contact@pandaingmap.com

(+95) 9 764-231-193

လူငယ်များအတွက် ထိုင်းနိုင်ငံသို့လေ့လာရေးအစီအစဉ်

ဒီအစီအစဉ်ကတော့ Initiative for peace conference IFP လို့ခေါ်ပြီး ထိုင်းနိုင်ငံမဲဆောင်မြို့တွင်နှစ်စဉ်ကျင်းပ ပါ  တယ်။ ကျောင်းသားအများစုက

ဒီအစီအစဉ်ကတော့ Initiative for peace conference IFP လို့ခေါ်ပြီး ထိုင်းနိုင်ငံမဲဆောင်မြို့တွင်နှစ်စဉ်ကျင်းပ ပါ  တယ်။ ကျောင်းသားအများစုက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ မှကျောင်းသူ ကျောင်းသားများ စုစုပေါင်း သုံးဆယ်ကျော်ခန့်ပါဝင်ကာ နယ်စပ်မှဖြစ်ပြီး   21 မှ 25 ရက်နေ့2017 December လတွင်ငါးရက်ခန့်အကြာ ကျင်းပကာ ကျွန်မအနေဖြင့် မြန်မာနိုင်ငံမှ ကျောင်းသူအဖြစ် တက်ရောက်လေ့လာခဲ့ပါတယ်။ ထိုသို့တက်ရောက်ခြင်းဖြင့် သင်ယူလေ့လာစရာအများအပြား ရရှိခဲ့တာမို့ ဗဟုသုတအလို့ငှာ ဝေငှသွားချင်ပါတယ်။ ပထမအဆင့်အနေနဲ့ လျှောက်လွှာပါ မေးခွန်းတွေကို ဖြေဆိုရပြီး အက်ဆေးရေးရပါတယ်။ ထောက်ခံသူမှ ထောက်ခံစာ တစ်စောင်ကိုလည်း ထည့်ပေးရပါတယ်။ ဒုတိယအဆင့် အနေနဲ့ရွေးချယ်ကြောင်းကို Facebook page နှင့် email တို့မှတစ်ဆင့်ကြော်ငြာပေးပါတယ်။ 
ရွေးချယ်ခံရသူတွေဟာ တည်းခိုနေထိုင်၊ စားသောက်မှုတွေအတွက်လဲ မပူရပါဘူး။ တတ်ရောက်နေစဉ် ငါးရက်လုံးကို နေစရိတ် စားစရိတ်အကုန်ထောက်ပံ့သည့်အပြင် ထိုင်းနိုင်ငံမဲဆောက်မြို့ဝင်ရာတွင် နယ်စပ်ဖြတ်သန်းကြေးကိုပါ ပေးပါတယ်။ မဲဆောက်မြို့သို့ရောက်သောအခါ သင်းတန်းတတ်ရမည့် နေရာသို့သွားရန် ကားဖြင့်လာရောက်ကြိုပေးတာကြောင့် အလွန်အဆင်ပြေခဲ့ပါတယ်။ ကုန်ကျ စရိတ်မှာ မိမိနေသော နေရာမှ မြဝတီမြို့သို့သွားရောက်သော ကုန်ကျစရိတ်သာဖြစ်ပါသည်။ ကျွန်မသည် ရန်ကုန်မှ မြဝတီသို့ကားခအနည်းငယ်မျှသာ ကုန်ကျပြီး ဘဝတွင် အတွေ့အကြုံများစွာရရှိခဲ့ပါတယ်။ငါးရက်အတွင်းသင်ခန်းစာများသာမက ဘဲစေတနာ့ဝန်ထမ်းအဖြစ် မူလတန်းကျောင်းတစ်ကျောင်းသို့သွားက ကလေးများနှင့် အတူကစားခြင်းး စာသင်ပေးခြင်း ပန်းချီဆွဲခြင်း မုန့်များအတူတကွစားသောက် ခြင်းများကို ပြုလုပ်ခဲ့ပါတယ်။ 
  Facilitator ခေါ်သင်တန်းကို ထိန်းကျောင်းကူညီသူများမှာ အသက်အားဖြင့် ဆယ့်ခြောက်နှစ်လောက်သာများပြီး စင်ကာပူနိုင်ငံတွင် အထက်တန်းတက်ရောက် နေကြသော အနောက်နိုင်ငံသားများ တရုတ်နိုင်ငံသားများနှင့် အရှေ့ တောင်အာရှ နိုင်ငံမှ လူငယ်များစွာပါဝင် တာကြောင့် လူငယ်များတစ်ဦးနှင့် တစ်ဦး မတူကွဲပြားမှုကို လက်ခံကာ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို ရည်ရွယ်သော သင်တန်းတစ်ခု ဖြစ်သောကြောင့် လျှောက်ထားကြရန် တိုက်တွန်းလိုက်ရပါတယ်။
နန်းမေ 
10.3.201 8

October 4, 2018 at 08:57 am