contact@pandaingmap.com

(+95) 9 764-231-193

Strategy first Institute

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ ကလေးတွေ အတွက်လည်း Scholar တွေရှိပါတယ်။ ဂုဏ်ထူး ပါရင် ပါသလို scholarတွေ သတ်မှတ်ထားပါတယ်။ ဒုတိယနှစ်ရောက်ရင် လည်း ပထမနှစ်မှာအောင်မြင်ခဲ့တဲ့ ဂုဏ်ထူးအရေအတွက်ကို ကြည့်ပြီးပဲ scholar ပေးတာပါ။

ကျွန်မနာမည်ကတော့ အေးချမ်းမိုးဖြစ်ပါတယ်။ကျွန်မက ရန်ကုန် တက္ကသိုလ်မှာ International relation(IR) major မှာ ဒုတိယနှစ် တက်ရောက်နေတာပဲ ဖြစ်ပါတယ် ။2016 ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းကို လေးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ ယူခဲ့တာကတော့ bio တွဲပါဒါပေမယ့်စီးပွားရေးကိုလည်းဝါသနာပါတယ်။ အနာဂတ်မှာလည်း စီးပွားရေးလုပ်ဖြစ်မယ်လို့လည်း ရည်ရွယ်ထားတော့ စီးပွားရေးနဲ့ပက်သက်တဲ့ ဘွဲ့တွေ diploma တွေ ထပ်ယူမယ် ထပ်လေ့လာမယ်လို့တွေးထားပါတယ်။ဒါကြောင့် strategy first မှာ တက်ဖြစ်ခဲ့တာပါ။Strategy first က မြေနီကုန်း စမ်းချောင်းမှာရှိတော့ ကျွန်မ တက္ကသိုလ်က ဆင်းရင် သင်တန်း သွားတက်ဖို့ အဆင်ပြေပါတယိ။ ဒါ့အပြင် strategy first က MBA အတွက် ရည်ရွယ်ထားတာ ဆိုတော့ လူကြီးပိုင်း တွေ အတွက် အဆင်ပြေစေမှာမို့လို့ ရုံးဝန်ထမ်း၊ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေအတွက် ညနေပိုင်းအချိန် (ရုံးဆင်းချိန်) ဖြစ်လို့ ကျွန်မအတွက် ရွေးချယ်စရာ ဖြစ်ခဲ့တာပါ။
                                     
ကျွန်မ တို့ သက်ငယ်ပိုင်း (ဆယ်တန်းအောင်ပြီး ကလေး)တွေအတွက်ကတော့ NCC,HND,BI ဆိုမျိုး သုံးမျိုးရှိပါတယ်။ တက်ရတာကလည်း သုံးနှစ်ပါ။ ပထမ နှစ်နှစ်အတွက်က diploma ပဲ ပေးပါတယ်။ သုံးနှစ်တက်မယ်ဆိုရင်တော့ Bechelor ပေးမှာပါ။ Strategy first Institute က Edinburgh Business School(EBS),Horiot-Watt University တို့နဲ့ ချိတ်ဆက်ထားတာမို့လို့ ကျွန်မတို့ နောက်ဆုံးနှစ်ရောက်ရင် နိုင်ငံခြား university က သင်ရိုးအတိုင်း သင်ပေးမှာပါ။Strategy first Institute က တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ ကလေးတွေ အတွက်လည်း Scholar တွေရှိပါတယ်။ ဂုဏ်ထူး ပါရင် ပါသလို scholarတွေ သတ်မှတ်ထားပါတယ်။ ဒုတိယနှစ်ရောက်ရင် လည်း ပထမနှစ်မှာအောင်မြင်ခဲ့တဲ့ ဂုဏ်ထူးအရေအတွက်ကို ကြည့်ပြီးပဲ scholar ပေးတာပါ။ ကျန်တဲ့ သက်ကြီး သက်ငယ်မရွေးတက်လို့ ရတဲ့ Project management, marketing, Human Resources Development (HRD), ICM, CIM, Mastering Metrics, Digital Strategy, Risk Managementတို့ကတော့ Diploma ပေးပြီး လေးသိန်းကျော်ပဲ ကုန်ကျတာမို့လို့ scholar တော့မရှိပါဘူး။
MBA ကတော့ Stanford University တွေနဲ့ join ထားတဲ့အပြင် နိုင်ငံခြား university သင်ရိုး သင်နည်းအတိုင်း နိုင်ငံခြားက ဆရာတွေ လာသင်ပါတယ်။Exam လည်းဖြေရပြီး အကုန်အကျ များတာမို့ MBA အတွက်ကတော့ discount တွေ ရှိပါတယ်။ကျောင်းသားတွေအနေနဲ့ ဆယ်တန်းပြီးတဲ့အခါမှာ ဘယ်ဘာသာရပ်ကို ယူရမလဲဆိုတာ ဝေခွဲမရတာမျိုး လည်းရှိတတ်ပါတယ်။ 
IGCSE(or)ဆယ်တန်းအောင်မြင်ထားတဲ့မောင်ငယ၊်ညီမငယ်တွေအတွက်လည်းကိုယ်ဝါသနာပါရာကို UKမှာနောက်ဆုံးနှစ်သာ သွားတက်ပြီး စရိတ်သက်သာစွာနဲ့ UK မှ ဘွဲ့ကို ရယူလိုရင်ပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာပဲ အစအဆုံးတက်ပြီး UK မှဘွဲ့ကို စရိတ်သက်သာစွာ ရယူလိုရင်ပဲဖြစ်ဖြစ် Strategy First မှာ Undergraduate Programme သုံးခုကို ရွေးချယ်တက်ရောက်လို့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ Bachelor’s Programme များထဲမှာ Ranking အကောင်းဆုံး ဖြစ်တဲ့ Oxford Brookes University မှ BA (Hons) Business and Management Pathway Programme စီးပွားရေး နဲ့ အိုင်တီ နည်းပညာပိုင်းကိုစိတ်ဝင်စားတဲ့သူတွေ အတွက် NCC Diploma in Business Information Technology နဲ့ SQA HND in Civil Engineering တို့ကို တက်ရောက်နိုင်ပြီဖြစ်ပါတယ်။
                          
လက်တွေ့တွေနဲ့ သင်ပေးပြီး project တွေ လုပ်ရတာကြောင့် Diploma ရသွားသူတွေ အနေနဲ့ကတော့ လုပ်ငန်းခွင်တွေမှာ တကယ်အသုံးဝင်မှာပါ။ကျွန်မတို့ ကလေးတွေကိုလည်း တကယ် ဂရုစိုက်ပေးပါတယ်။    Exam ကြောက်တယ်ဆိုတာမျိုးမရှိဘဲ supprting လည်း ပေးပါတယ်။ Exam နီးလာရင်လည်း Revision ပြန်ပေးပါတယ်။ ခရီးတွေလည်း group အလိုက် ထွက်ရတာ မျိုးလည်း ရှိပါတယ်။team- work တွေ ပိုမိုကောင်းမွန်လာစေတယ်လို့လည်း မြင်မိပါတယ်။Strategy First သြင်္ကန်ပွဲတွေကိုလည်း ကျင်းပပေးလေ့ရှိပါတယ်။ ကျွန်မတို့ဆိုရင်လည်း ပွဲတိုင်းပါဝင်ဆင်နွှဲလေ့ ရှိပါတယ်။ 
Yangon Campus 1 - Strategy First Panchan Tower Campus - အမှတ် (၈)၊ မြေညီထပ်၊၊ ပန်းခြံတာဝါ၊ ဓမ္မစေတီလမ်း နှင့် ဗားဂရာ လမ်းထောင်၊့ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
Yangon Campus 2 - Strategy First Pyay Road Campus - အမှတ် (၂၃၉)၊ ပြည်လမ်း (မြေနီကုန်း City Mart အနီး)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
Yangon Campus 3 - Strategy First U Wizara Campus -အမှတ် (၂၃၇)၊ ဦးဝိစာရလမ်း နှင့် ဓမ္မစေတီလမ်းဆုံ မီးပွိုင့်အနီး၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
Yangon Campus 4 - Strategy First Hledan Campus - အမှတ်(၅၇၅)၊ လှည်းတန်းဂုံးတံတားအဆင်း၊ ပြည်လမ်း၊ကမာရွတ်မြို့နယ်။ (မာလာ ကားမှတ်တိုင်အနီး)။ 
မန္တလေး - Block 4, Unit 8, သဇင်လမ်း နှင့် ငုရွေဝါလမ်းထောင့်၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ New Ocean အနီး ၊ မန္တလေးမြို့။
မုံရွာ - Strategy First Monywa Campus၊ ကျောက္ကာလမ်း၊ နန္ဒဝန်ရပ်ကွက်၊ မုံရွာမြို့။
ဆိုပြီးကျောင်းခွဲတွေအများကြီးဖွင့်လှစ်ထားလို့မောင်ငယ၊်ညီမငယ်တွေအတွက် အကျိုးများစွာဖြစ်ထွန်း မယ်လို့ရည်မှန်းမိပါတယ်။တက္ကသိုလ်ဝင်တန်း ဖြေဆိုထားပြီးတဲ့ မောင်ငယ်၊ညီမငယ်လေးတွေအတွက် လည်း '' seminar on making career choices''ဆိုပြီး strategy first က ကျင်းပပေးနေတဲ့ seminar တွေရှိပါတယ်။
 
ကျွန်မအတွက်တော့ Strategy first မှာပညာသင်ယူနေရတာကအလွန်ပျော်စရာကောင်း သလို စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ ဆရာတွေကလည်း နွေးထွေးမှုရှိပြီး သူငယ်ချင်းတွေ ကလည်း ခွန်အားတစ်ခုလိုပါပဲ။ကျွန်မအတွက်တော့ Strategy First က second family တစ်ခုသာဖြစ်ပါတယ်။ကျွန်မတို့လို Bio တွဲတွေနဲ့ အောင်မြင်ထားပြီး Business ဘက်ကို ဝါသနာပါရင် နောက်မကျသေးပါဘူးလို့ ကျွန်မက စေတနာစကား ပါးလိုက်ချင်ပါတယ်ရှင်။ အခွင့်အရေးကောင်းတဲ့ Strategy First ကိုလာသင်ယူလှည့်ပါလို့လည်း ဖိတ်ခေါ်ချင်ပါတယ်ရှင့်။
 

July 13, 2018 at 09:56 am