contact@pandaingmap.com

(+95) 9 764-231-193

မြန်မာ့မျိုးဆက်သစ်ပန်းလေးများအစွမ်းကုန်ဖူးပွင့်စေဖို့

မြန်မာနိုင်ငံရဲ့ပြောင်းလဲလာတဲ့ပညာရေးစနစ်နဲ့အညီ  မြန်မာ့မျိူးဆက်သစ်ကျောင်းသားလူငယ်လေးတွေရဲ့ စွမ်းဆောင်ရည်တွေ တိုးမြှင့်ဖို့လိုအပ်လျက်ရှိပါတယ်။ဆယ်တန်းစာမေးပွဲ(သို့မဟုတ်)တက္ကသိုလ်ဝင်စာမေးပွဲ ကြီးဖြေဆိုပြီးတာနဲ့အထက်တန်းကျောင်းသားဘဝကနေတက္ကသိုကျောင်းသားဘဝကို ဘဝတစ်ဆစ်ချိုးပြောင်း လဲတောကမှာဖြစ်တဲ့ကျောင်းသားလူငယ်လေးတွ

မြန်မာ့မျိုးဆက်သစ်ပန်းလေးများအစွမ်းကုန်ဖူးပွင့်စေဖို့

မြန်မာနိုင်ငံရဲ့ပြောင်းလဲလာတဲ့ပညာရေးစနစ်နဲ့အညီ  မြန်မာ့မျိူးဆက်သစ်ကျောင်းသားလူငယ်လေးတွေရဲ့ စွမ်းဆောင်ရည်တွေ တိုးမြှင့်ဖို့လိုအပ်လျက်ရှိပါတယ်။ဆယ်တန်းစာမေးပွဲ(သို့မဟုတ်)တက္ကသိုလ်ဝင်စာမေးပွဲ ကြီးဖြေဆိုပြီးတာနဲ့အထက်တန်းကျောင်းသားဘဝကနေတက္ကသိုကျောင်းသားဘဝကို ဘဝတစ်ဆစ်ချိုးပြောင်း လဲတောကမှာဖြစ်တဲ့ကျောင်းသားလူငယ်လေးတွေအတွက် ရည်ရွယ်ပြီးဒီဆောင်းပါးလေးနဲ့အကြုံပြုလိုက် ရပါတယ်။တက္ကသိုလ်ပညာရေးစနစ်က အသားကျြင်္ပးသားဖြစ်တဲကအခြေခံပညာရေးစနစ်နဲ့ကွာပြားပါတယ်။
တက္ကသိုလ်ဆိုတဲ့ကျောင်းတော်ကြီးက အဆင့်မြင့်ပညာရပ်တွေသာမက ဘဝနေထိုင်ရေး၊ပေါင်းသင်း ဆက်ဆံ ရေးနဲ့ လူနေမှုလက်တွေ့ဘ၀ တွေပါ လေ့လာခွင့်ပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ပျော်စရာတွေ အောင်မြင်မှုတွေ အခက်ခဲတွေနဲ့ဘဝသင်ခန်းစာတွေ အများကြီးပေးတဲ့နေရာဆိုလည်းမမှားပါဘူး။ တွေ့ကြုံလာတဲ့ပြသနာတွေ အခက်ခဲတွေ ကို ရင်ဆိုင်ကျော်ဖြတ်ဖို့နည်းလမ်းတချို့ကို ညွှန်ပြပေးချင်ပါတယ်။
လူငယ်ဘဝမှာပြသနာတွေဖြေရှင်းဖို့ အကောင်းဆုံးလုပ်သင့်တဲ့အလေ့အကျင့်ကတော့ စာဖတ်ခြင်း ဘဲဖြစ်ပါတယ်။အခြေခံပညာရေးကိုသင်ကြားနေတဲ့ KGကနေ ဆယ်တန်းထိကာလမှာတော့ လူငယ်တွေ ဟာရသစာပေ ဝတ္ထုတို၊ဝတ္ထူရှည်တွေနဲ့အထိတွေ့နည်းပါးလှပါတယ်။ရသစာပေတွေက ဘဝအမျိုးမျိူးကို သရုပ်ဖော်ပေးနိုင်ယုံသာမက အတုယူစရာတွေ ရှောင်ရှားစရာတွေကိုလည်း လမ်းညွှန်ပေးနိုင်ပါတယ်။ဒါကြောင့် လူငယ်တွေကို စာများများဖတ်စေချင်ပါတယ်။ကျောင်းသားလူငယ်တွေဖတ်သင့်တဲ့စာအုပ်အချို့ကို လမ်းညွှန် ပေးချင်ပါတယ်။
ဆရာဂျိမ်းလှကျော်ရဲ့ မောင်ရင်မောင် မမယ်မ
ဆရာမြသန်းတင့်ရဲ့ ဓားတောင်ကိုကျော်၍မီးပင်လယ်ဖြတ်မည်
ဆရာနန္ဒာသိန်းဇံရဲ့ ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
ဆရာကျော်ဝင်းဘာသာပြန်ဆိုသော ၂၁ရာစုသားရွှေဥ ….စသည်။
အခြားစာရေးဆရာကြီးများဖြစ်သော  ဆရာအောင်သင်း၊ဆရာမင်းလူ၊ဆရာဖေမြင့်၊ဆရာမ နုနုရည် အင်းဝ၊ဆရာမ ဂျူး၊ဆရာမ ခင်ခင်ထူး၊ဘာသာပြန်စာရေးဆရာများဖြစ်သော ဆရာညီညီနိုင်၊ဆရာချမ်းမြေ့ဝင်း တို့၏စာပေများသည်လည်း လူငယ်များအတွက် လွယ်ကူ၇ှင်းလင်းြ့ပီး  ပညာယူစရာများ အများအပြားပါဝင်တယ်လို့ ထင်မြင်ယူဆပါတယ်။စိတ်ဓာတ်ကျန်းမာကြံ့ခိုင်ဖို့အတွက် စာအုပစာပေများက အကောင်းဆုံးမိတ်ဆွေများ ဖြစ်ပါတယ်။
တက္ကသိုလ်ရောက်တဲ့အခါ ယှဉ်ပြိုင်စရာတွေ၊မိမိအစွမ်းကိုပြဖို့ အခွင့်အရေးတွေလည်း အများကြီးတွေ့ကြုံ ရဦးမှာဖြစ်ပါတယ်။ယှဉ်ပြိုင်တဲ့အခါ မိမိဘက် ကအကောင်းဆုံးရင်ဆိုင်ဖို့အတွက် မိမိလိုအပ်ချက်လေးတွေ ကိုဖြည့်ထားဖို့လည်းလိုအပ်ပါတယ်။နွေရာသီကျောင်းပိတ်ရက်နဲ့တက္ကသိုလ်ဝင်ခွင့်ကျဖို့စောင့်ဆိုင်းနေတဲ့ ကာလမှာ အင်္ဂလိပ်စာသင်တန်းတွေ၊ကွန်ပျူတာသင်တန်းတွေကိုလည်း လက်လှမ်းမှီသလောက်တတ်ထား သင့်ပါတယ်။၂၀၁၈တုန်းကကျင်းပခဲ့တဲ့ ၁၉ကြိမ်မြောက်အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲလို အခွင့်ရေးကောင်းများရှိတာကြောင့်မိမိဝါသနာပါရာအားကစားကိုလည်းလေ့ကျင့်ထားဖို့လိုပါတယ်။သင်တန်းတစ်ခုတတ်ပြီးတဲ့အခါမှာလည်း အသ်မှတ်ပြုလက်မှတ်တစ်ခုထက် ကျွမ်းကျင်မှုတစ်ခုရှိစေဖို့ ထပ်ခါထပ်ခါ လေ့ကျင့်နေဖိုကလည်းလိုပါသေးတယ်၊တကယ်လို့မိမိက နိုင်ငံခြားပညာတော်သင်ထွက်ဖို့စိတ်အား ထက်သန်သူဆိုရင်တော့  တက္ကသိုလ်တွေမှာ ပညာတော်သင်ခေါ်တဲ့အခါ အဆင်သင့်ဖြစ်နေဖို့ BRITISH COUNCUIL ကကျင်းပလေ့ရှိတဲ့ IELTS စာမေးပွဲတွေကို ဝင်ရောက်ဖြေဆိုထားဖို့လည်းလိုပါတယ်။ဒါအပြင် ပညာရေးဆိုင်ရာဟောပြောပွဲတွေ SEMINAR တွေကိုလည်း အချိန်ပေးတက်ရောက်သင့်ပါသေးတယ်။ များများသွေးတဲ့ဓားကထက်တယ် ဆိုတဲ့အတိုင်း မိမိအစွမ်းအစတွေကိုလည်းသွေးနေဖို့လိုအပ်ပါတယ်။
တက္ကသိုလ်ကျောင်းသားဘဝမှာတော့ မိမိရဲ့ပဲ့ကိုင်ရှင်က မိမကိုယ်တိုင်သာဖြစ်ပါတယ်။စာလေ့လာဖို့၊ အတန်းမှန်မှန်တက်ဖို့ စတဲ့ ကိစ္စတွေကို မိမိကိုယ်တိုင်ဘဲဆုံးဖြတ်ရမှာပါ။ဒါကြောင့်လူငယ်တွေအနေနဲ့ အချိန်စီမံခန့်ခွဲမှုကို ကျွမ်းကျင်ဖို့လိုအပ်ပါသေးတယ်။အချိန်စီမံခန့်ခွဲဲဖို့အကောင်ဆုံး အကြံပေးချင်တာကတော့ TO-DO LIST ရေးဖို့ဘဲဖြစ်ပါတယ်။တစ်နေ့တာအတွက်လုပ်ဆောင်စရာတွေကိုချရေးပြီးအဆင့်ခွဲဖို့ဘဲ ဖြစ်ပါတယ်။မဖြစ်မနေလုပ်ရမှာတွေကိုအရင်ရေးပြီး အပျော်အပါးကိစ္စတွေနဲ့တခြားအရေးမကြီးတာတွေကို အောက်ဆုံးမှာရေးပါ။အဲ့စာရွက်လေးကို ခနခနထုတကြည်ဖို့ မိမိနဲ့အနီးဆူံးမှာထားပြီး အဲ့ဒီစာရင်းလေး အတိုင်းလိုက်လုပ်ယုံပါဘဲ။အဓိကအချက်ကတော့မိမိစိတ်ကို မိမိအလိုမလိုက်ဖို့ဘဲဖြစ်ပါတယ်။အလုပ်ပြီး မြောက်ဖို့တွက် အကောင်းဆုံးလက်စွဲဆောင်ပုဒ်လေးကတော့ ဒီနေ့လုပ်နိုင်တဲ့အလုပ်ကို မနက်ဖန်မရွေ့ ပါနဲ့ ဆိုတဲ့စာသားလေးဘဲဖြစ်ပါတယ်။
တက္ကသိုလ်ရောက်တဲ့အခါ မိမိတို့ဝင်ခွင့်ကျတဲ့ကျောင်းအသီးသီးဆီၤကို သွားရောက်ပညာသင်ယူကြရပါတယ်။ တက္ကသိုလ်ဆိုတာ လူငယ်တွေအတွက် SOCIAL NETWORK တစ်ခုတည်ဆောက်ဖို့ အကောင်းဆုံးနေရာ လည်းဖြစ်ပါတယ်။အလွှာအမျိုးမျိုးက လူငယ်တွေနဲ့ ပေါင်းသင်းဆက်ဆံရင်း လက်တွေ့ဘဝအမျိုးမျိုးကို ထိတွေ့ခံစားနိုင်ပါတယ်။ဘယ်လိုလူမျိုးကိုမဆို မိမိဘက်က ကြိုဆိုဖို့နဲ့အလိုက်သင့်ပေါင်းသင်းဆက်ဆံဖို့လည်း လိုအပ်ပါတယ်။သို့ပေမယ့်မိမိရဲ့ ရည်ရွယ်ချက်ကိုလည်းပျောက်မသွားဖို့ အထူးသတိထားသင့်ပါတယ်။ နေရာဒေသ အသစ်တစ်ခုရဲ့လှိုင်းတွေ၊အပေါင်းသင်းတွေရဲ့အပြူအမူတွေကလည်း မိမိကိုပြောင်းလဲစေနိုင်တာ ကြောင့်မိမိကိုယ်ကိုအမြဲတိးဝေဖန်ဆန်းစစ်နေဖို့လည်းလိုပါသေးတယ်။မူးယစ်ဆေးဝါနဲ့လောင်းကစားကတော့အထူးသတိထားရှောင်ရှားသင့်တဲ့အရာတွေဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသားဖြစ်သွားတာနဲ့မိမိတို့ဟာကလေးတွေမဟုတ်ပါဘူး။အဲ့ဒါကြောင့် မိမိတို့ဟာ တာဝန်ယူစိတ်နဲ့ အကောင်းမြင်စိတ်ကို မွေးမြူဖို့လိုအပ်ပါတယ်။လူငယ်ဘဝမှစပြီးတာဝန်ယူစိတ်ကိုမွေးမြူ ပါမှ ခေါင်းဆောင်ကောင်းတွေဖြစ်လာမှာဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် သူ့တာဝန် ကိုယ့်တာဝန်လွှဲချနေမယ်ဆိုရင်တော့ အလုပ်မပြီးသလို အကျိုးလည်းမ၇ှိပါဘူး။အလုပ်တိုင်းအလုပ်တိုင်းက မိမိတို့အတွက် အတွေ့အကြုံကောင်းများပေးစမြဲပါဘဲ။ယနေကခေတ်လိုအဖက်ဖက်ကနေအပြိုင်များတဲ့ခေတ် မှာဆိုရင်အကောင်းမြင်စိတ်က မဖြစ်မနေလိုအပ်လာပါတယ်။အကောင်းမြင်စိတ်လေးတစ်ခုက ဘ၀ လမ်းကြောင်းကို ကောင်းမွန်တဲ့ဘက်ကိုဦိးတည်ပေးနိုင်ပါတယ်။တခြားသူရဲ့အောင်မြင်မှုကို မုဒိတာပွားနိုင်ဖို့ သင်ယူစရာတွေကို မာနမခံဘဲသင်ယူနိုင်ဖို့ အကောင်းမြင်စိတ်ကို သေချာလေ့ကျင့်ပေးသင့်ပါတယ်။ အကောင်းမြင်စိတ်လေးတစ်ခုက မိမိရဲ့စိတ်နှလုံးကိုလည်းအေးချမ်းစေနိုင်ပါတယ်။
ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့စကားအတိုင်းပါဘဲ မိမိတို့ဟာနောင်တစ်ချိန်မှာနိုင်ငံ့ဂုဏ်ဆောင်နိုင်မယ့် အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေဖြစ်ပါတယ်။တိုးတက်ဖွံ့ဖြိုးဆဲဖြစ်တဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာရှိနေပါတယ်။မိမိနိုင်ငံတိုးတက်စေရေးက မိမိတို့တာဝန်ဖြစ်ပါတယ်။မိမိတို့ခေတ် မိမိတို့သမိုင်းမှာ အတုယူသင့်တဲ့ စံပြကျောင်းသားခေတ်ကိုတည်ဆောက်သင့်ပါတယ်။ဒါကြောင့် မိမိတို့မှာ ဇွဲ၊လုံ့လ၊ဝီရိယနဲက မိမိကိုယ်ကို ယုံကြည်စိတ်ရျိဖို့လည်းလိုအပ်ပါတယ်။မိမိကိုယ်ကို ယုံကြည်ပါမှ အခက်ခဲပြသနာတွေကို မိမိကိုယ်ပိုင်အစွမ်းအစတွေနဲ့ ကျော်လွှားနိုင်မှာဖြစ်ပြီး မိမိရဲ့ အားသာချက် အားနည်းချက်တွေကို သိလာမှာဖြစ်ပါတယ်။
အထက်ပါအချက်လေးတွေကို လိုက်နာရင်းလောကမှာမဖြစ်တနိုင်တာမရှိဘူးဆိုတဲ့ဆိုရိုးကို လက်ကိုင်ထားပြီး မိမိတတ်နိုင်သမျှအကောင်းဆုံးကြိုးစားရင်း နိုင်ငံကိုအကျိုုးပြုနိုင်တဲ့ မျိုးဆက်သစ်လူငယ်လေးတွေဖြစ်လာပါစေ လို့ဆန္ဒပြုပါတယ်
SYH

February 14, 2019 at 04:36 pm