contact@pandaingmap.com

(+95) 9 764-231-193

ကလေးတွေရဲ့ပညာရေးမှာ မိဘတွေက ဘယ်လိုတက်ကြွစွာပါဝင်ကြမလဲ

မိမိတို့သားငယ်၊ သမီးငယ်တွေရဲ့ဘဝမှာ ပညာရေးဆိုတာ တကယ့်ကိုအရေးကြီးသည့် အစိတ်အပိုင်းတွင် ပါဝင်နေပါသည်။ သင်ယူသည်ဆိုသည့်နေရာတွင်လည်း ကလေးငယ်များ သည် နေ့စဉ်နေ့တိုင်းနည်းလမ်းမျိုးစုံဖြင့်သင်ယူ၍ များစွာသောအချက်အလက်များကို မှတ်သား ထားလေ့ရှိသည်။ သင်ယူမှုအများဆုံးမှာ ကျောင်း၌ပင်ဖြစ်သော်လည်း ကျောင်းပြင်ပမှလည်း ပညာတွေသင်ယူ

မိမိတို့သားငယ်၊ သမီးငယ်တွေရဲ့ဘဝမှာ ပညာရေးဆိုတာ တကယ့်ကိုအရေးကြီးသည့် အစိတ်အပိုင်းတွင် ပါဝင်နေပါသည်။ သင်ယူသည်ဆိုသည့်နေရာတွင်လည်း ကလေးငယ်များ သည် နေ့စဉ်နေ့တိုင်းနည်းလမ်းမျိုးစုံဖြင့်သင်ယူ၍ များစွာသောအချက်အလက်များကို မှတ်သား ထားလေ့ရှိသည်။ သင်ယူမှုအများဆုံးမှာ ကျောင်း၌ပင်ဖြစ်သော်လည်း ကျောင်းပြင်ပမှလည်း ပညာတွေသင်ယူတတ်ကြသည်။  မိဘများအနေဖြင့်မိမိတို့ သား၊သမီးများ၏ ပညာရေးတွင် ကျောင်းမှာတင်သာမက မိမိအိမ်မှာပါ တက်ကြွစွာပါဝင်နိုင်ကြရန်အတွက် နည်းလမ်းများစွာ ရှိ ပါသည်။
ကျောင်းပညာသင်ကြားရေးပိုင်းတွင်စောင့်ကြည့်ပါ။
    ကျောင်းပညာရေးပိုင်းတွင် စိတ်ဝင်တစားစောင့်ကြည့်လေ့လာမှုခြင်းသည် မိမိတို့ သား၊ သမီးများအောင်မြင်ရေးအတွက် များစွာအထောက်အကူပြုလျက်ရှိသည်။ ထို့ကြောင့် အရေးကြီး သည့်အချက်မှာ ကလေးငယ်များကျောင်းတွင် ဘာတွေသင်ကြားလာသည်၊ မည်သည့်ဘာသာ ရပ်များကို လေ့လာသည် နှင့် မည်ကဲ့သို့သော အိမ်စာများကိုပြုလုပ်သည်ကို မိဘတစ်ဦးအနေဖြင့် အာရုံစိုက်ထားဖို့လိုအပ်ပါသည်။ မူလတန်းအရွယ်ကလေးများအတွက် မည်သို့သောအိမ်စာများ လေ့လာရန်ရှိသည်ကို ၎င်းတို့ဘာသာသိရှိစေရန် ရှင်းပြခိုင်းသင့်ပါသည်။ အထက်တန်းအရွယ် ကျောင်းသား၊ ကျောင်းသူများအတွက်မူ “ကျောင်းမှာဒီနေ့ဘယ်လိုအခြေအနေရှိလဲ” ဟု ယေဘူယျဆန်ဆန်မေးမည့်အစား “ဒီနေ့ Chemistry အချိန်မှာ Experiment လုပ်တာအခြေ အနေဘယ်လိုရှိသလဲ” ဟု အသေးစိတ်မေးမြန်းခြင်းမျိုးလုပ်ဆောင်သင့်သည်။
နားထောင်ပေးပါ။
    မည်သူမဆို မိမိမေးမြန်းပြောကြားလိုသည်ကို ဂရုတစိုက်နားထောင်ခြင်းမျိုးကို  ကြိုက် နှစ်သက်ကြသည်။ ထို့ကြောင့် မိမိတို့ကလေးငယ်များ၏စကားသံများကို ဂရုတစိုက်နားထောင် ၍မေးခွန်းများကိုမေးပေးသင့်သည်။ မိဘများ၏ ကိုယ်နေဟန်အနေအထားမှာလည်း အရေးကြီး ပါသည်။ အလုပ်လုပ်နေရင်း ဝတ်ကျေတန်းကျေသဘောမေးမြန်းခြင်းမျိုးမလုပ်ပါနှင့်။ အသေ အချာစိတ်ပါဝင်စားစွာမေးမြန်းပါ။ သို့မှသာ မိမိကလေးငယ်နှင့်ပတ်သတ်သည့်အဖြေမှန်ကိုသာ အနီးစပ်ဆုံးသိရှိနိုင်မည်ဖြစ်ပါသည်။
ဆရာ/ဆရာမများနှင့် အဆက်အသွယ်မပြတ်ပါစေနှင့်။
    ကျောင်းစဖွင့်သည့်အချိန်မှစ၍ ကလေးငယ်များ၏ ဆရာ၊ ဆရာမများနှင့် ချိတ်ဆက် ထားပြီး မိမိတို့ကလေးအခြေအနေကို ပွင့်ပွင့်လင်းလင်းသိနိုင်အောင် ပြုလုပ်ထားပါ။ မိမိကလေး ငယ်နှင့်ပါတ်သတ်သည့် ကောင်းသတင်းဖြစ်စေ၊ ဆိုးသတင်းဖြစ်စေ မိမိသိရှိလိုကြောင်းကိုလည်း ဆရာ/ဆရာမများကို ရှင်းပြထားပါ။ မိဘဆရာတွေ့ဆုံပွဲကဲ့သို့သော ပွဲမျိုးများကိုလည်း တက်ရောက်နိုင်ရန်ကြိုးစားသင့်ပါသည်။ သို့သော်လည်း မိဘနှင့်ဆရာအကြားထားရှိသည့် သူ့စည်း၊ ကိုယ့်စည်းကိုတော့ မကျော်စေရန်သတိထားသင့်ပါသည်။

“ကလေးတွေရဲ့ပညာရေးမှာ မိဘတွေကဘယ်လိုတက်ကြွစွာပါဝင်ကြမလဲ”

ရေခဲမုန့်သွားစားကြမယ်၊ အရုပ်သွားဝယ်ကြမယ် ကြည့်နေ ခြင်းမျိုးပြုလုပ်မည့်အစား အချိန်တစ်ခုသတ်မှတ်၍ စာဖတ်ပြခြင်းသည် ကလေးငယ်အတွက် အတုယူဖွယ်ရာ အလေ့အကျင့်ကောင်းတစ်ခုဖြစ်လာပေလိမ့်မည်။ စာအုပ်တစ်အုပ်ဖတ်ပြီးပါက ရေခဲမုန့်သွားစား ကြမယ်၊ အရုပ်သွားဝယ်ကြမယ် စသည်ဖြင့် မက်လုံးပေးကာဆွဲဆောင်နိုင်ရန်လည်းလိုအပ်ပါ သည်။
အခြားသောလှုပ်ရှားမှုများတွင်ပါဝင်ခွင့်ပြုခြင်း။  
    မိဘများအနေဖြင့် အခြားသောအရာများကို မိမိတို့ သား/သမီးများက စိတ်ပါဝင်စားလာ သည်ဆိုလျှင် ပညာရေးဘက်တွင်အာရုံစိုက်မှုလျော့နည်းလာနိုင်သည့်အတွက် မလုပ်နိုင်ရန် ပိတ်ပင်တားဆီးလေ့ရှိကြသည်။ ကျန်းမာသန်စွမ်း၍ မိမိခြေထောက်ပေါ်တွင် မိမိအစွမ်းအစနှင့် မိမိရပ်တည်နိုင်စေရန်အတွက် ကလေးစိတ်ဝင်စားသည့် အားကစား (သို့) အခြားသော လှုပ်ရှားမှုများကို လုပ်ခွင့်ပေးသင့်ပါသည်။ အားကစားတစ်ခုခုပြုလုပ်ခြင်းအားဖြင့် ရုပ်ပိုင်း ဆိုင်ရာတွင် ကျန်းမာသန်စွမ်းစေနိုင်ရုံသာမက စိတ်ပိုင်းဆိုင်ရာအရလည်း ကြံ့ခိုင်စေနိုင်ပါသည်။ ထို့ပြင် လူအများနှင့်ပေါင်းသင်းဆက်ဆံရေးကိုလည်း တိုးမြှင့်စေနိုင်ပြီး ပြင်ပဗဟုသုတများကို လည်း များစွာရရှိစေနိုင်ပါသည်။
    ထို့ကြောင့် မိဘများအနေဖြင့် ကျောင်းပညာရေးတွင်သာမက၊ ပြင်ပပညာရေးကိစ္စရပ်များ တွင် တက်ကြွစွာဆောင်ရွက်ခြင်းအားဖြင့် မိမိတို့၏ သားငယ်/ သမီးငယ်များ ဘဝရှေ့ရေး ချောမွေ့အောင်မြင်နိုင်စေဖို့အတွက် လမ်းပြပေးနိုင်သည့်ပဲ့ကိုင်ရှင်ကောင်းတစ်ယောက်ဖြစ်နိုင် စေရန် ရည်ရွယ်၍ရေးသားဖော်ပြလိုက်ရပါသည်။

ဆုမွန်ကောင်းများစွာဖြင့်
ရှင်ကုကူး
REF; How to Play an Active Role in Your Child’s Education
    By wikiHow
 
January 16, 2019 at 09:51 am