contact@pandaingmap.com

(+95) 9 764-231-193

မန္တလေး ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်

ကျွန်မအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးတဲ့ မောင်ငယ်၊ညီမငယ်လေးတွေ အတွက် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်အကြောင်း မျှဝေပေးချင်ပါတယ် ။ကျွန်မနာမည်က တော့ အေးချမ်းဦးဖြစ်ပါတယ်။

Image Credit : www.umtmandalay.gov.mm

မင်္ဂလာပါရှင့်။
ကျွန်မအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးတဲ့ မောင်ငယ်၊ညီမငယ်လေးတွေ အတွက် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်အကြောင်း မျှဝေပေးချင်ပါတယ် ။ကျွန်မနာမည်က တော့ အေးချမ်းဦးဖြစ်ပါတယ်။ကျွန်မက တက္ကသိုလ်ဝင်တန်းကို မြစ်ကြီးနားမှာ သိပ္ပံဘာသာတွဲနဲ့ အောင်မြင်ခဲ့တာပါ။ကျွန်မအနေနဲ့ ဇီဝဗေဒကို အထူးဝါသနာ ပါတာလည်း ဖြစ်သလို ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်နဲ့ ကပ်လွဲခဲ့တာကြောင့် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်ကို လျှောက်ဖြစ်ခဲ့တာပါ။
 
ကျွန်မတို့ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်က မြန်မာနိုင်ငံမှာ နှစ်ခုရှိပါတယ်။ရန်ကုန်မှာ တစ်ခု မန္တလေးမှာတစ်ခု ရှိတာပါ။ မန္တလေးမှာက ပုသိမ်ကြီးမြို့နယ် တီဘီဆေးရုံဘေးမှာ တည်ရှိတာပါ။ 
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်နှစ်ခုစလုံးက ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာ ဦးစီးဌာန လက်အောက်မှာရှိတာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက် အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။1991 ဒီဇင်ဘာလ (30) ရက်နေ့က စတင်ပြီး ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ကို စတင်ပြောင်းလဲဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အရင်က နှစ် နှစ်သင် ဒီပလိုမာဘွဲ့ကိုသာ ပေးတာဖြစ်ပါတယ်။လေးနှစ်သင် ဘွဲ့ရပြီးရင်တော့ နှစ်နှစ်သင် (M.Med.Tech) ဘွဲ့ကို သင်ယူနိုင်မှာဖြစ်ပါတယ်။ကျွန်မက မြစ်ကြီးနားက လာတာဆိုတော့ မန္တလေး ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်ကိုပဲ ရွေးချယ်ခဲ့တာပါ။ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်မှာ မေဂျာတိုင်းက သူ့ professional ပိုင်းနဲ့သူ ရှိပါတယ်။ လေးနှစ် တက်ရပါတယ်။ လေးနှစ်တက်ပြီးပြီဆိုတာနဲ့ အရည်အချင်း ပြည့်မီတယ်ဆိုရင် ဘွဲ့မရသေးရင်တောင်မှ ဆေးရုံတွေက အလုပ်ခေါ်လေ့ရှိပါတယ်။


University of Medical Technology (UMT) မှာမနှစ်ကဝင်ခွင့်ကတော့ 449နဲ့ အထက် မှာရှိပါတယ်။ ရန်ကုန် တက္ကသိုလ်မှာတော့ မေဂျာခုနှစ်ခုရှိပြီး ကျွန်မတို့ မန္တလေး  တက္ကသိုလ်မှာတော့ major သုံးခုပဲရှိပါတယ်။နောက်ပိုင်း မန္တလေးတက္ကသိုလ်မှာ မေဂျာတွေ ဆက်တိုးဖို့တော့ ရှိပါတယ်။ လေးနှစ်တက်ပြီး ဘွဲ့ပေးရင်B.med.tech ဆိုတဲ့ ဘွဲ့ကိုရမှာပါ။ master professional University of Medical Technology (UMT) အတွက် ထပ်jion ချင်လည်း ရပါတယ်။ 
မန္တလေးမှာတော့ 
(၁)ဓာတ်ခွဲ
(၂)ဓာတ်မှန်
(၃) physiotherapy 
ဆိုပြီး မေဂျာသုံးခုပါ။
ခြေတုလက်တု ၊ ကျန်းမာရေးသတင်းအချက်အလက်နည်းပညာ စတဲ့မေဂျာတွေကတော့ ရန်ကုန်မှာပဲ သင်ယူလို့ရနိုင်ပါသေးတယ်။ကျွန်မတို့ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ကျောင်းသား/သူတွေ အနေနဲ့ တတိယနှစ်ဆိုရင် ဆေးရုံတွေထိသွားပြီး လက်တွေ့သင်ကြားရပါတယ်။Test တွေလည်း ပုံမှန်ဖြေရပြီး pratical တွေလည်း ပုံမှန်လုပ်ရပါတယ်။
မောင်ငယ်၊ညီမငယ်လေးတွေအနေနဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ကို အမှတ် ကပ်လျက်နဲ့ ဝင်ခဲ့မယ်ဆိုရင်တောင် တစ်နှစ်ကြိုးစားလို့ရပါသေးတယ်။ကိုယ်ကြိုက်တဲ့မေဂျာ ရအောင်ပထမနှစ်မှာ ပြန်ကြိုးစားလို့ရပါတယ်။ ပထမနှစ် အမှတ်တွေကို စစ်ဆေးပြီးမှ ဒုတိယနှစ်မှာ မေဂျာခွဲတာ ဖြစ်ပါတယ်။ဆရာ၊ဆရာမတွေ အနေနဲ့ကလည်း တကယ့်ကို အသင်အပြကောင်းပါတယ်။ နှစ်သိမ့်ဆွေးနွေး ကူညီဖြေရှင်းပေးလို့ ပျော်စရာကြီးပါ။ကျောင်းက test တွေ၊ pratical တွေ လုပ်ရတယ်ဆိုတော့ အချိန်ပြည့် စာသင်နေရတယ်လို့ မထင်ပါနဲ့။ကျောင်းအလိုက် ပဒေသာကပွဲ၊ သြင်္ကန်ပွဲတွေရှိပါတယ်။ရှေးဦးသူနာပြုစုနည်း သင်တန်းငယ်လေးတွေလည်း ဖွင့်လှစ်ပေးတဲ့အပြင် zumba သင်တန်းငယ်လေးများကို farrovit စတဲ့ ဆေးကုမ္ပဏီတွေနဲ့ပေါင်းစပ်ပြီး ကျောင်းသား/သူတွေ အတွက်ပြုလုပ်ပေးလေ့ရှိပါတယိ။ကိုယ့်ဝါသနာဟာ မေဂျာဘာသာတွေအပြင် အနုပညာရှင်တစ်ဦးဖြစ်ချင်ရင်လည်း အနုပညာအသင်းမှာ ဝင် join နိုင်ပါတယ်။ ဗဟုသုတရဖွယ်ဖြစ်တဲ့ seminar တွေကိုလည်း ပြုလုပ်ပေးလေ့ရှိတာကြောင့် တကယ့်ကို ပညာတွေနဲ့ပြည့်ဝနေတဲ့ တက္ကသိုလ်နယ်မြေတစ်ခုပါ။ မိုးရာသီသစ်ပင်စိုက်ပွဲတွေလည်း ရှိပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသူတွေလည်း ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ကျောင်းသား/သူ တွေအဖြစ် မြင်တွေ့ရမှာပါ။
ကျွန်မအနေနဲ့ကတော့ physiotherapy ဆိုတဲ့ မေဂျာမှာ ဒုတိယနှစ် တက်ရာက်နေတာပါ။ အနာဂတ်ရည်မှန်းချက်လည်း physiotherapist တစ်ဦးအနေနဲ့ တိုင်းပြည်အတွက် အကျိုးပြုသွားမယ်လို့ ရည်မှန်းထားပါတယ်။ကျွန်မတို့ physiotherapist တွေက rehabilitation ဆိုတဲ့ပြန်လည်သန်စွမ်းခြင်းကိုအဓိကကူညီပေးတာပါ။ မွေးကတည်းကမသန်မစွမ်းသူတွေကိုပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခု၊ မတော်တဆမှုတစ်ခုခုကြောင့် ကိုယ်လက်အင်္ဂါအားနည်း သွားတဲ့လူတွေကို လေ့ကျင့်တဲ့ စက်တွေနဲ့ လေ့ကျင့်ခန်းပြုလုပ်ပေးတာဖြစ်ပါတယ်။
ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ physiotherapist တစ်ဦးအနေနဲ့ အရေးပါ အရာရောက်မှုက နည်းနေပါသေးတယ်။နိုင်ငံခြားမှာဆိုရင် ခွဲမယ့်လူနာ ၊ ခွဲပြီးလူနာ ၊ ကိုယ်ဝန်သည် ၊ လေဖြတ်ထားတဲ့ လူနာ၊ အားကစားသမား၊ အရိုးအကြောနဲ့ ပက်သက်တဲ့လူနာတွေက ကျွန်မတို့ physiotherapist တွေကိုလိုအပ်ပါတယ်။ဒါကြောင့် ကျွန်မတို့ မေဂျာဟာ သက်ကြီးသက်ငယ်မရွေးအတွက် အသုံးဝင်တယ်လို့ မြင်မိပါတယ်။ ထိုနည်းတူ ဓာတ်ခွဲ၊ ဓာတ်မှန်မေဂျာတွေကလည်း သက်ရှိအားလုံးအတွက်အရေးပါလှပါတယ်။
ကျွန်မအနေနဲ့တော့ဝါသနာပါသူဂျူနီယာလေးတွေကိုဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် မှာလာရောက်သင်ယူစေချင်ပါတယ်။ အလုပ်အကိုင်လည်း သေချာပြီး ကုသိုလ် လည်းရလို့ 'ကုသိုလ်လည်းရ ဝမ်းလည်းဝ' ဆိုတဲ့စကားပုံနဲ့ ကိုက်ညီလှပါတယ်။ကျွန်မတို့ တက္ကသိုလ်က မြန်မာနိုင်ငံမှာဆိုရင် လူသိလည်း နည်းနေသေးတာကြောင့် ကျွန်မအနေနဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ မောင်ငယ်၊ညီမငယ်လေးတွေအတွက် ကောင်းမွန်တဲ့ လမ်းညွှန်ပြမှုတစ်ခု ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ကျေးဇူးတင်ပါတယ်ရှင့်။

June 29, 2018 at 10:25 am