contact@pandaingmap.com

(+95) 9 764-231-193

အင်္ဂလိပ်စာ စွမ်းရည် 4 skills တိုးတက်ကောင်းမွန်လာအောင် လေ့ကျင့်ဖို့ အကောင်းဆုံးအချက်များ

ကျွန်တော်သည် အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်တယောက် (Tour Guide) နှင့် အင်္ဂလိပ်စာ ဘာသာ စာပေနှင့် စကားကိုပါ သင်ကြားပေးနေသော ဆရာတစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသူပါ

ကျွန်တော်သည် အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်တယောက် (Tour Guide) နှင့် အင်္ဂလိပ်စာ ဘာသာ စာပေနှင့် စကားကိုပါ သင်ကြားပေးနေသော ဆရာတစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသူ ဖြစ်သောကြောင့် ကျောင်းသားများ၊ ပြင်ပအင်္ဂလိပ်စာ လေ့လာကြသူများ၏ ဘာသာစကား လေ့လာပုံများ၊ 4 skills နှင့်သက်ဆိုင်သော မေးခွန်းများကို အမြဲတစဉ်ဖြေကြားပေးနေကြဖြစ်သည့်အတွက် ကျောင်းသားများအားလုံးအတွက် အင်္ဂလိပ်စာဘာသာစကား 4 skills ကို ထိရောက်မှုရှိစွာ လေ့ကျင့်လေ့လာနည်းများကို
 (က) နားထောင်မှုစွမ်ရည်Listening Skill 
(ခ) အပြောစွမ်းရည်Speaking Skill 
(ဂ) အဖတ်စွမ်းရည်Reading skill နှင့်
(ဃ) အရေးစွမ်းရည်Writing Skill ဆိုပြီး အပိုင်း ၄ ပိုင်းခွဲကာ ထိရောက်ပြီး ကျွမ်းကျင်လာစေမည့် နည်းလမ်းများကို အစဉ်လိုက်ဖော်ပြလိုက်ပါသည်။

(က) နားထောင်မှုစွမ်းရည်Listening Skill

အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်တတ်မြောက်စေတဲ့ အရာတွေထဲက နားထောင်မှုစွမ်းရည်သည်လည်း အဓိက ကျသည့်အခန်းကဏ္ဍမှ တစ်ခုအပါအဝင်ဖြစ်ပါတယ် 
နားမထောင်သူက အကန်းနဲ့တူသလိုပဲ များများနားထောင်မှ များများပြောတတ်မည်ဖြစ်ပြီး များများ စာဖတ်မှ များများရေးသားနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် နားစွင့်ထားပါ လေ့ကျင့်မှုများများရအောင် မကြောက်မရွံပြောပါ အင်္ဂလိပ်လိုပြောသမျှ ကိုသေချာနားထောင်ပါ လိုက်ပြီးပြောကြည့်ပါ အင်္ဂလိပ်လိုပြောသမျှ ဂီတ သတင်းပေါင်းစုံ ကဏ္ဍအားလုံးကို စုံလင်စွာနဲ့ မတူကွဲပြားသော အသံပါသည့် Video , song များကို နားထောင်ပါ နားထောင်ရာမှာ ဖြစ်သလိုမဟုတ်ပဲ ဘယ်လိုလေယူလေသိမ်းနဲ့ပြောနေတယ်ဆိုတာအစ မှတ်သားပါ ဘယ်လိုလေ့ကျင့်မလဲဆိုတာကတော့ သီချင်းတစ်ပုဒ်ကို နားထောင်ကြည့်ရအောင် ဘယ်လိုစတင်မလဲ ဘယ်နှစ်ကြိမ်နားထောင်ရမလဲ ၅ ကြိမ်လောက်ပေါ့ ပထမအကြိမ် လုံးဝနားထောင်တယ်ဆိုရုံပဲ နားထောင်ပါ ဒုတိယအကြိမ် နားထောင်ပါ တတိယအကြိမ်မှာ သီချင်းစာသားကိုစိတ်ထဲက ဖတ်ပြီးနားထောင်ပါ စတုတ္ထအကြိမ် အသံထွက်ဖတ်ပြီးစာကြည့်လိုက်ဆိုပါ ပဉ္စမအကြိမ် စာသားကောကြည့် သူ့လေယူလေသိမ်းအတိုင်းလိူက်ဆိုပါ ဘာသာလည်းပြန်ကြည့်ပါ မိမိကြိုက်နှစ်သက်နေသောသီချင်းဖြစ်ရင်ပိုကောင်းပါတယ် အနည်းဆုံးသုံးကြိမ်လောက်နားထောင်မှသာ နားထောင်မှုစွမ်းရည်ရဲ့အဓိပ္ပါယ်ကိုသိလာမှာပါ online တွင်လည်း များစွာသော listening လေ့ကျင့်ဖို့ အသံဖိုင်တွေ၊ စကားပြောတွေ၊ Story ဖတ်ပြထားတဲ့ အသံတွေ များစွာနဲ့လေ့ကျင့်လို့ရပါတယ် များများလေ့ကျင့်ပါ အနည်းဆုံး၃ကြိမ်နားထောင်ပါ ပထမနှင့် ဒုတိယအကြိမ်တွေမှာ ဘယ်တော့မှ အဓိပ္ပါယ်မတွေးပါနဲ့ မစဉ်းစားပါနဲ့ စကားလုံးတခုချင်းစီမှာသာ အာရုံစိုက်ပြီး နားထောင်ရုံနားထောင်ပါ တချို့ Listening အတွက် MP3, MP4တွေက အရမ်းရှည်ရင် တစ်ခန်းချင်းစီဖတ်ပြီးမှသာနားထောင်ပါ တချို့က သူများပြောတာနားမလည်ဘူး Listening အတွက်ဘယ်လိုလုပ်ရမလဲ ဆိုရင်ဖြေကြတာက များများနားထောင် သီချင်းတွေပေါ့ သီချင်းတွေသာတခုပြီးတခု ဒုံရင်းက ဒုရင်း မထူးခြားလာဘူး ဆိုသူတွေ ကျနော်ပြောပြသလို လေ့ကျင့်ကြည့်ပါ ထူးခြားလာပါလိမ့်မယ် ကျွန်တော့လေ့လာမှုအရဆိုရင် Daily English Conversation မှာ အခန်း၁၀၀ ရှိတာကို တစ်ရက် ၅ခန်းကို တစ်ပတ်လုံးနားထောင်ပါတယ် အဲ့လိုနဲ့လေ့ကျင့်လာတာ အလွတ်နီးပါးရလာပြီး အခြားသူပြောလာတာလည်းပိုနားလည်လာပြီး ဘယ်လိုပြန်ဖြေရမယ်ဆိုတာကိုလည်း မြန်မြန်ဆန်ဆန် ခွန့်တုံ့ ပြန်လာနိုင်လာပါတယ် တစ်ခန်းစီတိုင်းမှာပါတာက နေရာတိုင်းနေ့တိုင်းသုံးနိုင်ပြီးအမြဲဖြစ်ပျက်တွေ့ကြုံနေရမည့်အကြောင်းအရာတွေကို လူ၂ဦးက အမေးအဖြေလုပ်ပေးထားတာပါ သူတို့ပြောတာလိုက်ပြောရင်း အမြဲဒွန်တွဲနေတဲ့ Listening နှင့် Speaking နှစ်ခုလုံးကို တိုးတက်စေပါတယ် များများနားလည်လာပြီး များများပြောနိုင်လာပါတယ် စကားပြောဖော်ရှာပါ အင်္ဂလိပ်စကားကို မိခင်ဘာသာစကားပြောသူတစ်ဦး Foreigner နဲ့မလေ့ကျင့်ခင်မှာ သူငယ်ချင်းတွေ နဲ့မြန်မာဆရာတွေနဲ့အရင်လေ့ကျင့်ပါ နောက်တဆင့််မှ အင်္ဂလိပ်အစစ်တွေနဲ့လေ့ကျင့်ပါ ၃လလေးတတ်ပြ အုံဖွ ဆိုပြီး သူများဘာသာစကားမတတ်ပါဘူး ကြိုးစားအားထုတ်စိုက်မှုရှိမှ တိုးတက်လာမှာပါ။

(ခ) အပြောစွမ်းရည်Speaking Skill

အပြောစွမ်းရည်တိုးတက်စေဖို့ တဆင့်ခြင်းလေ့လာနိုင်အောင်ရေးထားတဲ့ စာအုပ်ကောင်းတွေ အများကြီးရှိပါတယ် ဘယ်လိုနေနေခွန့်တုန့် နှုတ်ဆက်စကားတွေက စတင်ပြီးလေ့လာသင့်တယ် ပြီးရင် Situational dialogues လို့ခေါ်တဲ့ မေရာပေါ်မူတည်ပြီးပြောတဲ့ အရာတွေကို လေ့လာသင့်တယ် ဥပမာ ဈေးဝယ်သွားမယ် ဆိုပါစို့ ခေါင်းစဉ်က Go shopping ဦးစွာ ခေါင်းစဉ်ရယ် တခွန်းဆိုင်ဆိုဘယ်လိုခေါ်တယ် ကုန်တိုက်ဘယ်လိုခေါ်တယ်သိအောင်လုပ်ရမယ် Vocabulary ဝေါဟာရတွေပဲ လိမ့်ကျက်နေပြီးအလွတ်အသဲအသန်ရနေမှ စကားပြောတတ်တာမဟုတ်ပါ ဝေါဟာရ သိန်းကျော်သိတောင် Pattern တွေ clause တွေမသိရင် စကားမပြောတတ်ပါဘူးဗျ ဈေးဝယ်ထွက်ရင်ပြောမယ့်အရာတွေ ဘယ်လောက်လဲ ဘာအရောင်လဲ ဈေးလျော့ဖို့ အစရှိသည်တွေကို စာအုပ်ကောင်းတွေက များစွာဖော်ပြထားကြပါတယ် မိမိကိုယ်တိုင်က စိတ်ပါဝင်စားစွာ လိုက်ပြီးလေ့လာမှတ်သားထားပါ Video တွေလည်းအများကြီးရှိပါတယ် ကျနော်ကြိုက်တဲ့ အင်္ဂလိပ်ကာတွန်းကားတွေဆို အလွတ်နီးပါးစာတွေရသည်ထိကြည့်တတ်တယ် ပထမတစ်ကြိမ်၂ကြိမ်တော့ နားထောင်တယ်ပုံကြည့်တယ် တတိယကြိမ် စာလိုက်ဖတ်တယ် နောက်ကြ လိုက်ပြောတယ်စာဖတ်ရင်ပေါ့ ဒီလိုနဲ့ ဘယ်လိုလေးသုံးသွားတာက ဘာလေးပြောသွားတာဆိုပြီး စာလုံးအသစ် သို့မဟုတ် အခြား အသုံးကောင်းကောင်းလေးတွေတွေ့ရင် စာအုပ်ထဲမှတ်ထားတတ်တယ် စကားလုံးအသစ်တခုတွေ့ရင် ကျနော်က သူ့ရဲ့ အသုံးကို အင်္ဂလိပ်လို ဝါကျ၅ကြောင်းပြန်ပြီးဖွဲ့တတ်တယ် ပြီးရင် ကျနော်စကားပြောရင်ထည့်သုံးကြည့်တယ် အဲ့လိုနဲ့ စကားလုံးတွေမမေ့တော့ဘဲနဲ့မှတ်မိလာတယ် တချို့က စကားလုံးတွေမမှတ်မိတော့ဘူးဆိုတာ ပြန်မသုံးလို့ပါ တကြိမ်နှစ်ကြိမ် စကားပြောရင်သုံးကြည့် အမြဲမှတ်မိသွားလိမ့်မယ် Patterns တွေသိထားပါ Usages တွေကောပဲ ဥပမာ want အသုံးဆိုရင် I want it , he want it , she want it အစရှိသလို သုံးစွဲ အစားထိုးပြောကြည့်ပ. သုံးပါ အသုံးတွေလေ့လာမှ ကိုယ်တိုင်စဉ်းစားပြောဆိုတတ်မှာပါ စာအုပ်ထဲပါတာပဲအလွတ်ရပြောတတ်နေတာမျိုးမဖြစ်စေပဲ စာအုပ်အပြင်ပါကျော်ထွက်ပြီးစဉ်းစား ပြောတတ်အောင်လေ့ကျင့်ပါ မှားမှားမှန်မှန်ထွင်ပြီးပြောကြည့်ပါ စာအုပ်ထဲမပါရင် နားမလည် မပြောတတ်တော့မဖြစ်ပါစေနဲ့ ထပ်ပြီးတချို့က စကားလုံးတွေအများကြီးသိမှ အင်္ဂလိပ်လိုပြောတတ်တယ်ထင်ကြတယ် သာမန် အသုံးလေးတွေမှတ်ပြီးသုံးရင်းလေ့လာရင်လည်းပဲ အင်္ဂလိပ်လိုအသင့်အတင့်ပြောတတ်ပါတယ်ဗျ ဝေါဟာရတွေ ထောင်သောင်းသိထားမှမဟုတ်ပါဘူး သိလို့ပြောကြေးဆို အထက်တန်းကျောင်းသားတစ်ဦးသူသိသမျှ စကားလုံးချရေးခိုင်းလိုက် ၂ထောင်ကျော်လောက်ထွက်တယ် ဘာလို့မပြောတတ်တာလဲ ? အသုံးမချလို့ပါ ပြီးတော့ အသုံးတွေကိုမလေ့လာပဲ ကြက်တူရွေးလိုစာလုံးတွေမလိုအပ်ပဲကျက်ပြီး တရားသေအဓိပ္ပါယ်တစ်မျိုးထဲမှတ်နေလို့ပါ လေ့လာခဲ့လို့ပါ ပထမဆုံးအနေနဲ့ ရုပ်ပြအင်္ဂလိပ်ဗမာ စကားပြောစာအုပ်တွေဖတ်ပါ အသံထွက်ဖတ်ပါမှတ်ပါ နောက် အင်္ဂလိပ်မြန်မာ၂ဘာသာနဲ့ရေးထားတဲ့ စကားပြောစာအုပ်တွေဖတ်ပါ နောက်တဆင့်အနေနဲ့ အင်္ဂလိပ်တွေရေးတဲ့ စကားပြောစာအုပ်တွေအသံထွက်ဖတ်ပါ မှတ်ပါ အရေးအကြီးဆုံးက Speaking skill တိုးတက်ချင်ရင် ပါးစပ်ပိတ်မထားပါနဲ့ ပြောပါမရှက်မကြောက်ပြောပါ ကိုယ်တွေက မိခင်ဘာသာမှမဟုတ်တာ အမှားမကင်းဘူး နောက်မှန်လာအောင်ကြိုးစားပါ မှန်ကန်လာပါလိမ့်မယ်
မိမိနေ့စဉ်ကြုံတွေ့တာတွေကို အင်္ဂလိပ်စဉ်းစားကြည့်ပါ ပြောကြည့်မိ ရဲရဲပြောတော့များမြန်တတ်စေပါတယ်ဗျ
စကားပြောစာအုပ်ကောင်းတွေဖတ်ရင်းတိုးတက်လာနိုင်တာက Speaking ကော Reading ကောကောင်းလာနိုင်ပါတယ် တချို့ Listeningပါထည့်ပေးထားတာ စာကိုအသံအနေနဲ့ပါပေါ့ အဲ့လိုစာအုပ်တွေဆို Listening, speaking, reading သုံးခုလုံးတိုးတက်လာနိုင်ပါတယ် 
ကျနော့အကြိုက်စာအုပ်ကတော့ ပါရဂူမင်းတင်မွန်ရဲ့ Good Speaking စာအုပ်ပါ

(ဂ) Reading အဖတ်စွမ်းရည်

အဖတ်စွမ်းရည်နှင့်အတူ Writing ပါတိုးတက်လာနိုင်ပါတယ် များများဖတ်ရင်များများရေးနိုင်လာပါတယ် ကျောင်းသားတွေမှားနေကြတာက ကိုယ့်Level နဲ့မလိုက်တဲ့စာတွေဖတ်နေတာပါ ပျင်းလာနိုင်တယ် အဲ့လိုနဲ့ စွမ်းရည်မတိုးတက်ပါဘူး အဲ့တော့တဆင့်ချင်းအနေနဲ့ ပထမဆုံး Dialogueတွေဖတ်ပါ နောက် ကလေးပုံပြင် short story လေးတွေ ပုံပြစာအုပ်လေးတွေဖတ်ပါအရမ်းရှင်းပြီး လွယ်တဲ့စကားလုံးနဲ့ စာကြောင်းတိုတာလေးတွေဖတ်ပါ နောက် ပုံပြင်နည်းနည်းကြီးတာတွေစမ်းဖတ်ပါ နောက် သတင်းစာ မဂ္ဂဇင်းတွေဖတ်ပါ ဖြည်းဖြည်းချင်းတိုးတက်လာတာကိုတွေ့ရပါလိမ့်မယ် အသစ်အဆန်းစာလုံး စာစုတွေတွေ့ရင် သီးသန့်စာအုပ်တစ်အုပ်နဲ့ သူ့ပါတဲ့အသုံးဖော်ပြတဲ့အသုံးကိုရေးမှတ်ပါ ကိုယ်ကိုတိုင်၅ကြောင်းထပ်ရအောင် ချဲ့ထွင်မှတ်သားသုံးထားပါရေးထားပါ  Level တခုချင်းစီအတွက် စာအုပ် ၁၀အုပ်လောက် အနည်းဆုံးဖတ်ပါ စာကိုအမျိုးစားစုံလင်စွာဖတ်ပါ ဒါမှ စကားလုံးတွေ သိလာမှာပါ ဥပမာ စီးပွားရေး ပညာရေး လူမှူရေး သိပ္ပံ သဘာဝလွန် စုံထောက် စုံအောင်ဖတ်ပါ စာမေးပွဲအတွက် Reading ကဏ္ဍအတွက်ဆို ဖတ်နည်းတွေများစွာရှိတယ် Skimming တို့ အခြားနည်းတွေရှိပါတယိ အရေးကြတာက စာအုပ်ကို ရွေးချယ်တတ်ပါစေ ကိုယ်ဖတ်နိုင်လောက်တဲ့အတိုင်းအတာကိုစဉ်းစားပါ စကားပြော၃လလေးတတ်ပြီး စာမြင့်တာဆို ကျန်တာမပြောနဲ့ ရွှေသွေးတောင်မဖတ်သေးနဲ့ စိတ်ညစ်သွားလိမ့်မယ် အခြားသေးသေးမွှားမွှား မူကြိုကလေးတွေအတွက် ပုံပြင်စာအုပ်ကနေစဖတ်ပါ တခါတရံတောင်အဲ့ထဲမှာ အများသူံးထဲက ကိုယ်မသိတဲ့စကားလုံးတွေတောင် ပါလာတတ်ပါတယ်
အရေးကြီးတဲ့နောက်တချက်ကတော့ ဘယ်စာဖတ်ဖတ် အသံထွက်ပါ က်ုယ့်အသံကိုကြားနိုင်အောင်အသံထွက်ဖတ်ပါ သင့်ရဲ့ အသံထွက်ကော Speaking အတွက်ပါ လျှာသွက် အာသွက်ဖြစ်လာမှာပါ 

(ဃ) အရေးစွမ်းရည်Writing Skill

Writing အတွက်လည်း လေ့ကျင့်ဖို့ နိုင်ငံခြားဖြစ်စာအုပ်များစွာရှိပါတယ် ထပ်ပြီးပေါင်းစပ်ဖို့က Grammar ပါ စာရေးဖို့အတွက် Grammar ကအရေးကြီးဆုံးပါပဲ ဒီထဲမှာက အသုံးများတဲ့ Grammar rulesတွေကို ကျေညက်အောင်သိထားသင့်ပါတယ် တဆင့်ချင်းလေ့ကျင့်ဖို့ကတော့ စာများများဖတ်ပါ Basic Grammar in use စာအုပ်ကိုသုံးပါ လေ့ကျင့်ပါ မိမိရဲ့ တနေ့တာလုပ်ဆောင်ချက်တွေကို အင်္ဂလိပ်လိုရေးကြည့်ပါ နောက်တဆင့်တက်တက်ပြီး မြန်မာစာတွေကို အင်္ဂလိပ်လိုရေးကြည့်ပါ နောက် ပုံပြင်တွေကိုယ်တိုင်ဖန်တီးရေးပါ များများဖတ်တော့ မျက်လုံးကလည်းအမြင်စွဲ တော့ ဘယ်နေရာမှားတယ်သိပြီး ပြန်ဖတ်ရင်လည်း စာအုပ်တွေအသံထွက်ဖတ်တဲ့ကျေးဇူးကြောင့် အမှားမြန်မြန်သိလာပါတယ် 

အထက်ဖော်ပြထားတာတွေအားလုံးက ကျနော်ကိုယ်တိုင်လေ့လာကြုံတွေ့လာခဲ့ရတဲ့အတွေ့အကြုံတွေထဲက မြန်ဆန်စွာစွမ်းရည်တွေတိုးတက်ကောင်းမွန်ဖို့ အကြံကောင်းတွေဖြစ်တဲ့အတွက် နေ့စဉ် လေ့လာဖို့ အချိန်သတ်မှတ်ပြီး 4 skills ကိုတိုးတက်ကောင်းမွန်ပိုင်နိုင်လာအောင်လေ့လာလေ့ကျင့်နိုင်ကြပါစေဗျ။

ကျေးဇူးတင်စွာဖြင့်
စည်သူစိုးမိုး 

June 13, 2018 at 10:51 am