contact@pandaingmap.com

(+95) 9 764-231-193

အလုပ်အကိုင်နှင့်ပညာရေးနှင့်လူငယ်

မြန်မာနိုင်ငံသည်ဖွံ့ဖြိုးတိုးတက်နေဆဲ နိုင်ငံတစ်ခုဖြစ်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများသည်လည်း များပြားလျက်ရှိသည်။ သို့သော်အလုပ်ကိုင်အခွင့်လမ်းများ များပြားသော်လည်း လက်ရှိတွင်ကျောင်းပြီးဘွဲ့ရထားသော ကျောင်းသားများအတွက် အလုပ်အကိုင်များလုံလောက်မှုမရှိသေးပေ။

အလုပ်အကိုင်နှင့်ပညာရေးနှင့်လူငယ်

မြန်မာနိုင်ငံသည်ဖွံ့ဖြိုးတိုးတက်နေဆဲ နိုင်ငံတစ်ခုဖြစ်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများသည်လည်း များပြားလျက်ရှိသည်။ သို့သော်အလုပ်ကိုင်အခွင့်လမ်းများ များပြားသော်လည်း လက်ရှိတွင်ကျောင်းပြီးဘွဲ့ရထားသော ကျောင်းသားများအတွက် အလုပ်အကိုင်များလုံလောက်မှုမရှိသေးပေ။ ဘွဲ့ရရှိပြီးသော် ရထားသောဘွဲ့များနှင့်ကိုက်ညီသော အလုပ်များသည်မရှိသလောက်နည်းပါးသည်။ လိုအပ်သောသင်တန်းများမှရရှိသော သင်တန်းဆင်းလက်မှတ်များ ၊ ဒီပလိုမာလက်မှတ်များ ၊ အသိမှတ်ပြုလက်မှတ်များ တစ်ခုမဟုတ်တစ်ခု ရှိမှသာလျှင် အလုပ်အကိုင်ရရှိရန် ပိုလွယ်ကူကြသည်။ ထို့ကြောင့်သင်တန်းများတွင် အလုပ်အကိုင်လုပ်ကိုင်နေကြသူများ သာမက ကျောင်းသားကျောင်းသူများပါ ခေတ်နှင့်လျော်ညီပြီး အလုပ်လုပ်သည့်အခါ အဆင်ပြေစေရန် တက်ရောက်နေကြရသည်။ သိုမှသာ လုပ်ငန်းခွင်တွင် ထိုက်သင့်သော လစာများလည်းရရှိမည်ဖြစ်သည်။ တစ်ချိုကသောအလုပ်များသည် သင်တန်းဆင်းလက်မှတ်တစ်ခုတိုးလျှင် လစာတိုးပေးသည်များလည်းရှိသည်။ပြည်တွင်းရှိအလုပ်ရှင်အများစုသည် များများခိုင်းပြီး နည်းနည်းပေးသောစနစ်ကို ကျင့်သုံးကြသည်။ “အချိန်ပိုရှိလျှင် မိသားစုအလုပ်လိုသဘောထားပါ၊ ရုံးနောက်ကျလျှင် ဝန်ထမ်းတွေ”  ဆိုသောစကားလေးအတိုင်း ရုံး၊ အလုပ်အကိုင် ပိုင်ရှင် အရာရှိများသည်ကျင့်သုံးနေကြသည်။ တစ်ဦးနှင့်တစ်ဦး စေတနာမေတ္တာထားပြီး လုပ်ကိုင်သောလုပ်ငန်းရှင်များ၊ ဝန်ထမ်းများရှားပါးလွန်းပါသည်။ မိမိကိုယ်ကျိုးအတွက်သာ များသောအားဖြင့်ကြည့်ကြပါသည်။ ပြည်ပမှလာရောက်လုပ်ကိုင်သော အလုပ်ကိုင်များသည် လစာကောင်းကောင်းပေးသောကြောင့် လုပ်ကိုင်လိုသူအများအပြားရှိပါသည်။ ပြည်ပမှလာရောက်ဖွင့်လှစ် လုပ်ကိုင်သောလုပ်ငန်းများအတွက်အရေးကြီးသောလိုအပ်ချက်သည် ဘာသာစကားဖြစ်သည်။ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ကိုးရီးယား၊ ထိုင်း၊ စသောနိုင်ငံများမှဘာသာစကားများကို သင်ကြားကြရသည်။ ပြည်ပကုမ္ပဏီများသည် ပြည်တွင်းကုမ္ပဏီများထပ် လစာများကိုလုပ်ရင်လုပ်သလောက်ပေးနိုင်သောကြောင့် ပြည်ပကုမ္ပဏီ်များတွင် ပိုမိုလုပ်ကိုင်လိုကြသည်။ အစိုးရအလုပ်များသည် များသောအားဖြင့်လုပ်သက်အလိုက် ရာထူး၊ လစာငွေများတိုးကြရသည်။ အစိုးရအလုပ်များ၏ အားသာချက်မှာ အလုပ်နားသောအခါ သက်ပြည့်ပင်စင်၊ ကျန်းမာရေးပင်စင် စသည်ဖြင့် ခံစားခွင့်များရှိသည်။ ခုနှစ်ပိုင်းနှင့်နောက်နှစ်များတွင် အစိုးရအလုပ်များသည် လစာကောင်းများနှင့် ခံစားခွင့်အကျိုးကျေးဇူးများပိုမိုရရှိနိုင်မည်ဟု အပြောများနေကြပြန်သည်။ သို့သော်အစိုးရ အလုပ်အများစုသည် နယ်ဒေသများသို့ အရင်သွားရောက်လုပ်ကိုင် ပြီးမှသာနေရာမျာရရှိလာကြသည်။ လူငယ်များအနေဖြင့်လစာကောင်းသော အလုပ်များထပ် ပညာရှာနေစဉ်တွင် အခွင့်အလမ်းအသိပညာများ တိုးတက်စေသော အလုပ်မျိုးကိုရွေးချယ်သင့်သည်။ အလုပ်ကသင်ကြားသွားမှာပဲ ဆိုသလို အလုပ်အကိုင်များမှ မိမိတို့အတွက်အကျိုးရှိစေမည့် အကြောင်းအရာများကိုမှတ်သားထားသင့်သည်။ မိမိတို့ကုမ္ပဏီ လုပ်ငန်းရှင်နှင့် အခြားလုပ်ငန်းရှင်တို့ပြောဆို ဆက်ဆံပုံ ၊ ဝန်ထမ်းများကို သင်တန်းနည်းလမ်းစဉ်များပြောပြပုံ၊ ရောင်းသူဝယ်သူဆက်ဆံပုံ စသည့် စကားပြောဆိုသည့် အကြောင်းအရာများကိုဒီတိုင်းကြည့်လျှင်သာမန်ဟုထင်ရသော်လည်း ထိုအကြောင်းအရာများတွင် မှတ်သားအတုယူဖွယ်ရာ ကိစ္စများပါနိုင်သည်။ မိမိတို့မှတ်သား လေ့လာထားသောအကြောင်းအရာများသည် နောင်တစ်ချိန်တွင်မိမိတို့အတွက် အလွန်ပင်အကျိုးရှိလာနိုင်ပါသည်။ လူငယ်များအနေဖြင့်လည်း မိမိတို့ဝန်ထမ်းတာဝန်ထမ်းဆောင်နေစဉ်တွင် မိမိတို့အထက်လူကြီးမှ မှားတာရှိရင် ပြင်ဖို့ပြောဆိုသည့်အခါတွင် စိတ်မကွက်စေဘဲ မှားတာရှိလျှင်အမှန် ပြင်မည်ဟူသောစိတ်ကိုထားရှိရမည် ဖြစ်သည်။ထိုသို့လူကြီးများ၏ ပြောဆိုသင်ကြားပေးမှုများသည် နောင်တစ်ချိန်တွင် မိမိတို့အတွက် အသုံးဝင်အကျိုးရှိလာမည် မှာ မလွဲပေ။ မိမိတို့လိုချင်လုပ်ကိုင်လိုသော အလုပ်အကိုင်များ တစ်ခါတစ်ရံတွင် မရပါက စိတ်ဓာတ်ကျမနေပဲ နောင်ထပ်အလုပ်များ ပိုမိုကောင်းမွန်စွာရရှိစေရန်ကြိုးစားသင့်သည်။ 
ယခုလက်ရှိမြန်မာပြည်တွင်းလုပ်ငန်းများတွင် အလုပ်အကိုင်နည်းပါးပြီး လစာများလည်းနည်းပါးသောကြောင့် ဘွဲ့ရလူငယ်များသည် နို်င်ငံရပ်ခြားသို့အလုပ်လုပ်ရန်သွားရောက်ကြရသည်။ ဂျပန်၊ ကိုးရီးယား၊ တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ စသောနိုင်ငံအသီးသီးသို့သွားရောက်လုပ်ကိုင်လျက်ရှိသည်။ ထိုသို့သွားရောက်လုပ်ကိုင်ရာတွင် လုပ်ငန်းဗီဇာဖြင့်သွားရောက်ရန်ခက်ခဲသောနိုင်ငံများသို့ ကျောင်းသားဗီဇာဖြင့်သွားရောက်ကြသည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံသို့သွားရောက်ရန်ခက်ခဲသောအခါ ကျောင်းသားဗီဇာများဖြင့်သွားရောက်ပြီး ဂျပန်နိုင်ငံတွင် Language school နှစ်နှစ်တက်ပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာကောလိပ်(၃)နှစ် သို့မဟုတ် တက္ကသိုလ်(၄)နှစ်တက်ရောက်ကြရသည်။ မြန်မာနိုင်ငံရှိလူငယ်များသည် ထိုသို့သွားသောအခါ Language School တက်နေစဉ်အတွင်း အချိန်ပိုင်းအလုပ်များကိုပိုမိုလုပ်ကိုင်ကြသည်။ တစ်ချို့သည်အစိုးရပေးထားသောသတ်မှတ် လုပ်ကိုင်ချိန်ထပ်ကျော်လွန်ပြီးလုပ်ကိုင်လျက်ရှိသည်။ ပညာသင်ရန်သွားသော်ငြားလည်းမိသားစုအရေး၊ စီးပွားရေး စသော အခြေအနေအရပ်ရပ်ကြောင့် ပညာရေးထပ်ငွေရှာဖို့်ကိုသာပိုမိုအလေးထားနေကြသည်။ ထိုသို့သောနည်းလမ်းများမှာကောင်းပေမယ့် တစ်နည်းအားဖြင့် မိမိအတွက်နစ်နာစေပါသည်။မြန်မာနိုင်ငံအတွင်းရှိအနယ်နယ်အရပ်ရပ်မှလူငယ်များသည် လုပ်ငန်းကောင်းရာ လစာကောင်းရာနေရာများသို့လိုက်ပြီးစီးပွားရှာကြရသည်။ ရန်ကုန်၊ မန္တလေး စသောမြို့ကြီးများတွင် အဆောင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေကြသော လူငယ်များအများအပြားပင်ရှိသည်။ သက်ဆိုင်ရာသင်တန်းများကိုတက်ရင်း အလုပ်အကိုင်များလုပ်ကာ အိမ်ကိုထောက်ပံ့နေရသူမှာ အများအပြားပင်ရှိသည်။ မိမိရသောလစာများမလောက်သဖြင့် အိမ်မှပြန်ပို့နေရသော လူငယ်များလည်းရှိနေပြန်သည်။
လူငယ်အများစုသည် အချိန်ပိုင်းအလုပ်များလုပ်ကိုင် လာကြသည်။ Coffee shop, စားသောက်ဆိုင်, convenience store, Hotel များတွင်အချိန်ပိုင်း Waiter, Delivery ပို့ဆောင်ခြင်းလုပ်ငန်း, Promoter, Survey များလိုက်ကောက်ခြင်း စသည့်လုပ်ငန်းများလုပ်ကိုင်လာကြသည်။ တစ်ချို့သောကျောင်းသားလူငယ်များသည် Guide သင်ခြင်းလုပ်ငန်းကိုလုပ်ကိုင်ကြသည်။ ယခုမြန်မာနိုင်ငံတွင် Facebook သည်Social Media တစ်ခုအနေနှင့်် ခေတ်စားလာသည်။အလုပ်အကိုင်အများစုခေါ်ဆိုရာတွင် Facebook ပေါ်မှခေါ်ယူလာကြသည်။ ထို့သို့အလုပ်အကိုင်များခေါ်ယူရာတွင်ပင် ကြားပွဲစားများလည်း ရှိသေးသည်။ တစ်ချို့သောအလုပ်ခေါ်ယူရာတွင် အလုပ်ရှင်နှင့်ဝန်ထမ်း ဈေးမညိရပဲ အလုပ်ရှင်နှင့်ကြားပွဲစားက ညိရသည်။ တစ်ခါတစ်ရံတွင် ဝန်ထမ်းများရသည့်လစာ(၁)လစာထပ် ကြားပွဲစားများကပိုရသည်များလည်းရှိသည်။ Online Shop လုပ်ကိုင်ခြင်းသည် လူငယ်များကြားတွင်ခေတ်စားလာသည်။ အိမ်မှနေပြီးလုပ်ကိုင်ရသော အလုပ်ဖြစ်သောကြောင့် ကျောင်းသားကျောင်းသူများသာမက အိမ်နေ အိမ်ရှင်မများပါလုပ်ကိုင်လာကြသည်။ တစ်ချို့သောသူများမှာ အလိမ်ခံရသောကိစ္စများလည်းရှိကြပြန်သည်။ ပစ္စည်းများကိုမှာယူ အော်ဒါတင်ပြီးမှ online shop လုပ်ကိုင်သူသည်လည်း တစ်ဖက်တွင်ဈေးဝယ်ပြီးမှ ပစ္စည်းဝယ်ယူသူသည် မဝယ်ယူပဲ account ပိတ်ပြေးသောကိစ္စရပ်မျိုးသည် နေ့စဉ်နီးပါးဖြစ်နေသည်။ online shop လုပ်ကိုင်ခြင်းနှင့်အတူခေတ်စားလာသည်မှာ Facebook ပေါ်တွင်စုကြေးများနှင့်မဲများရောင်းသော လုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းသည် ဒိုင်ဖြစ်သူက ဥပမာအားဖြင့် အိတ်(၁)လုံးသည် ၁သိန်းတန်သည်ကိုသူသည် (၅၀၀၀)နှင့်မဲ ၂၀ မဲကိုရောင်းလိုက်ပြီး ထိုထဲမှ မဲ ၁ မဲကိုပြန်လည်ဖောက်ပေးခြင်းဖြစ်သည်။ အစားသောက်နှင့်ပတ်သက်ပြီး  ရောင်းချသော Online shop များလည်းရှိသည်။ တစ်ချို့သည်  အတော်ပင်အလုပ်ဖြစ်သဖြင့် နောက်ပိုင်းတွင် အပြင်တွင်ဆိုင်များပြန်လည်ဖွင့်လှစ်ကာ ရောင်းချကြသည်။ ယခင်ခေတ်များက Photo studio, Outdoor/ Indoor များတွင် ဓာတ်ပုံများကို မင်းသား၊မင်းသမီး၊မော်ဒယ် စသောအနုပညာပိုင်းမှလူများနှင့် ဝါသနာပါသောလူတစ်ချို့သာ ရိုက်ကြသည် ။ သို့သော်ယနေ့ခေတ်တွင် Photographer များနှင့် Photo Model အလုပ်များ အများစုလုပ်ကိုင်လာကြသည်။ ဖုန်းများခေတ်စားလာသောကြောင့်နှင့်လည်းဆိုင်မည်ထင်သည်။ တစ်ချို့သည် အပျော်တမ်းဝါသနာ ရှင်အဆင့်သာလုပ်ကိုင်ကြပြီး တစ်ချို့သည်ထိုအဆင့်မှနေပြီး အသက်မွေးဝမ်းကြောင်းအဆင့်သို့ရောက်ရှိလုပ်ကိုင်ကြသည်။ အပျော်တမ်းခရီးသွားအပြင်သွားရင်း ရိုက်ကူးထားသောပုံများမှတစ်ဆင့် ပေါက်သွားပြီး ကြေငြာ၊ video များရိုက်လာရသောသူများလည်းရှိသည်။ Freelance အလုပ်များလည်းယခုနောက်ပိုင်းတွင် ခေတ်စားလာကြသည်။ Content Writer / Graphic Design ဆွဲခြင်း အလုပ်များ၊ facebook page admin လုပ်ငန်းများ ၊ Customer Service စသော တစ်ချို့လုပ်ငန်းများသည် ၁လတွင် ရုံးသို့ ၃ကြိမ် ၄ကြိမ် ခန့်သာသွားရန်လိုပြီး ကျန်ရက်များတွင် အိမ်တွင်လုပ်ရသောအလုပ်များဖြစ်သည်။ သို့သော်တစ်ချို့သော ကုမ္ပဏီများသည် Freelance မဟုတ်ပဲ ရုံးတွင်လုပ်ကြရသည်များလည်းရှိသည်။ Influencer များလုပ်ကိုင်သူများလည်းများပြားလာသည်။ စာအုပ်များအကြောင်း၊ Video/ Movie, Music များအကြောင်း review များရေးလာကြသူများလည်းရှိသည်။Blogger များအနေဖြင့် Make-up ပိုင်းကိုသီးသန့်လုပ်ကိုင်သောသူများလည်းရှိသည်။ Make-up Blogger များတင်သော Video များတွင် မိန်းကလေးများအတွက်သာမက ယောကျာ်းလေးများနှင့် သက်ဆိုင်သော ပစ္စည်းများအကြောင်းလည်းတင်ကြသော ကြောင့်လူအများစိတ်ဝင်စားကြသည်။ Food Blogger များအနေဖြင့် နေရာစုံဒေသစုံမှ အစားသောက်ကြောင်းများနှင့်ပတ်သက်ပြီး Blogများရေးလေ့ရှိသည်။ ဆိုင်တစ်ဆိုင်ကို Review ရေးပြီး ပေါက်သွားပါက ထိုဆိုင်သည်နောက်တစ်နေ့တွင်တိုးမပေါက်ဖြစ်နေတတ်သည်။ Travel Blogger များသည်လည်းမြန်မာနိုင်ငံ အကြောင်းတင်သာမက တခြားသောနိုင်ငံများ အကြောင်းလည်း review များရေးလာကြသည်။ Hotel, transpot service များ, Restaurant, Shopping Center များ စသည်တို့အကြောင်းအပြင် လည်ပတ်စရာ နေရာများအကြောင်းပါစုံစုံလင်လင် ရေးသားလာသောကြောင့် ခရီးသွားရာတွင်ပိုမိုအဆင်ပြေနိုင်သည်။ တစ်ချို့သော blog များသည် ကုန်ကျစရိတ်များပါ ပါဝင်သောကြောင့် ခရီးသွားသူများအနေဖြင့် သွားမည့်ခရီးကို မှန်းဆပြီးသွားလာနိုင်သည်။ Blogger တစ်ချို့သည် Sponsor ရလို့သော်လည်းကောင်း၊ မိမိနှင့်အဆင်ပြေသောကြောင့် ရေးသော Review များရှိသောကြောင့် တစ်ချို့သောပစ္စည်းများ ၊ အစားသောက်များ၊ ခရီးသွားခြင်းများသည် လူတိုင်းနှင့်အဆင်မပြေသော ကိစ္စများလည်းရှိသည်။ လူငယ်များကြားတွင် ခေတ်ရေစီးကြောင်းအရ Online ပေါ်မှလုပ်ကိုင်  သောလုပ်ငန်းများရေပန်းစားလျက်ရှိသည်။
တရုတ်ပြည်၏ Alibaba ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ဂျက်မား(Jack Ma) သည် သူဌေးကြီးဖြစ်မလာခင်က အခက်ခဲအမျိုးမျိုး ဆုံးရူံးမှုအမျိုးမျိုးကိုရင်ဆိုင်ပြီးမှ သူဌေးကြီးဖြစ်လာသူလည်းဖြစ်သည်။ သာမန်ကျောင်းဆရာလေးဘဝကနေ နိုင်ငံရဲ့အချမ်းသာဆုံးနေရာကိုရရှိခဲ့သူဖြစ်သည်။ ပညာရေးတွင်လည်း မူလတန်းစာမေးပွဲတွင် (၂)ကြိမ် ကျခဲ့ဖူးသည်။ အလယ်တန်းစာမေးပွဲတွင် (၃)ကြိမ် ကျခဲ့ဖူးသည်။ တက္ကသိုလ်ဝင်ခွင့်ဖြေတုန်းကလည်း ကျရူံးဖူးခဲ့သည်။ ဟားဗတ် (Haravard University) ကိုဆယ်ကြိမ်လျှောက်တာ ဆယ်ကြိမ်စလုံး အပယ်ခံခဲ့ရသည်။ တရုတ်ပြည်ကို KFC စရောက်စဉ်က အလုပ်လျှောက်သူ (၂၄) ယောက်တွင် (၂၃)ဦး အရွေးခံရသည်။ ထိုအရွေးမခံရသည့်သူမှာ ဂျက်မားပင်ဖြစ်သည်။ ထိုအချိန်တွင် KFC မှာအရွေးခံရပါက ယခုအခါတွင် ကမ္ဘာကျော်သူဌေးကြီးဖြစ်မလာနိုင်ဟုဆိုသည်။ ယခုအချိန်တွင် တရုတ်ပြည်၏ ဒုတိယအချမ်းသာဆုံးသူဌေးကြီးဖြစ်လာခဲ့သည်။ အင်တာနက်ကောင်းကောင်းအသုံးပြုလို့မရသေးသော အချိန်တွင် အင်တာနက်နှင့်သက်ဆိုင်သော ကုမ္ပဏီကိုထူထောင်မည်ဆိုတော့အားလုံးရဲ့ မယုံကြည်ခြင်းကိုခံခဲ့ရသူဖြစ်သည်။ သူပြောခဲ့တဲ့စကားအတိုင်းသူဟာဖြစ်အောင်လုပ်ခဲ့သူလည်းဖြစ်သည်။ အကြိမ်ကြိမ်ကျရူံးခဲ့သလို အကြိမ်ကြိမ်ကြိုးစားခဲ့သူလည်းဖြစ်သည်။ ယခုအခါတွင် ကမ္ဘာ့အချမ်းသာဆုံးနံပါတ်(၂၀) နေရာတွင် ဂျက်မားသည် ရှိနေပေသည်။ ဂျက်မားရဲ့ လူငယ်ဘဝဖြတ်သန်းမှုမှာ သူများနှင့်မတူပဲထူးခြားနေမှုကြောင့် နောင်တစ်ချိန် တွင် သူ့ရဲ့အောင်မြင်မှုလမ်းကြောင်းအတွက် အထောက်အပံံ့ဖြစ်စေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။  ဂျက်မားသည် အလုပ်တစ်ခုခုကို စွဲစွဲမြဲမြဲလုပ်တတ်သူလည်းဖြစ်သည်။အင်္ဂလိပ်စာ တတ်မြောက်မှုအတွက် ၉နှစ်တိုင်တိုင်ကြိုးစားလေ့လာခဲ့သူဖြစ်သည်။ မနက်၅နာရီတွင် အိပ်ရာပြီး နိုင်ငံခြားသား Tourist များ ရှိသော ဟိုတယ်တွေကိုသွား သူတို့ကိုလည်ပတ်တဲ့နေရာတွေလိုက်ပို့ လိုက်ရှင်းပြခဲ့သည်။ နိင်ငံခြားသားများက အင်္ဂလိပ်စာနဲ့စကားပြောကို အလကားပြန်လည်သင်ကြားပေးခဲ့သည်။ ဂျက်မားသည်ရာသီဥတုအခြေအနေ ဘယ်လိုမျိုးရှိပါစေ သူမပျက်မကွက်ပဲနေ့တိုင်းသွားခဲ့ပါသည်။ သူသည်အပေးအယူကိုလည်းကောင်းကောင်းသိတတ်သဘောပေါက်သည်။ သူလိုက်ပို့ရှင်းပြသည့်အတွက် အကျိုးအမြတ်မယူပဲ သူ့ရဲ့လိုချင်တတ်မြောက်ချင်သည့် အခွင့်အလမ်းကိုသာအရယူခဲ့သူဖြစ်သည်။ သူသည်တစ်စုံတစ်ခုကိုလိုချင်လျှင် ရှတစ်စုံတစ်ခုကိုပေးဆပ်ရမည်ဟူသောသဘောကို ကောင်းကောင်းနားလည်သူ ဖြစ်သည်။ ဂျက်မားသည်စိတ်ဝင်စားသော အကြောင်းအရာကိုလေ့လာသင်ယူရာတွင် အရှက်အကြောက်ကို ဘေးဖယ်ထားပြီး မိမိလိုချင်သော လိုအပ်သော အကြောင်းအရာပေါ်တွင်သာအာရုံစိုက်နိုင်သူလည်းဖြစ်သည်။ သူသည်အင်္ဂလိပ်စာကို ကြိုးစားလေ့လာပြီးအရည်အချင်း ကျွမ်းကျင်တတ်မြောက်မှုအဆင့်ရောက်သောအခါ ပြန်လည်အသုံးချခဲ့သည်။ တက္ကသိုလ်ဆရာ ဖြစ်ခဲ့ပြီးကိုယ်ပိုင်အင်္ဂလိပ်စာ သင်တန်းကျောင်းဖွင့်နိုင်ခဲ့သည်။  ဘာသာပြန်လုပ်ငန်းကုမ္ပဏီထောင်ရာမှစပြီး စီးပွားရေးလုပ်ငန်းထဲသို့ဝင်ရောက်လာခဲ့သည်။ ထိုအရည်အချင်းကြောင့် အမေရိကသွားဖို့ အခွင့်အလမ်းပေါ်လာခဲ့သလို အင်တာနက်ကိုလည်းစတင်ထိတွေ့ခွင့်ရခဲ့သည်။ သူသည်အားနည်းချက် အားသာချက်ရှိခြင်းကိုမကြောက်ပဲ သူသည် တရုတ်သိုင်းပညာဖြစ်သော ထိုက်ချိသိုင်းကိုလည်း ကျွမ်းကျင်တတ်မြောက်သေးသည်။သူသည်လူကောင်သေးသောကြောင့် သူ့ကိုရန်စမှု အနိုင်ကျင့်မှုတွေ ကိုတွန်းလှန်တိုက်ခိုက်နိုင်သည့် အနေအထားပြိုင်ဘက်တွေ ကိုအနိုင်တိုက်နိုင်သော အနေအထားတွေရှိခဲ့သည်။ သူ၏အားနည်းချက်ကို ထိုက်ချိသိုင်းပညာဖြင့်ဖြည့်သည်းခဲ့သည်။ သူသည်မိမိကိုယ်ကိုယုံကြည်ချက်ရှိသည်။ သူသည်ပညာရေးတင်မက စီးပွားရေးတွင်ပါ အလွယ်တကူအောင်မြင်လာခြင်း မဟုတ်ပဲအခက်အခဲများ ကိုရင်ဆိုင်ကျော်ဖြတ်ပြီးမှအောင်မြင်လာသူဖြစ်သည်။ ရူံးနိမ့်ခြင်းကိုမကြောက်ရွံ့ပဲ တစ်ချိန်ချိန်အောင်မြင်ရမည်ဟူသောစိတ်ဖြင့်ကြိုးစားခဲ့သူဖြစ်သည်။ လူငယ်များအနေဖြင့်လည်းဂျက်မား၏ စိတ်ဓာတ်ကိုအတုယူသင့်ပါသည်။ “မဖြစ်နိုင်ဘူးဆိုတဲ့စိတ်ကိုခေါင်းထဲမှထုတ်လိုက်ပြီး မဖြစ် ဖြစ်အောင်လုပ်ရမည်” ဆိုသောစိတ်ဓာတ်နှင့် လုပ်ဆောင်ကြရမည်ဖြစ်သည်။လူငယ်များတွင်အလုပ်အကိုင် များကိုမိမိတို့လုပ်ကိုင်ချင်သော လုပ်ကိုင်လိုသောအလုပ်များရွေးချယ်ရန် အခွင့်အရေးများ များပြားသောကြောင့် မိမိဝါသနာပါရာ အလုပ်များကိုအသက်မွေးဝမ်းကြောင်း အဖြစ်လုပ်ကိုင်ရန်ရွေးချယ်သင့်သည်။ ထိုသို့ရွေးချယ်ပြီးလုပ်ကိုင်လျှောက်လှမ်းနေစဉ် အရူံးများရှိပါကလည်း မလျော့သောဇွဲကိုအခြေခံကာ အောင်မြင်မှုပန်းတိုင်သို့ရောက်ရှိအောင် သွားရောက်ရမည်ဖြစ်သည်။ 

March 19, 2019 at 01:34 pm