင်တမရဘူးလို့ ဆိုနိုင်ပေမယ့် စိတ်မကောင်းတော့ ဖြစ်ခဲ့ရပါတယ်...


ကိုယ်ကြုံခဲ့ရတဲ့အမှားမျိုးကိုတော့ ကိုယ့်ညီမလေးတွေနဲ့ မောင်လေးတွေကိုတော့ မကြုံစေချင်ပါဘူးလေ...

EP ကတော့ (Electrical power)

ဖြစ်တဲ့အတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအပိုင်း ဖြစ်ပါတယ်...

Mech ဆိုတဲ့ (Mechanical)ကတော့ စက်မှုအင်ဂျင်နီယာ ဖြစ်ပြီး

MCကတော့ (Mechatronic) ဆိုတဲ့ စက်မှု အီလက်ထရွန်းနစ် အကြောင်းကို သင်ယူရတာ ဖြစ်ပါတယ်...

IT ဆိုတဲ့ (Information Technology) ကတော့ သုတနည်းပညာနဲ့ ပတ်သတ်တာတွေကို သင်ယူရတာဖြစ်ပြီး

NT (Nuclear Technology) ကတော့ နျူကလီးယား နဲ့ ပတ်သတ်တဲ့ ပညာရပ်ကို လေ့လာခွင့် ရရှိမှာ ဖြစ်ပါတယ်...

 လိုင်းအသီးသီးကတော့ သူ့ဟာနဲ့သူ လေ့လာစရာတွေများပြီး ဘာသာရပ် ၆ခု ကနေ ၈ခုကျော် အထိ ကျက်မှတ်ရတယ်ဆိုတာပါပဲ...

စာတွေများပေမယ့်လဲ ပုံမှန်လုပ်သွားရင်တော့ စာမေးပွဲနီးလာလဲ စိတ်အေးရတာပေါ့လေ...

GTC လို့ပဲ အလွယ်ခေါ်နေဆဲဖြစ်တဲ့ TU မှာ ၅နှစ်တက်ရပါတယ်..

၂နှစ်တက်ပြီးလို့ အောင်ရင် B-Tech ကို ဆက်တက်ခွင့်ရပါတယ်...

၄နှစ်တက်ပြီးရင်တော့ အောင်ရင် BE (Bachelor of Technology Engineering)ကို ဆက်လက် တက်ခွင့်ရပါမယ်...

ဘွဲ့ ၂ဘွဲ့ ရမယ်ပေါ့...

BE အောင်ပြီးလို့မှ မဟာတန်း ဆက်တက်ချင်တယ်ဆိုရင် ME ဘွဲ့ ထပ်ရဖို့ တက်ရောက်နိုင်ပါသေးတယ်...

စာမေးပွဲတွေ ဖြေပြီးသွားရင်တော့ Major အသီးသီးအလိုက် သက်ဆိုင်ရာ နယ်ပယ်တွေကို field ဆင်းခွင့်ရခဲ့ပါတယ်..

EC ဖြစ်တဲ့ကိုယ်တို့တုံးကတော့ မန္တလေးမှာရှိတဲ့ မြန်မာ့ဆက်သွယ်ရေး ဆီကို သွားရောက်လေ့လာ ကွင်းဆင်း ရခဲ့တယ်...

ဖုန်းလိုင်းတွေ ဘယ်လို ထားရှိသလဲ ဘယ်လိုကိုင်တွယ်သလဲဆိုတဲ့အရာတွေပေါ့...

EP တွေကျ လျှပ်စစ်ဖြန့်ဖြူးရေးဖြစ်တဲ့ ရေလှောင်တမံတွေဆီ သွားကြရတာ ဖြစ်သလို သူ့လိုင်းအသီးသီး field ဆင်းရတာက ပျော်စရာအကောင်းဆုံးအချိန်တွေ ဖြစ်ခဲ့ရပါတယ်...

Uni မှာ ပျော်ဖို့ကောင်းတဲ့အချိန်တွေကတော့

ရာသီအလိုက် ထမနဲထိုးပွဲကျင်းပတဲ့အချိန်တွေရယ် Major စုံ မုန့်လုပ်ပြီးလက်မှတ်တွေနဲ့ ဝယ်စားရတဲ့ ဈေးရောင်းပွဲတွေနဲ့ Major အသီးသီး
အားကစားပြိုင်ပွဲတွေ ကျင်းပတဲ့အချိန်ဖြစ်ပြီး ဘောလုံးပွဲရာသီကတော့ လူအားပေးမှု အများဆုံးဖြစ်နေဆဲပါပဲ...

သူ့ major ကိုယ့် major နဲ့ လုပြီး အော်ဟစ်အားပေးပြီး ပထမဆုဖလားကို ကမ္ဘာ့ဖလားရမယ့်အတိုင်း ယှဉ်ပြိုင်ခဲ့ကြတာကတော့ အမှတ်တရပါပဲ...

Uniform ကတော့

ဖြူပြာလေးတွေ ဝတ်ဆင်ရတာဖြစ်ပြီး ၅နှစ်တာကာလဟာ ရထားတစင်းခုတ်မောင်းသွားတဲ့အတိုင်း မြန်ဆန်လွန်းလှပါတယ်လေ...

ခုချိန်မှာ ကိုယ်နောင်တရမိတယ်လို့ ခံစားရတဲ့အရာကတော့ Uni မှာ သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါး မဖြတ်သန်းခဲ့မိခြင်းပါပဲ...

Uni life ဟာလဲ တသက်မှာတခါ သာ ရခွင့် ရှိတာမို့လို့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြည့်ဖို့တော့ လိုအပ်တယ် မဟုတ်လားနော်...

ကိုယ်တို့ဟာ တနေ့မှာ Uni life ကို အပြီးအပိုင် နှုတ်ဆက်ရမယ့် သူတွေပဲ ဖြစ်တဲ့အတွက်ကြောင့် Uni မှာ ရှိနေတုံး တက်ခွင့်ရနေတုံး လူငယ်ပီပီ ပျော်ရွှင်တက်ကြွစွာ တက်ရောက်သင့်တယ်လို့ ကိုယ်ထင်ပါတယ်လေ...

ဘယ်လိုပဲဖြစ်ဖြစ် ဖြူပြာလေးတွေ မြင်တိုင်းမှာတော့ ကိုယ့်ရဲ့

Uni life ကို လွမ်းဆွတ်သတိရနေဆဲပါပဲကွယ်...

July 20, 2018 at 09:24 am