contact@pandaingmap.com

(+95) 9 764-231-193

လေကြောင်းနှင့်အာကာသ တက္ကသိုလ်(Myanmar Aerospace Engineering University)

ကျွန်တော့်နာမည်က တော့ မင်းထက်ပြည့်စုံပါ။ ကျွန်တော်က ဆယ်တန်းကိုလေးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်က ယခု လေကြောင်းနှင့်အာကာသ တက္ကသိုလ်(Myanmar Aerospace Engineering University)မှာဒုတိယနှစ်တက်ရောက်နေတာဖြစ်ပါတယ်။

Image Credit: http://maeu.edu.mm

ကျွန်တော်က ယခု လေကြောင်းနှင့်အာကာသ တက္ကသိုလ်(Myanmar Aerospace 
Engineering University)မှာဒုတိယနှစ်တက်ရောက်နေတာဖြစ်ပါတယ်။။ကျွန်တော့်နာမည်က တော့ မင်းထက်ပြည့်စုံပါ။ ကျွန်တော်က ဆယ်တန်းကိုလေးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်အမှတ်ရယ် မိဘတွေရဲ့ တွန်းအားပေးမှုရယ်ကြောင့် ကျွန်တော် ဒီတက္ကသိုလ်ကို ဦးစားပေးလျှောက်ဖြစ်ခဲ့တာပါ။ကျွန်တော်လည်း အစက ဘာ တက္ကသိုလ် ဘယ်လိုမျိုးလဲဆိုတာ မသိခဲ့ပါဘူး။ လေယာဉ်မောင်းသင်တန်းကျောင်းလိုမျိုးပဲ ထင်မှတ်ခဲ့တာပါ။  ဒီတက္ကသိုလ်ရောက်မှ စီနီယာတွေနဲ့ ဆရာဆရာမတွေရှင်းပြလို့ကျွန်တော် မေဂျာတွေအကြောင်းသိရှိခဲ့ပါတယ်။
PV(Propulsion and Vehicle)
AV(Avionics)
EI(Electronic)
FP(Fuel and Propellant)
SS(SpaceSystem)ဆိုတဲ့အဓိက ငါးမေဂျာရှိပါတယ်။
                                                
ကျွန်တော်ကတော့AV(avionics)ကိုဝါသနာပါလို့Avionics ကိုပဲလျှောက်ခဲ့ပြီ။ အခုဆိုရင်လည်း Avionics second yearတက်နေပါတယ်။ကျောင်းရောက်ရောက်ချင်း Major တွေ မခွဲသေးပါဘူး။ပထမနှစ်မှာအခြေခံဘာသာတွေ၊Drawingတွေက အစအသေးစိတ်သင်ကြားရပါတယ်။ 
ပထမနှစ်မှာ ပထမနှစ်ဝက်နဲ ဒုတိယနှစ်Examနှစ်ခုပေါင်းပြီးမှထွက်လာတဲ့ရမှတ်တွေနဲ့
 ကိုယ်လိုချင်တဲ့မေဂျာ ရမရ ပြန်ခွဲတာပါ။ကျွန်တော်တို့ အနေနဲ့ ဆယ်တန်းမှာအမှတ်နည်းခဲ့ရင်လည်း 
တစ်နှစ်ပြန်ကြိုးစားခွင့်ရှိတယ်ဆိုတဲ့သဘောပါပဲ။ကျွန်တော့်အနေနဲ့ ပထမနှစ်ကာလ အစပိုင်းမှာ ကိုယ့်နယ်လည်း မဟုတ်တော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့ ။နောက်ပိုင်းကျတော့လည်း ကျောင်းက ဆရာ ဆရာမ တွေနဲ့ Senior အကို ၊အမ တွေက ကူညီပေးလို့  နောက်ပိုင်းမှာနေသား ကျသွားပါတယ်။ 
 အနှစ်သက်ဆုံးကတော့  ကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမတွေပဲဖြစ်ပါတယ်။  ဆရာ၊
ဆရာမတွေကကျောင်းသားတွေကိုကိုယ့်သားသမီးလို့ဆက်ဆံကြတော့ တော်ရုံ မနေချင်တဲ့သူတောင်
ဆရာ၊ဆရာမတွေကြောင့် ကျောင်းဆက်တက်ကြတယ်။ ကျောင်းရဲ့ဝတ်စုံကလည်း ရေကြောင်း တက္ကသိုလ် ဝတ်စုံလိုမျိုးပါပဲ။Stylepant ရယ်၊Necktie ရယ်၊မိန်းကလေးဆိုရင်လည်း Shirt အကျီၤအဖြူရယ်ကာကီရောင် စကတ်ရယ် ဝတ်ဆင်ရပါတယ်။Necktie ကတော့ အားလုံး မိုးပြာရောင် ဆင်တူဝတ်ရတာပါ။Smartကျတယ်။ကိုယ့်ကိုယ်ကိုယ်လည်းConfidentရှိစေတယ်။ကျွန်တော်ကတော့ အဲ့လိုမြင်မိပါတယ်။ Scholar တွေကိုတော့ ဝင်မ Join ဖူးဘူး။ ဒါပေမယ့်ကျောင်းက နှစ်တိုင်း Scholar-ship ပေးပါတယ်။ကျောင်းမှာ Exchange Program တွေပါဝင်လေ့ရှိတဲ့ အစ်ကိုကြီး၊ အစ်မကြီးတွေကလည်း ပြန် Sharing လုပ်ပေးပါတယ်။ဥပမာ-SSEYAP တုန်းက ကျွန်တော်တို့ ကျောင်းကိုယ်စားပြုအစ်ကိုနှစ်ယောက်ကလည်းကျွန်တော်တို့လိုအပ်တာတွေပြောပြသင်ပြပါတယ်။ ကျွန်တော်တို့ကျောင်းက အစ်ကိုကြီးတွေဟာ အင်္ဂလိပ်စာရော Personality ရောကောင်းတာမို့ ကျွန်တော့်အတွက်တော့စံပြပါပဲ။ ကျွန်တော့်အနေနဲ့လည်း သူတို့ကိုစံနမူနာယူပြီး ကြိုးစားသွာချင် ပါတယ်။ ဂျူနီယာလေးအတွက်လည်း စံပြ စီနီယာ တစ်ယောက်ဖြစ်ချင်ပါတယ်။
 
ကျွန်တော်တို့နဲ့  မြို့ပြတွေက ပတ်ဝန်းကျင်  ကွာခြားတာ ဖြစ်ပါတယ်။ အဲ့ဒီမှာက 
အမြဲယှဉ်ပြိုင်နေ၊ တိုးတက်နေလိုတဲ့ ပတ်ဝန်းကျင်ရှိတဲ့အတွက် သူတို့တွေက အသစ်တစ်ခုခုဆို အမြဲဆည်းပူးနေမယ်။Seminar တွေ၊ Workshopတွေ၊ က မြို့ပြမှာအမြဲရှိနေပါတယ်။နယ်မှာကျ အေးဆေးပေါ့ပါးစွာပဲ ဖြတ်သန်းနေကြပါတယ်။ဒါက အပြစ်တစ်ခုတော့ မဟုတ်ပါဘူး။ ပြီးတော့  နယ်မှာက အခွင့်အလမ်းလည်း နည်းပါတယ်။ တစ်ခုခုကိုသင်ယူချင်ပြီဆိုရင် ကိုယ့်ထက်ပိုသိတဲ့ သူကသင်ပေးတယ်။ ပြီးရင်ကိုယ့်ဆီသင်ယူချင်တဲ့သူတွေကို ပြန်Shareပေး၊အဲ့သလိုပါပဲ။ ခရီးသိပ် မရောက် ပေမယ့် Team-work တွေ၊ Personality တွေပိုကောင်းလာတယ်လို့ ကျွန်တော်မြင်မိပါတယ်။
Activities တွေအနေနဲ့ကတော့ ကျောင်းသင်္ကြန်ပွဲတွေလည်းရှိသလို ဆောင်းရာသီ 
အားကစားပွဲတော်တွေလည်းရှိပါတယ်။ကျောင်းသား၊ကျောင်းသူတိုင်းပါဝင်ဆင်နွှဲနိုင်ပါတယ်။ဘောလုံး အသင်းတွေ၊ကြက်တောင်အသင်းတွေ၊စစ်တုရင် အသင်းတွေရောထားရှိပြီး ကျောင်းသား ၊ ကျောင်းသူ တွေရဲ့ Health &Mental ပိုင်းကိုဂရုစိုက် ပေးတယ်လို့ မြင်ပါတယိ။
 Junior တွေကို ပြောချင်တာကတော့ ကျောင်းမှာ ဆရာ၊ ဆရာမတွေ ကျောင်းသား ၊ 
ကျောင်းသူတွေက မိသားစုလိုနေတာပါ။ ကျောင်းနဲ့ နီးတဲ့ အဆောင်တွေလည်း ရှိပါတယ် မိတ္ထီလာမြို့ အပြင်ဘက်ဆိုပေမယ့်အရမ်းကြီးတော့လည်းမခေါင်လှပါဘူး။ သိပ်သာယာပါတယ်။ သာယာပြီး အမြဲ
စည်းလုံးနေလို့ Team-work တွေလည်းပိုမိုကောင်းလာတယ်မြင်မိပါတယ်။ မိတ္ထီလာမှာပဲနည်းပညာ တက္ကသိုလ် ၊ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေလည်း ရှိတာမို့လို့တကယ့်ကိုပျော်စရာကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ BE ရတဲ့အထိပဲ ခြောက်နှစ်တက်ပြီးရင် အိမ်စီးပွားရေးကိုပဲကူညီပေးမယ်လို့ တွေးထားပါတယ်။အခုခေတ်မှာ လေကြောင်းအင်ဂျင်နီယာက အလုပ်အကိုင် အခွင့်အလမ်းလည်း နည်းပါးနေပါတယ်။Master ကို Further Studies တွေ လုပ်ပြီး နိုင်ငံခြားက ကုမ္ပဏီတွေကို ဝင်လုပ်မှအဆင်ပြေမယ်ထင်လို့ပါ။ကျွန်တော့်အနေနဲ့ကတော့ လေကြောင်းအင်ဂျင်နီယာဘာသာရပ် တွေကို အဓိကဘာသာအနေနဲ့ Technological University တွေမှာ အဓိက သင်ကြားပေးပြီး တကယ်ဝါသနာပါသူတွေကိုအထွတ်အထိပ်ထိရောက်အောင် မြေတောင်မြှောက်ပေး သင့်တယ်လို့ ထင်ပါတယ်။ နိုင်ငံခြားပညာတော်သင်တွေလည်း လွှတ်ပေးသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။
    ကျွန်တော့်အနေနဲ့ကတော့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့ ညီလေး၊ညီမလေးတွေ 
ကိုဝါသနာပါ၊မပါ သေချာဆန်းစစ်ပြီးမှတက်ရောက်စေချင်ပါတယ်။ အချိန်တွေအကျိုးရှိစွာအသုံးချရင်း လူရောစိတ်ပါ မပင်ပန်းစေလိုလို့ပါ။ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်ရွေးချယ်ထားတဲ့ မေဂျာ၊ ကျွန်တော့်ဝါသနာ တွေနဲ့ကိုက်ညီမယ့်လမ်းကြောင်းတစ်ခုကို အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ သန္ဓိဋ္ဌာန်ချမှတ်ထားပါ တယ်။
 

June 14, 2018 at 10:53 am