contact@pandaingmap.com

(+95) 9 764-231-193

မြန်မာနိုင်ငံရဲ့ကျောင်းတွေမှာစာကြည့်တိုက်တွေရှိရဲ့လား (သို့မဟုတ်) စာကြည့်တိုက်အဂါၤရပ်တွေနဲ့ပြည့်စုံရဲ့လား

မြန်မာနိုင်ငံရဲ့ကျောင်းတွေမှာစာကြည့်တိုက်တွေရှိရဲ့လား (သို့မဟုတ်) စာကြည့်တိုက်အဂါၤရပ်တွေနဲ့ပြည့်စုံရဲ့လား။ များသောအားဖြင့် မြန်မာနိုင်ငံရဲ့ကျောင်းတွေမှာစာကြည့်တိုက်မရှိကြပါဘူး။

မြန်မာနိုင်ငံရဲ့ကျောင်းတွေမှာစာကြည့်တိုက်တွေရှိရဲ့လား (သို့မဟုတ်) စာကြည့်တိုက်အဂါၤရပ်တွေနဲ့ပြည့်စုံရဲ့လား


များသောအားဖြင့် မြန်မာနိုင်ငံရဲ့ကျောင်းတွေမှာစာကြည့်တိုက်မရှိကြပါဘူး။ ရှိရင်တောင်များသောအားဖြင့် ကျောင်းသားတွေဖတ်လို့မရအောင်သိမ်းထားတဲ့ စာအုပ်ဗီရိုတွေကပိုများပါတယ်။ ရှိတဲ့စာအုပ်တွေမှာလည်းများသောအားဖြင့် ဟာသစာအုပ်တွေသာများပြီး တော်ရုံဗဟုသုတကြွယ်ဝစေတဲ့စာပေတွေနဲ့ ရသစာပေတွေရှားပါတယ်။ ဒီလိုပြသနာတွေဖြစ်ရတဲ့ အကြောင်းရင်းအများကြီးထဲမှာမှကျွန်မမြင်မိတဲ့ အကြောင်းရင်းတွေကတော့
(၁) တွန်းတိုက်ပေးနိုင်စွမ်း
    ပထမဆုံးပြသနာကတော့ ကျောင်းသားကျောင်းသူတွေကိုကောဆရာဆရာမတွေကိုပါစာဖတ်ခြင်းရဲ့အကျိုးကျေးဇူးကိုနားလည်အောင်၊ သိရင်တောင်မှ ပြန်ပြီးဖြန့်ဝေပေးနိုင်အောင်တွန်းအားပေးတဲ့အရာမရှိတာပါ။ self-learningလို့ခေါ်တဲ့ ကိုယ်တိုင်သင်ယူမှုကိုအခြေခံထားတာမဟုတ်တဲ့ပညာရေးစနစ်ရယ်၊စာဖတ်ခြင်းကရနိုင်တဲ့ဗဟုသုတတွေကိုဘယ်နေရာမှာအသုံးချလို့ရနိုင်မလဲဆိုတာသိအောင်မလုပ်ပေးနိုင်တဲ့ အသိပညာဖြန့်ဝေမှုနည်းပါတာတွေက အဓိကပြသနာထဲမှာပါဝင်ပါတယ်။
(၂) ရွေးချယ်နိုင်စွမ်း
    ဒုတိယပြသနာကတော့ စာအုပ်တွေကိုရွေးချယ်မတတ်တာပါ။ စာဖတ်တိုင်းလည်းမကောင်းပါဘူး။ ဒီနေရာမှာစာဖတ်တိုင်းမကောင်းဘူးလို့ ကျွန်မပြောတာကိုနားထဲကန့်လန့်ဖြစ်မယ့်သူတွေရှိကောင်းရှိနိုင်ပါတယ်။ ကျွန်မဆိုလိုချင်တာကစာပေတွေထဲမှာကိုယ့်ကိုအကျိုးပြုနိုင်တဲ့စာပေရှိနိုင်သလိုကိုယ့်ကိုအဆိပ်အတောက်ဖြစ်စေတဲ့စာပေတွေလည်းအများကြီးပါ။  ဒီလိုမျိုးအဆိပ်အတောက်နဲ့ အကျိုးပြုစာပေတွေရောနေတဲ့ စာပေတွေအများကြီးထဲကဘယ်စာပေကကိုယ့်အတွက်တကယ်အကျိုးပြုနိုင်လည်းဆိုတာကိုရွေးချယ်ရမှာ စာဖတ်သူကိုယ်တိုင်ရဲ့တာဝန်ပါ။ ဒါပေမယ့် မြန်မာနိုင်ငံကကျောင်းအများစုမှာတကယ်စာဖတ်ချင်တဲ့ကျောင်းသားတွေ၊ စာအုပ်တွေကိုအခုမှစတင်ထိတွေဖတ်ရှုမယ့် ကျောင်းသားတွေကိုဒီစာအုပ်တွေကတော့ဖြင့် ဗဟုသုတတိုးစေနိုင်တယ်၊ ဒီစာအုပ်တွေကတော့ဖြင့် ကျောင်းသားတယောက်အနေနဲ့ဖတ်လို့မသင့်တော်သေးဘူးစသည်ဖြင့် အကြံဉာဏ်ပေးနိုင်တဲ့ စာကြည့်တိုက်မှူးတွေမရှိပါဘူး။ ပြီးတော့ ကျောင်းစာကြည့်တိုက်မှာထားရှိတဲ့စာအုပ်တွေကိုစိစစ်နိုင်စွမ်းကလည်းအားနည်းနေပါသေးတယ်။
(၃) အချိန်ပေးမှု
    စာဖတ်ရတာထက် အခြားအရာတွေကိုဦးစားပေးရတာကပိုပြီးတန်တယ်လိုခံစားရတဲ့ ကျောင်းသူကျောင်းသားတွေအများကြီးပါ။ ကျွန်မပွင့်ပွင့်လင်းလင်းပြောရရင် တိုးတက်လာတဲ့နည်းပညာပိုင်းကို ကျွန်မအပြစ်မတင်ပါဘူး။ စာဖတ်ရတဲ့အရသာကိုသိအောင်မလုပ်ပေးနိုင်တဲ့ ညံ့ဖျင်းမှုတစ်ခုအပေါ်မှာပဲအပြစ်တင်ပါတယ်။ စာကြည့်တိုက်သွားပြီးဖတ်မှ စာဖတ်တာမဟုတ်ပါဘူး။ လူမှုကွန်ယက်တွေ၊ အင်တာနက်ပေါ်တွေမှာဗဟုသုတရစေတဲ့ စာအုပ်တွေဖတ်နိုင်တာမှ အများကြီးပါ။ တခါတလေကျောင်းစာကြည့်တိုက်တွေထက်တောင် စာအုပ်တွေစုံလင်နေပါသေးတယ်။ ဒါပေမယ့် ကျောင်းသားဘဝကနေ လူရွယ်၊လူကြီးဖြစ်လာတဲ့အခါ လူတိုင်းကိုစာဖတ်ချင်စိတ်ဖြစ်လာအောင်နဲ့ စာအုပ်တွေကိုချစ်တတ်လာအောင် ဆွဲခေါ်ပေးနိုင်တဲ့အင်အားကကျောင်းစာကြည့်တိုက်ပေါ်မှာအများကြီးရှိတယ်လို့ယူဆမိပါတယ်။
    ကျွန်မတို့နိုင်ငံကကျောင်းစာကြည့်တိုက်တွေမှာစာကြည့်တိုက်အဂါၤရပ်တွေအခုထိမပြည့်စုံသေးပါဘူး။ အဆိုးဆုံးအနေနဲ့ ကျောင်းစာကြည့်တိုက်တွေတောင်မရှိသေးတဲ့ကျောင်းတွေအများကြီးပါ။ ကျွန်မတို့တယောက်ချင်းဆီမှာ အဲ့ဒီပြသနာကိုဖြေရှင်းနိုင်စွမ်းရှိမယ်လို့စာဖတ်သူကကောထင်မြင်ပါသလား?
YeninPhawah
ယခု content သည့် မည်သည့်ဆောင်းပါးကိုမှ မှီငြမ်းထားခြင်းမရှိပါ။
Image 1 link: https://www.google.com.mm/url?sa=i&rct=j&q=&esrc=s&source=images&cd=&ved=2ahUKEwj8s7bxjuXdAhUkS48KHS3zD3MQjRx6BAgBEAU&url=https%3A%2F%2Fwww.infoworld.com%2Farticle%2F3268667%2Fjavascript%2Fstdllb-roadmap-javascript-will-finally-get-a-standard-library.html&psig=AOvVaw0GgdVRoKIiduGIbpUddcIc&ust=1538478938607412
Image 2 link: 
https://www.google.com.mm/url?sa=i&rct=j&q=&esrc=s&source=images&cd=&cad=rja&uact=8&ved=2ahUKEwiWnLbPj-XdAhVBgI8KHbWBCUMQjRx6BAgBEAU&url=https%3A%2F%2Faaa.org.hk%2Ftc%2Fprogrammes%2Fprogrammes%2Fmobile-library-myanmar%2Fperiod%2Fpast&psig=AOvVaw0ep00O5PcdvwlrWFAnwdRr&ust=1538479147270812

 

October 2, 2018 at 04:31 pm