contact@pandaingmap.com

(+95) 9 764-231-193

စာဘယ်လောက်များများ အလွယ်တကူ မမေ့ရလေအောင်

စာမေးပွဲနီးလာသည်နှင့်အမျှ စိတ်ဖိစီးမှူတွေ စိုးရိမ်လွန်ကဲမှူတွေကြောင့် ကျက်ပြီးသားစာတွေတောင် လွယ်လွယ်နဲ့ မေ့သွားတတ်ပါတယ်။ ဒီတော့ စာတွေ ဘယ်လောက်ပဲများများ အလွယ်တကူ မမေ့နိုင်မယ့် စာကျက်နည်းလေးတွေကို မျှဝေချင်ပါတယ်။

စာမေးပွဲနီးလာသည်နှင့်အမျှ စိတ်ဖိစီးမှူတွေ စိုးရိမ်လွန်ကဲမှူတွေကြောင့် ကျက်ပြီးသားစာတွေတောင် လွယ်လွယ်နဲ့ မေ့သွားတတ်ပါတယ်။ ဒီတော့ စာတွေ ဘယ်လောက်ပဲများများ အလွယ်တကူ မမေ့နိုင်မယ့် စာကျက်နည်းလေးတွေကို မျှဝေချင်ပါတယ်။

- စာကြည့်နေရာရွေးချယ်ခြင်း
စာကြည့်ခုံကို အိမ်ရဲ့လေဝင်လေထွက် ကောင်းတဲ့နေရာ (သို့မဟုတ်) အလင်းရောင် ကောင်းစွာ ရတဲ့နေရာမျိူးမှာ ထားသင့်ပါတယ်။ လေကောင်းလေသန့်ကလည်း စာကျက်တဲ့ အချိန်မှာ အာရုံစူးစိုက်မှူ ပိုကောင်းအောင်၊ ဦးနှောက်ကို တက်ကြွအောင် လှူံ့ ဆော်ပေးနိုင်ပါတယ်။

- ရှင်းလင်းနေရမည့် စာကြည့်နေရာ
စာကြည့်မယ့်နေရာက ရှင်းလင်းသပ်ရပ်နေဖို့လည်း လိုပါတယ်။ ရှူပ်ပွနေတဲ့ စာကြည့်စားပွဲခုံဆိုရင် စိတ်ညစ်ညူးစရာ ဖြစ်စေသလို စာအပေါ် အာရုံစူးစိုက်မှူ လျော့နည်းစေပါတယ်။ တခါတလေ စာကြည့်စားပွဲပေါ်တင်ထားတဲ့ ကစားစရာ၊ အလှပစ္စည်း၊ ဖုန်း စတာတွေကလည်း စာအပေါ် အာရုံစူးစိုက်မှူ ပျက်ပြားအောင် စွဲဆောင်နိုင်တဲ့ ပစ္စည်းတွေဆိုလည်း မမှားပါဘူး။ ဒါကြောင့် စာကြည့်မယ့် နေရာကို ရှင်းလင်းအောင်ထားပါ။ စာအုပ်၊ ဘောပင်၊ ခဲတံ၊ နာရီကလွဲလို့ ကျန်တာတွေ မထားသင့်ပါဘူး။

- ကိုယ်ပိုင် စာကြည့်ချိန် သတ်မှတ်ထားခြင်း
ကျောင်းသားတိုင်းမှာ ကိုယ်ပိုင် စာကြည့်ချိန် ဆိုတာ ရှိသင့်ပါတယ်။ ဒါဟာလည်း အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ ကိုယ်ပိုင် စာကြည့်ချိန် မှာ ကိုယ့်ရဲ့ သီးသန့် အချိန်ဇယားနဲ့ စာတွေကို ကျက်မှတ်လေ့လာမယ်ဆိုရင်တော့ နည်းစနစ်ကျတဲ့ စာကျက်နည်း တစ်ခုဖြစ်ပါတယ်။

- အတိုချုံ့မှတ်သားကျက်မှတ်ခြင်း
စာကျက်ရာတွင် ကျက်ရမည့်စာများအား အဓိက အချက်အလက်ကို သာလျှင် စုစည်းထုတ်နှူတ်၍ အတိုချုံ့ မှတ်သားကျက်မှတ်ခြင်းကလည်း စာတွေကို ပိုမို မှတ်မိစေပါတယ်။ တခါတလေ ဇယား ၊ ပုံကားချပ်တွေကို အလွယ်တကူ မမေ့နိုင်အောင် ထောက်ပံ့ပေးပါတယ်။

- အလွတ်ချရေးခြင်း
စာတွေကို အလွယ်တကူ မမေ့အောင် ထပ်ကာ ထပ်ကာ လေ့ကျင့်ဖို့ လိုအပ်သလို ကျက်ပြီးသား စာတွေကို အလွတ် ချရေးခြင်းကလည်း စာမမေ့စေဖို့ နောက်ထပ် နည်းလမ်း တစ်ခုပါပဲ

- အချိန်ပိုင်းခြား သတ်မှတ်၍ အနားယူခြင်း
လူတစ်ယောက်ရဲ့ အာရုံစူးစိုက်မှူနှူန်းဟာ တစ်နာရီအထိဆိုရင် အင်မတန် သင့်တော်ပါတယ်။ ဒါ့ကြောင့် ဥပမာအားဖြင့် မိမိရဲ့ အချိန်ဇယားတွင် တစ်နာရီခန့် စာလုပ်ပြီး ၅မိနစ် - ၁၀မိနစ်နားချိန် ထားသင့်ပါတယ်။ ပြီးမှ နောက်တစ်ချိန် ဆက်လုပ်ပါက ပို၍ကောင်းမွန်ပါတယ်။ နားတဲ့အချိန်မှာလည်း ကျန်းမာရေးအတွက် အထောက်အကူ ပြုစေဖို့ အားကစားလုပ်ခြင်းမျိူး၊ စိတ်အပန်းဖြေစေဖို့ သီချင်းနားထောင်ခြင်းမျိူး ပြုလုပ်သင့်ပါတယ်။

- စာများအား ထပ်ခါထပ်ခါ ရွတ်ဆိုခြင်း
စာအံတယ် ဆိုတဲ့ စကားမျိူးကို ကြားဖူးကြမှာပါ။ အဲ့တာဟာ ကိုယ်ကျက်မယ့် စာတွေ ကိုယ်ကျက်ထားပြီးသားစာတွေကို ထပ်ခါထပ်ခါ ရွတ်ဆိုခြင်းပဲ ဖြစ်ပါတယ်။ ဒီလို စာတွေကို အထပ်ထပ် အခါခါ ရွတ်ဆိုခြင်းဖြင့် စာများ အလွယ်တကူ မေ့တတ်တဲ့ အဖြစ်ကနေ ကျော်လွှားနိုင်ပါတယ်။

- စာများ ပြန်နွှေးခြင်း
ကျက်ထားတဲ့ စာတွေကို အလွယ်တကူ မမေ့ရလေအောင် ပြုလုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ စာတွေကို ပြန်နွှေးတာပါပဲ။ 

- သူငယ်ချင်းများနှင့် အုပ်စုဖွဲ့ စာလုပ်ခြင်း
သူငယ်ချင်းများနှင့် အုပ်စုဖွဲ့၍ စာကျက်ခြင်း၊ ကျက်ပြီးသားစာများကို ပြန်လည် ဆွေးနွေးခြင်းကလည်း စာများကို ပိုမိုမှတ်မိစေတဲ့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

- ဦးနှောက်အတွက် အားဖြည့် အစားအစာ
အာဟာရ ပြည့်ဝတဲ့ အစားအစာတွေကို ပုံမှန် စားသုံးခြင်းကလည်း အရေးကြီးတစ်ချက်ပါပဲ။ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှူ နဲ့ ဖြတ်ထိုးဉာဏ် တို့ အတွက် အားဖြည့်ပေးတဲ့ ငါးများ ၊ အစေ့အဆံ၊ ဒိန်ချဉ် စတဲ့ အစားအစာ တွေကိုလည်း စားသုံးစေချင်ပါတယ်။ ဒါတွေကို စားသုံးခြင်းက စာများ အလွယ်တကူ မမေ့နိုင်စေရန် အထောက်အပံ့ပေးပါတယ်။

- ရေများများသောက်ခြင်း
ရေများများသောက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်များများရှိခြင်းက ဦးနှောက် စွမ်းအားကို မြှင့်တင်ပေးလို့ စာသင်သားတွေ အတွက် စာကျက်ရာတွင် မမေ့စေဖို့ အလွယ်ကူဆုံး နည်းလမ်းပါပဲ။

- မေးခွန်းဟောင်းများ လေ့လာ လေ့ကျင့်ခြင်း
စာမေးပွဲမှာ အမှတ်ကောင်းဖို့ အတွက် အထိရောက်ဆုံး နည်းလမ်းတွေထဲမှ တစ်ခုကတော့ မေးခွန်းဟောင်းလေ့လာခြင်း ဖြစ်ပါတယ်။ ပိုမို ခက်ခဲတဲ့ ဉာဏ်စမ်းမေးခွန်းတွေကို လေ့ကျင့်နိုင်သလို ရှေးနှစ်က မေးခွန်းပုံစံတွေကိုလည်း လေ့လာသုံးသပ်နိုင်ပါတယ်။
(ဒါကတော့ စာမေးပွဲမှာ အမှတ်ကောင်းစေဖို့ အကြံပြုခြင်း ဖြစ်ပါတယ်)

- သင့်တော်သော Plan ချခြင်း
Plan(အစီအစဉ်) ရေးဆွဲရပါမယ်။ စာမေးပွဲ နီးလာပြီဆိုရင်တော့ မိမိအတွက် ကောင်းမွန်တဲ့ အစီအစဉ် တစ်ခုချသင့်ပါတယ်။ ဥပမာအားဖြင့် စာမေးပွဲ ၂၀ရက်နေ့ ဖြေရမယ်ဆိုပါစို့် ၊ ၁၅ ရက် မှာတော့ ဟိုဘာသာ၊ ၁၆ ရက်မှာတော့ ဒီဘာသာ စတဲ့ အစီအစဉ် ရေးဆွဲချမှတ်ခြင်းမျိူး ဖြစ်ပါတယ်။

နောက်ဆုံး အချက်ကတော့ ကျန်းမာရေး ဂရုစိုက်ပါ။ မကျန်းမာရင်တော့ ကိုယ် ဘယ်လောက်ပဲ စာရပါစေ၊ သဲထဲရေသွန်ပါပဲ။ ကံကြမ္မာ ဆိုတာ ပြောင်းလဲ နိုင်တာမို့ ဘာသာရေးလည်း ကိုင်းရှိူင်းကြပါ။

စာကျက်နည်းတွေရော ၊ စာမေးပွဲမှာ အမှတ်များစေမယ့် နည်းလမ်းတွေပါ ၊ ဖော်ပြ အကြံပြုပေးပြီးပါပြီ။ ဒီနည်းလမ်းလေးတွေ အသုံးပြုပြီး စာမေးပွဲမှာ ရလဒ်ကောင်းမျယး ဆွတ်ခူးနိုင်ကြပါစေ။

ကံသာ (သွား/ဆေး)
source - internet 

January 7, 2019 at 10:21 am