contact@pandaingmap.com

(+95) 9 764-231-193

တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးအောင်ရင်အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်မှာကျောင်းလျှောက်မယ်

တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေဆိုအောင်မြင်ထားတဲ့လူငယ်လေးများအတွက် ကျောင်းလျှောက်ထားတဲ့နေရာမှာ အထောက်အကူဖြစ်စေလိုတဲ့ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံရဲ့နာမည်ကြီးကောလိပ်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ကောလိပ်အမည်ကတော့ အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ် (National Management Degree College) ပဲဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေဆိုအောင်မြင်ထားတဲ့လူငယ်လေးများအတွက် ကျောင်းလျှောက်ထားတဲ့နေရာမှာ အထောက်အကူဖြစ်စေလိုတဲ့ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံရဲ့နာမည်ကြီးကောလိပ်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ကောလိပ်အမည်ကတော့ အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ် (National Management Degree College) ပဲဖြစ်ပါတယ်။ အဆိုပါအမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်ဟာဆိုရင် ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့ ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းမပေါ်မှာတည်ရှိတာဖြစ်ပါတယ်။ 

အဓိကသင်ကြားပေးလျက်ရှိတဲ့ ဘာသာရပ်များကတော့
Bachelor of Business Management
BA (English for Professional Purposes)
BA (Tourism)
BA (Journalism) တို့ပဲဖြစ်ပါတယ်။
1.    Bachelor of Business Management
အထက်ပါဘာသာရပ်၄ခုထဲမှ BBM (Bachelor of Business Management) ဘာသာရပ်တွင် စီးပွားရေးလုပ်ငန်းတစ်ခုကိုမည်သို့တည်ထောင်ရမည်ကအစ စီမံခန့်ခွဲမှုပညာမျိုးစုံကိုသင်ကြားပေးမှာဖြစ်ပါတယ်။ နိုင်ငံတိုးတက်ရေးအတွက်မရှိမဖြစ်လိုအပ်သောစီးပွားရေးးပညာရပ်ကို ထဲထဲဝင်ဝင်သင်ကြားရမှာပဲဖြစ်ပါတယ်။လက်ရှိစီးပွားရေးလောကမှာအောင်မြင်နေတဲ့ လုပ်ငန်းရှင်များကိုယ်တိုင်အကြံဉာဏ်များပေးခြင်း၊ ထူးချွန်ထက်မြက်သောကျောင်းသား ကျောင်းသူများအတွက်ပညာသင်စရိတ်၊ အလုပ်အကိုင်စသည်တို့ထောက်ပံ့ပေးခြင်းများလည်းရှိပါသည်။ ပညာသင်နှစ်မှာ ၄နှစ်ဖြစ်ပြီး တတိယနှစ်တွင်ပြင်ပကုမ္ပဏီများတွင်အလုပ်သင်အဖြစ်၂လတာလုပ်ဆောင်ရမည်ဖြစ်ပါသည်။ ၂၀၁၇ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲရမှတ် ၄၈၈မှတ်နှင့်အထက်ရရှိသူများသည် ပထမနှစ် BBM တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ ကျောင်းသူကျောင်းသားဦးရေ ၁၀၀ကျော်ဝင်ခွင့်လက်ခံမှာပဲဖြစ်ပါတယ်။
2.    BA (English for Professional Purposes)
ဒုတိယအနေနဲ့ BA EPP (English for Professional Purposes) ဘာသာရပ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ EPP ဘွဲ့ ရန်ကုန်တက္ကသိလ်နှင့်ပူးတွဲဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူများသည် တက္ကသိုလ်အရသာအပြည့်အဝခံစားရမယ့်မိန်း (ရန်ကုန်တက္ကသိုလ်)ရှိ ပင်လုံဆောင်မှာပညာသင်ယူရမှာပဲဖြစ်ပါတယ်။ ခေတ်အဆက်ဆက်နာမည်ကြီးလာတဲ့ရန်ကုန်တက္ကသိုလ်တွင်သင်ကြားရမယ့်အချက်က EPP ရဲ့ထူးခြားချက်တစ်ခုပဲဖြစ်ပါတယ်။ EPP တွင်သင်ကြားရမယ့် အင်္ဂလိပ်စာသင်ရိုးများသည်နာမည်ကြီး Oxford တက္ကသိုလ်သင်ရိုးများဖြစ်ပြီး လုပ်ငန်းခွင်တွင်ကျွမ်းကျင်စွာပြောဆိုနိုင်ရန် အဆင့်မြင့်သင်ကြားပေးတာပဲဖြစ်ပါတယ်။ အင်္ဂလိပ်စာသာမက စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်များလည်းထည့်သွင်းသင်ကြားပေးနေသည့်အတွက် လုပ်ငန်းခွင်ဝင်ရာတွင်အမှန်တကယ်အထောက်အကူပြုပါသည်။ နိုင်ငံတကာနှင့်ဆက်ဆံနိုင်အောင် Communication၊ Business English ဘာသာရပ်များသာမက ဘာသာပြန်နည်းများ၊ Presentation and Public Speaking၊ မီဒီယာလုပ်ငန်းသုံးအင်္ဂလိပ်စာစတာတွေပါသင်ယူရမှာဖြစ်တဲ့အတွက် မည်သည့်လုပ်ငန်းခွင်ဝင်ဝင်အံဝင်ခွင်ကျဖြစ်နေမယ့်ဘာသာရပ်ပဲဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲရမှတ် ၄၈၀မှတ်နှင့်အထက်ရရှိသူများသည် ပထမနှစ် EPP တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ ကျောင်းသူကျောင်းသားဦးရေ ၅၀ကျော်ဝင်ခွင့်လက်ခံမှာပဲဖြစ်ပါတယ်။

3.    BA (Tourism)
BA (Tourism) ဘာသာရပ်မှာ ခရီးသွားလုပ်ငန်းအထူးပြုဘာသာပဲဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ရင်ဘောင်တန်းပြီး ခရီးသွားလုပ်ငန်းတွင်ကျယ်အောင်မြင်စေရန် လုပ်ဆောင်လိုသူများအထူးတက်ရောက်သင့်တဲ့ဘွဲ့ပဲဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းအတွက်အဓိကလိုအပ်တဲ့ Tourist Attraction များအကြောင်း၊ Accommodation၊ Accessibility for Transport စတာတွေကိုဘယ်လိုစီမံရမလဲဆိုသင်ကြားပေးပါတယ်။ ခရီးစဉ်များရေးဆွဲခြင်း၊ ခရီးသည်များအဆင်ပြေချောမွေ့စေရေးစတာတွေကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကိုယ်တိုင်ကလာရောက်သင်ကြားပေးနေတာပဲဖြစ်ပါတယ်။ အလုပ်သင်ကာလ ၆လ အပါအဝင် ၄နှစ်တက်ရောက်သင်ကြားရမှာပဲဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲရမှတ် ၄၆၆မှတ်နှင့်အထက်ရရှိသူများသည် ပထမနှစ် Tourism တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ ကျောင်းသူကျောင်းသားဦးရေ ၁၀၀ကျော်ဝင်ခွင့်လက်ခံမှာပဲဖြစ်ပါတယ်။
4.    BA (Journalism)
နောက်ဆုံးအနေနဲ့ BA (Journalism) နဲ့မိတ်ဆက်ပေးချင်ပါတယ်။ သတင်းအတတ်ပညာဆိုင်ရာဘာသာရပ်ဖြစ်ပြီး လက်တွေ့ကွင်းဆင်းမှု ၃လတိတိလုပ်ဆောင်ရပါတယ်။ သင်ရိုးတွေကိုတော့ နိုင်ငံတကာစံချိန်နဲ့အညီရေးဆွထြားပြီး သတင်းရေးခြင်း၊ ဆောင်းပါးရေးသားခြင်း၊ သတင်းဓာတ်ပုံရိုက်ကူးတည်းဖြတ်ခြင်းမျာါ် နှင့်တကွ ရုပ်သံလွှင့်ပညာများကိုအသေးစိတ်သင်ယူရပါတယ်။ နိုင်ငံတကာမှ ဆရာ၊ ဆရာမများကိုယ်တိုင်သင်ကြားပေးနေပြီး ပြည်တွင်းရှိနာမည်ကြီးသတင်းမီဒီယာရုပ်သံများတွင်လက်တွေ့လေ့လာမှုများပြုလုပ်ရပါသေးတယ်။ နိုင်ငံရဲ့စတုတ္ထမဏ္ဏိုင်ဖြစ်တဲ့ သတင်းမီဒီယာကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ချင်သူ အမှန်တကယ်ဝါသနာပါသူလူငယ်များအတွက် တက်ရောက်သင့်တဲ့ဘာသာရပ်ပဲဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲရမှတ် ၄၂၆မှတ်နှင့်အထက်ရရှိသူများသည် ပထမနှစ် Journalism တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ ကျောင်းသူကျောင်းသားဦးရေ ၅၀ကျော်ဝင်ခွင့်လက်ခံမှာပဲဖြစ်ပါတယ်။
အဆိုပါဘာသာရပ်များအားလုံးကိုသင်ကြားတဲ့နေရာမှာ မြန်မာနိုင်ငံရှိကျွမ်းကျင်ဆရာ ဆရာမများ၊ ပြည်ပမှဆရာ ဆရာမများ နှင့် တကွ ပြည်တွင်း ပြည်ပတွင်အောင်မြင်နေသော လုပ်ငန်းရှင်များကိုယ်တိုင်ပါဝင်သင်ကြားလေ့ရှိပြီး ကျောင်းသားဗဟိုပြုသင်ကြားရေးကိုလက်တွေ့အသုံးချသင်ကြားပေးတဲ့ နိုင်ငံတကာအဆင့်မှီကောလိပ် တစ်ခုဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများအတွက် အပတ်စဉ် ဟောပြောပွဲများ၊ လက်တွေ့ သင်ခန်းစာများ၊ အုပ်စုလိုက်ဆွေးနွေးတိုင်ပင်အဖြေထုတ်ခြင်းများ၊ လူအများရှေ့တွင် Presentation လုပ်ရခြင်းများ စသည့် activity များကို လုပ်ဆောင်ရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများကို အလုပ်ခွင်ဝင်သည့်အချိန်တွင် အဆင်သင့်ဖြစ်စေပါသည်။
ထို့အပြင်ကျောင်းမပြီးခင် လက်တွေ့လုပ်ငန်းခွင်သို့ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ရမှာဖြစ်ပြီး မိမိအမှန်တကယ်အလုပ်ဝင်သည့်အခါ ယုံကြည်မှုအပြည့်ရှိစေမှာပဲဖြစ်ပါတယ်။ ကျောင်းပြင်ပလှုပ်ရှားမှုများလည်းလုပ်ဆောင်နိုင်ပြီးကျောင်းသားများကိုယ်တိုင်စီစဉ်ရတဲ့ပွဲများစွာလည်းကျင်းပပေးမှာဖြစ်ပါတယ်။
 
Photo Source: https://www.nmdc.edu.mm/

ကျောင်းသားကျောင်းသူများအလုပ်အကိုင်ရရှိမှုလွယ်ကူစေရန်ပြည်တွင်းပြည်ပကုမ္ပဏီများနှင့်ပူးပေါင်းပြီး အလုပ်အကိုင်ပြပွဲများကိုနှစ်စဉ်ပြုလုပ်ပေးနေပါသေးတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ အမှတ်ပေါင်း ၄၀၀ အထက်ရရှိသူမည်သူမဆိုလျှောက်ထားနိုင်ပြီး လျှောက်လွှာများပေးမည့်နေ့ကိုသတင်းစာတွင်ကြေငြာသွားမှာပဲဖြစ်ပါတယ်။
NMDC Website မှတဆင့်လည်းလျှောက်ထားနိုင်ပါတယ်။ အနယ်နယ်အရပ်ရပ်ကလာတက်ကြမယ့်ကျောင်းသား ကျောင်းသူတွေအတွက်လည်း အဆောင်များစီစဉ်ပေးထားပါတယ်။
ကျောင်းလျှောက်ထားရန် အသေးစိတ်အချက်အလက်များစုံစမ်းလိုပါက 01-292566, 01-200639 တို့ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

July 11, 2018 at 01:19 pm