contact@pandaingmap.com

(+95) 9 764-231-193

ဂုဏ်ထူးတန်း

ညီမကတော့ ရန်ကုန်တက္ကသိုလ်မှာ အရှေ့တိုင်း ပညာကို အထူးပြု သင်ကြားနေတဲ့ တတိယနှစ် (ဂုဏ်ထူးတန်း) ကျောင်းသူဖြစ်ပါတယ်။

ညီမကတော့ ရန်ကုန်တက္ကသိုလ်မှာ အရှေ့တိုင်း ပညာကို အထူးပြု သင်ကြားနေတဲ့ တတိယနှစ် (ဂုဏ်ထူးတန်း) ကျောင်းသူဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို အဓိကတစ်ချက်အနေနဲ့ တက္ကသိုလ်ရဲ့ reputation ကြောင့်ရွေးချယ်ခဲ့ပါ တယ်။ အစဉ်အလာအရ သမိုင်းတစ်လျှောက် နိုင်ငံတကာမှာ ဂုဏ်သတင်း ကျော်ကြားခဲ့ ပြီး လူတိုင်း လေးစားရတဲ့ တက္ကသိုလ် ဖြစ်သည့့်အပြင်Liberal Arts, Sciences and Law ကို အဓိက အထူးပြု ပို့ချတဲ့ ကျောင်းဖြစ်ပြီး အသိပညာ၊အတတ်ပညာရှင်များ၊ နိုင်ငံ့ခေါင်းဆောင်များ နှင့် နာမည်ကျော်အနုပညာအများစုဟာ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ခဲ့တဲ့ သူများ
ဖြစ်ပါတယ်။ ပညာရေးပြောင်းလဲမှု အနေနဲ့ အမှတ်မြင့်သည့် ထူးချွန်ကျောင်းသားများကိုသာ အရေအတွက်အကန့်အသန့်ဖြင့်သာ လက်ခံသည့် Center of Excellence တက္ကသိုလ်ဖြစ်ခြင်း၊ international teaching methods များဖြင့် သင်ကြားရန်ဆောင်ရွက်ချက် ရှိခြင်း၊ နိုင်ငံခြား တက္ကသိုလ် များနှင့် MOU agreement ရှိပြီး တက္ကသိုလ် မှာ ကော နိုင်ငံခြားတက္ကသိုလ်တွေ မှာပါ exchange study ဖြင့် ကျောင်းသား များ international education ကို ထိတွေ့စေခြင်း၊ သတ်မှတ်ချက် ပြည့်မှီတဲ့ ထူးချွန်ကျောင်း သားများကို နှစ်စဉ် ပညာသင်ထောက်ပံ့ခြင်း စတဲ့ အချက်တွေဟာ တက္ကသိုလ် ရွေးချယ်ခဲ့ ခြင်း မှာ အဓိက ပါဝင်ခဲ့တဲ့ အချက်များ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသားများကို ကူညီပေးရန် ဝန်ထမ်းများ အရေအတွက်များများ ခန့်ထားမှု၊ study facilities များပြည့်စုံစေရန်ဆောင်ရွက်မှု၊ ကျယ်ဝန်းပြီး လှပသော တက္ကသိုလ် ပရဝဏ် ရှိမှု အစရှိတာ တွေဟာလည်း တက္ကသိုလ် ရွေးချယ်ရာမှာ ထည့့်သွင်းစဉ်းစားခဲ့တဲ့ အချက်များဖြစ်ပါတယ်။

ပန်းတိုင်map ၏ ဓာတ်ပုံ

ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာရှိပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ် စတဲ့ တက္ကသိုလ်တွေ စုဝေးနေသည့် တက္ကသိုလ်နယ်မြေဖြစ်သည့် အပြင် အခြားပြင်ပသင်တန်း များကိုလည်း တက္ကသိုလ်ဝင်းအတွင်းသာမက

တက္ကသိုလ်အနီးတွင်ပင် တက်ရောက်နိုင်ခြင်း၊
ပညာရေးဆိုင်ရာ Seminar တွေကို အဓိကကျင်း ပလေ့ရှိခြင်းကြောင့် လူငယ်များအတွက် အခွင့့်အလမ်းများ ရရှိစေနိုင်သည်သာမက နိုင်ငံတွင်းဒေသ အနှံ့အပြားမှ မတူညီသော နောက်ခံအမျိုးမျိုးမှ ထူးချွန်ကျောင်းသားများ ကို လက်ခံသော ကျောင်း ဖြစ်ခြင်းကြောင့် communication skills ကိုတိုးတက်စေနိုင်ခြင်း၊ personal skills များ၊ academic skills များ များစွာတိုးတက်လာနိုင်ခြင်း၊ Oriental Studies ဆိုသည့် Pali Literature, Sanskrit နဲ့ History ပိုင်းကို အထူးပြုသင်ကြားနိုင်ခြင်းကြောင့်လည်း ညီမရဲ့အဓိက ရည်မှန်းချက်ဖြစ်တဲ့ ဘာသာစကားအခြေခံအရင်းအမြစ်နှင့် သမိုင်းကြောင်းတွေကိုပါ အထူးပြုလေ့လာနိုင်ခြင်း၊ နိုင်ငံတကာနှင့် အထူးသဖြင့် အာရှနိုင်ငံများနှင့့်ထိတွေ့ဆက်ဆံရသည့် အခန်းကဏ္ဍ တွေမှာနိုင်ငံအတွက် အထောက်အကူပြုမည့် အဓိကအခန်း ကဏ္ဍ၌ ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်း များစွာ ရရှိနိုင်ခြင်း ၊အခြားနာမည်ကြီးတက္ကသိုလ် များ (ဥပမာ Oxford)၌ အထူးပြုလေ့လာရတဲ့ ဘာသာရပ်ဖြစ်ခြင်း၊ အခြားဘာသာရပ်များ အထူးသဖြင့် နိုင်ငံရေး၊ ဘာသာရေး၊ ဘာသာစကားဆိုင်ရာ တွေမှာပါ ထပ်ပြီး အထူးပြုလေ့လာနိုင်ခြင်းကြောင့် လည်းကောင်း၊ တက္ကသိုလ် ပြီးသွားတဲ့ အခါ၌လည်းရန်ကုန်တက္ကသိုလ် မှ ကျောင်းဆင်း/ ဘွဲ့ရဖြစ်တဲ့ အတွက် employment opportunities များစွာ ရရှိဖို့ အလားအလာကောင်းရှိခြင်းကြောင့်လည်းကောင်း အစရှိတဲ့အချက်များနှင့် အထက်ဖော်ပြပါ အချက်များကြောင့် ရန်ကုန်တက္ကသိုလ်ကို ရွေးချယ်ခဲ့ခြင်းဖြစ် ပါ တယ်။

March 7, 2018 at 03:34 pm