contact@pandaingmap.com

(+95) 9 764-231-193

ပိုမိုထိရောက်သော သင်ကြားရေးနှင့် အားလုံးအတွက် သင်ကြားလေ့လာရေးဆိုင်ရာပိရမစ်

ပိုမိုထိရောက်သော သင်ကြားရေးနှင့် အားလုံးအတွက် သင်ကြားလေ့လာရေးဆိုင်ရာပိရမစ် 
    ကျွန်မတို့လူသားများသည် နေ့စဉ်ပြုလုပ် လှုပ်ရှားနေသော အရာများအားလုံး ကိုသတိထားခြင်း၊ ပြန်လည်သုံးသပ်ခြင်းများလုပ်ဖို့ သေချာမလေ့ကျင့်ထားဘူးဆိုလျှင် ခဏတာလေးအတွင်းမှာ မေ့သွားမှာပါ။ ထိုနည်းတူစွာ သင်ကြားခြင်းပုံစံသုံးမျိုးဖြစ်သော အသံနှင့

ကျွန်မတို့လူသားများသည် နေ့စဉ်ပြုလုပ် လှုပ်ရှားနေသော အရာများအားလုံး ကိုသတိထားခြင်း၊ ပြန်လည်သုံးသပ်ခြင်းများလုပ်ဖို့ သေချာမလေ့ကျင့်ထားဘူးဆိုလျှင် ခဏတာလေးအတွင်းမှာ မေ့သွားမှာပါ။ ထိုနည်းတူစွာ သင်ကြားခြင်းပုံစံသုံးမျိုးဖြစ်သော အသံနှင့် သင်ယူသူ၊ အကြားဖြင့်သင်ယူလိုသူနှင့် လှုပ်ရှားမှုတို့ဖြင့်သင်ယူလိုသူများ ဆိုပြီးသုံးမျိုးရှိသော်လည်း ထိုသုံးမျိုးသော လေ့လာသူများသည် ပထမဦးစွာ မိမိသည် မည့်သို့သော သင်ယူသူအမျိုးအစားဖြစ်ကြောင်း ပထမဆုံးအနေဖြင့် သိရပါမည်။ 
ဒုတိယအဆင့်အနေနဲ့တော့ မိမိသည် မည်သို့သော သင်ယူသူအမျိုးအစားအပေါ်တွင် မူတည်ပြီး ထိရောက်သော သင်ကြားနည်းပုံစံအမျိုးမျိုးကို သိရန်အလွန်အရေးကြီးပါတယ်။
ပရောဖက်ဆာ Daniel Willinghamကတော့ကလေးများဘာကြောင့် ကျောင်းမသွားချင်သလဲ ဆိုတဲ့ အကြောင်းအရာများကိုပါဖော်ပြခဲ့ပါသေးတယ်။ ဒါကြောင့်ယခုတစ်ခါမှာတော့ University of Virginia ကစိတ်ပညာဘာသာရပ် ပရောဖက်ဆာ Daniel Willinghamရဲ့ ပိုမိုထိရောက်သော သင်ကြားရေးနှင့် အားလုံးအတွက်  သင်ကြားလေ့လာရေးဆိုင်ရာပိရမစ် ဖော်ပြလိုက်ပါတယ်။ 
ပုံမှာဖော်ပြထားသော အဆင့် ၇ဆင့်ရှိပါတယ်။ ထိုအဆင့်၇ဆင့်လုံးကတော့ ကျောင်းသူ၊ ကျောင်းသားများ သင်ယူရာမှာ မည်သည့် အတိုင်းအတာထိသင်ယူ နိုင်သလဲဆိုတာ ရာခိုင်နှုန်းနှင့် တကွ ထင်သာမြင်သာ ရှိအောင်ဖော်ပြထားပါတယ်။ နိုင်ငံကြီးတွေမှာတော့ လေ့လာရေးပိရမတ်ကို ငယ်စဉ်ကတည်းက ရှင်းပြပြီး သေချာကို မှတ်သားထားကြပါတယ်။ ဒါမှလဲ ကျောင်းသားဗဟိုပြုသင်ကြားရေးကို သွားနေမှာဖြစ်ပါတယ်။ ပုံမှာတော့ သင်ကြား သင်ယူနိုင်ပုံအဆင့်ဆင့်ကို ရာခိုင်နှုန်းနှင့်တကွ ရှင်းလင်းစွာဖော်ပြထားပါတယ်။ 
နံပါ ၁ သည် Lecturing လို့ခေါ်တဲ့ ဆရာ ဆရာမ များက ကျောင်း၊ စာသင်ခန်းထဲတွင် သင်ကြားပေးရုံတစ်ခုတည်းကိုသာပြောတာပါ။ ဥပမာ- ကျွန်မတို့ပညာရေးစနစ်က ငယ်စဉ်ကတည်းက အလွတ်ကျက်ပညာရေးစနစ်ကို သာအားပေးပြီး အစိုးရကျောင်းတွေမှာသင်ခဲ့ရတာများပါတယ်။ ဒါကြောင့် Lecturing လို့ခေါ်တဲ့ အတန်းထဲမှာသင်ကြားခြင်းက ကျောင်းသား ကျောင်းသူတွေကို ၁၀ ရာခိုင်နှုန်းအောက်သာ ပေးနိုင်ပါတယ်။
နံပါတ်၂ ကတော့ Reading လို့ခေါ်တဲ့စာဖတ်ခြင်းသာ ဖြစ်ပါတယ်။ ကျွန်မတို့ငယ်စဉ်တုန်းက လူကြီး မိဘတွေက စာများများဖတ်ဖို့အမြဲ ပြောပြလေ့ရှိပါတယ်။ စာဖတ်ခြင်းဟာ မဖတ်တာထက်စာရင်ကောင်းသော်လည်း မိမိဖတ်ထားသော စာကို မည်သို့မည်ပုံ အသုံးပြုသင့်သည် ဆိုတာကိုအမြဲသိထားရမှာပါ။ ဒါကြောင့်ကျွန်မတို့စာသင်ခန်းထဲမှာ သင်ယူပြီး ဆရာ ဆရာမတွေပေးတာကို ဖတ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၁၀ရာခိုင်နှုန်းသာ ရနိုင်မှာပါ။ 
နံပါတ်ပါတ် ၃ Audiovisual လို့ခေါ်တဲ့ အသံဖြင့် ကိုယ်တိုင်ပုံဖော်သင်ယူခြင်းဖြစ်ပါတယ်။ ထိုအဆင့်မှာတော့ စာသင်ခန်းထဲမှာရိုးရိုးသင်ယူခြင်း နှင့်စာဖတ်ခြင်းတို့ထက် သင်ယူရာတွင် ပိုမိုထိရောက်စေပြီး သင်ခန်းစာ၏ ၂၀ရာခိုင်နှုန်းအထိ ကျောင်းသား၊ ကျောင်းသူများကို ထိရောက်မှုပေးနိုင်ပါတယ်။ ဥပမာ-စာသင်ခန်းထဲမှာ ဆရာ ဆရာမ ညွန်ကြားမှုသက်သက်ကို လက်ခံခြင်းထက် ကိုယ်တိုင် အသံထွက်ကာ ကိုယ်တိုင် ပုံဖော်ကြည့်သည့်နည်းပဲဖြစ်ပါတယ်။ 
နံပါတ် ၄ကတော့ သင်ခန်းစာတစ်ခုရဲ့၃၀ရာခိုင်နှုန်းကို ရယူနိုင်တဲ့ သင်ခန်းစာများကို ကိုယ်တိုင်ပုံဖော်သော နည်းလမ်းဖြစ်ပါတယ်။ ဥပမာ- ကျွန်မတို့ဟာ အတန်းထဲမှာ ကျောင်းသူ ကျောင်းသားတွေကို သင်ကြားရုံသက်သက် ကျောင်းသူ ကျောင်းသားများကို ပြန်လည်ပြောပြ အလွတ်ကျက်ခိုင်းရုံ သက်သက်မဟုတ်ပဲ သူတို့ကိုယ်ပိုင်စကားလုံး အသုံးအနှုန်းများဖြင့် သရုပ်ဖော်ခိုင်းခြင်းဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်ခန်းစာမှ ၃၀ရာခိုင်နှုန်းအထိ ရယူနိုင်မှာဖြစ်ပါတယ်။ 
နံပါတ်၅ ကတော့ ကျောင်းသားဗဟိုပြုစနစ်တစ်ခုလုံးအတွက် အဓိကအချက်ဖြစ်တဲ့ ဆွေးနွေးခြင်းဖြစ်ပါတယ်။ ဆွေးနွေးခြင်းဖြင့် မသိသေးသောအရာများ သင်ခန်းစာမှနားမလည်သော အရာများကိုပါ မေးခွင့်ရနိုင်သည့်အတွက် ကြောင့်စာသင်ချိန် ၄၅မိနစ်တစ်ချိန်မှာ အနည်းဆုံး ၁၅မိနစ်ခန့်သင်ခန်းစာနှင့် ပတ်သတ်သည့် အကြောင်းအရာများကို ဆွေးနွေးခွင့်ပေးရမှာပါ။ 
နံပါတ်၆အချက်ကတော့ ရာခိုင်နှုန်းထဲမှာ အများဆုံးထဲကတစ်ခုဖြစ်တဲ့ ပြန်လည်လေ့ကျင့်ခြင်းဖြစ်ပါတယ်။ ကျွန်မတို့လူသားများဟာ ပညာရပ်တစ်ခုခုကို သင်ယူရာမှာ မည်သို့ပင် စာကြေပြီး အမှတ်များခဲ့သည် ဖြစ်ပါစေ။ ပြန်လည်ကျင့်မှုမရှိလျှင် အထက်ပါအဆင့်၅ဆင့်စလုံး ပျောက်ကွယ်သွားပါလိမ့်မည်။ ထို့ကြောင့် သင်ယူရာတွင် လေ့ကျင့်ခြင်းဟာ မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်ပါတယ်။ 
နောက်ဆုံးအချက်ဖြစ်တဲ့ နံပါတ်၇ အချက်ကတော့ သူတစ်ပါးအားပြန်လည် သင်ကြားခြင်း သို့မဟုတ် မျှဝေခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မိမိသိထား တတ်ထားသမျှကို သူတစ်ပါးအား စေတနာအပြည့်ဖြင့် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ ထိုသို့မျှဝေလိုက်ခြင်းသည် ကုသိုလ်ရရုံသာမက မိမိသိပြီးသောပညာရပ် ဗဟုသုတကိုပါ သုံးသပ်ရာရောက်စေပါတယ်။ ပြန်လည်သင်ကြားပေးခြင်း၊ မျှဝေခြင်းတွင် ကိုယ်တိုင်က ဘာသာရပ်တစ်ခုကို မကျွမ်းကျင်ပါက သူတစ်ပါးထံမျှဝေနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်သူတစ်ပါးအားပြန်လည် သင်ကြားမျှဝေခြင်း ၊ ရှင်းပြပေးခြင်းနှင့် မိမိသိထား နားလည်ထားသော သင်ခန်းစားများကို အလွတ်ကျက်မှတ်ခြင်း မဟုတ်ပဲ ဆရာ ဆရာမများနှင့်ပါ ပြန်လည်ဆွေးနွေးခြင်းဖြင့် ပညာရပ်တစ်ခုခုကို သင်ယူရာတွင် ၉၀ရာခိုင်နှုန်းအထိသင်ယူနိုင်မည်သာဖြစ်ပါတယ်။ 
အထက်ဖော်ပြခဲ့သလို လူတိုင်းသည် နေ့စဉ်နှင့်အမျှ သင်ယူနေရသူများဖြစ်သောကြောင့် သင်ကြား သင်ယူခြင်းပိရမစ်၏ အဆင့်၇ဆင့်ကို လေ့လာရင်း ပိုမိုထိရောက်သော စာသင်ခန်း နှင့်သင်ယူသူများဖြစ်ကြပါစေဟု ဆုတောင်းပေးလိုက်ပါတယ်။

December 26, 2018 at 11:04 am